အင္းေလးေဒသတြင္ ရာေက်ာ္ဆြဲေလွတစ္စီး နစ္ျမဳပ္၍ တစ္ဦးေသဆုံး၊ ႏွစ္ဦးေပ်ာက္ဆုံးေန


ေညာင္ေ႐ႊ ၁၂ ေအာက္တိုဘာ

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေညာင္ေ႐ႊၿမိဳ႕နယ္ မိုင္းပ်ိဳးေက်း႐ြာအုပ္စု မန္က်ီးဆိပ္ေက်း႐ြာအထြက္ ေရလမ္းေၾကာင္းတြင္ ယေန႔နံနက္ ၁၀ နာရီခြဲခန္႔က မိုင္းပ်ိဳး ႐ြာသစ္႐ြာ ေဖာင္ေတာ္ဦးဘုရားဆြဲေလွတစ္စီး ေလွအတြင္းေရဝင္၍ နစ္ျမဳပ္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အဆိုပါဆြဲေလွသည္ ေဖာင္ေတာ္ဦး႐ုပ္ပြားေတာ္ျမတ္မ်ား နန္းပန္ေက်း႐ြာစံေက်ာင္းမွ မန္က်ီးဆိပ္ေက်း႐ြာစံေက်ာင္းသို႔ ေလွာ္ခတ္ပင့္ေဆာင္ႂကြခ်ီခဲ့ၿပီးေနာက္ ၎တို႔ မိုင္းပ်ိဳး႐ြာသစ္ေက်း႐ြာသို႔ ျပန္လာစဥ္ နစ္ျမဳပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

နစ္ျမဳပ္မႈေၾကာင့္ ဆြဲေလွေပၚ၌ လိုက္ပါလာသူ ဦးလွေက်ာ္သည္ ေရနစ္မြန္း၍ ေသဆုံးခဲ့ၿပီး ေမာင္ေအာင္ေက်ာ္ေဇာႏွင့္ ေမာင္စိုးျမတ္မင္း ႏွစ္ဦးမွာ ေပ်ာက္ဆုံးလ်က္ရွိကာ ေပ်ာက္ဆုံးေနသူႏွစ္ဦးကို ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

ၿမိဳ႕နယ္ (ျပန္/ဆက္)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
Unicode
ညောင်ရွှေ ၁၂ အောက်တိုဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာအုပ်စု မန်ကျီးဆိပ်ကျေးရွာအထွက် ရေလမ်းကြောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က မိုင်းပျိုး ရွာသစ်ရွာ ဖောင်တော်ဦးဘုရားဆွဲလှေတစ်စီး လှေအတွင်းရေဝင်၍ နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါဆွဲလှေသည် ဖောင်တော်ဦးရုပ်ပွားတော်မြတ်များ နန်းပန်ကျေးရွာစံကျောင်းမှ မန်ကျီးဆိပ်ကျေးရွာစံကျောင်းသို့ လှော်ခတ်ပင့်ဆောင်ကြွချီခဲ့ပြီးနောက် ၎င်းတို့ မိုင်းပျိုးရွာသစ်ကျေးရွာသို့ ပြန်လာစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နစ်မြုပ်မှုကြောင့် ဆွဲလှေပေါ်၌ လိုက်ပါလာသူ ဦးလှကျော်သည် ရေနစ်မွန်း၍ သေဆုံးခဲ့ပြီး မောင်အောင်ကျော်ဇောနှင့် မောင်စိုးမြတ်မင်း နှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကာ ပျောက်ဆုံးနေသူနှစ်ဦးကို ရှာဖွေလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
အင္းေလးေဒသတြင္ ရာေက်ာ္ဆြဲေလွတစ္စီး နစ္ျမဳပ္၍ တစ္ဦးေသဆုံး၊ ႏွစ္ဦးေပ်ာက္ဆုံးေန အင္းေလးေဒသတြင္ ရာေက်ာ္ဆြဲေလွတစ္စီး နစ္ျမဳပ္၍ တစ္ဦးေသဆုံး၊ ႏွစ္ဦးေပ်ာက္ဆုံးေန Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.