ျမန္မာ့လူ႔အခြင့္ေရး တပ္မေတာ္က ထိေရာက္စြာေျဖရွင္းဖို႔ ဂ်ပန္လိုလား

တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe ( ဓါတ္ပံု-www.seniorgeneralminaunghlaing.com.mm)
ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ဳိးေဖါက္မႈေတြမွာ ျမန္မာ့တပ္မေတာ္က တာဝန္ရွိတယ္ဆိုတဲ့ ႏိုင္ငံတကာရဲ႕ စြပ္စြဲခ်က္ကို ထိေရာက္စြာ ကိုင္တြယ္ေျဖရွင္းဖို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe က တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႔ဆုံခ်ိန္မွာ တိုက္တြန္းေျပာဆို လိုက္ပါတယ္။

ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ဖိတ္ၾကားခ်က္အရ ခ်စ္ၾကည္ေရးအျဖစ္ သြားေရာက္လည္ပတ္တဲ့ တပ္ခ်ဳပ္ရဲ႕ခရီးစဥ္ကို ၾကည့္ရင္ ေဒသတြင္း တ႐ုတ္ရဲ႕ စစ္ေရးႏိုင္ငံေရး ၾသဇာႀကီးမားလာမႈကို ဂ်ပန္ဘက္က ခ်ိန္ခြင္႐ွာညႇိလိုတဲ့ သေဘာျဖစ္တယ္လို႔ သုံးသပ္သူ ေတြလည္း ရွိပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ဂ်ပန္ကိုင္ပုိင္ ကာကြယ္ေရးတပ္ဖြဲ႔မ်ားရဲ႕ ပူးတြဲစစ္ဦးစီခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Koji Yamasaki ရဲ႕ဖိတ္ၾကားခ်က္အရ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဟာ ခ်စ္ၾကည္ေရးခရီးအျဖစ္ တုိက်ဳိၿမဳိ့ကို ေအာက္တိုဘာ ၈ ရက္ေန႔က ေရာက္ရွိသြားၿပီး ေအာက္တိုဘာ ၉ ရက္ေန႔မွာေတာ့ ဗိုလ္ခ်ဳပ္ႀကီး Yamasaki ၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe နဲ႔ ညေနပိုင္းမွာ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Motegi Tohimitsu တို႔ကို သြားေရာက္ေတြ႔ဆုံေဆြးေႏြး ခဲ့တာ ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Shinzo Abe နဲ႔ေတြ႔ဆုံခ်ိန္အတြင္း မစၥတာ Abe က ျမန္မာႏိုင္ငံက ႐ုိဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈအပါအဝင္ လူ႔အခြင့္အေရး ခ်ဳိးေဖါက္မႈေတြအတြက္ ျမန္္မာအစိုးရကေရာ၊ စစ္တပ္ကပါ ဒီကိစၥေတြကို အျမန္ကိုင္တြယ္ေဆာင္ရြက္သင့္ေၾကာင္း တပ္ခ်ဳပ္ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို တိုက္တြန္းခဲ့တယ္လို႔ ဂ်ပန္အစိုးရပိုင္ NHK သတင္းဌာနမွာ ေဖၚျပပါတယ္။ ျမန္မာအစိုးရကေရာ စစ္တပ္ကပါ ႐ုိဟင္ဂ်ာ ဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ဂ်ပန္ခရီးစဥ္ဟာ ဒီလကုန္ပိုင္း က်င္းပဖုိ႔ရွိတဲ့ ဂ်ပန္ဘုရင္သစ္ နန္းတက္ပြဲကို တက္ေရာက္မယ့္ ေဒၚ ေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္ မတိုင္ခင္ေလးမွာျဖစ္ပါတယ္။ ျမန္မာစစ္တပ္ ထိပ္တန္းေခါင္းေဆာင္တဦးကို ႏိုင္ငံတကာက ပိတ္ဆို႔ဒဏ္ခတ္ ထားခ်ိန္မွာ ဂ်ပန္စစ္ဘက္ ေခါင္းေဆာင္ေတြရဲ႕ အခုလိုဖိတ္ၾကားမႈက ဘယ္လိုေၾကာင့္ပါလဲ။ ဒါဟာ တ႐ုတ္ရဲ႕ စစ္ေရးႏိုင္ငံေရး ၾသဇာႀကီးမား လာတာကို ဂ်ပန္က ခ်ိန္ခြင္႐ွာညႇိလိုတဲ့ သေဘာလို႔ သုံးသပ္သူက CNF ခ်င္းအမ်ဳိးသားတပ္ဦး ဒုဥကၠဌ(၁) ဦးထန္နန္လ်န္းထန္ ျဖစ္ပါတယ္။

“ဂ်ပန္အစိုးရက သူ႔ေပၚလစီအရ အာရွမွာ တရုတ္ရဲ႕ စီးပြားေရးလႊမ္းမိုးမႈ ႏိုင္ငံေရးလႊမ္းမိုးမႈနဲ႔ စစ္ေရးနယ္ခ်ဲ႕လႊမ္းမိုးမႈေတြကို ေစာင့္ၾကည့္ၿပီးေတာ့ အျမဲတမ္းထိန္းခ်င္တဲ့ သေဘာရွိပါတယ္။ တရုတ္က တခ်ိန္တုန္းက စစ္တပ္ကိုပဲ ဆက္ဆံေပမယ့္ NLD အစိုးရ တက္လာတဲ့အခါက်ေတာ့ တရုတ္က NLD အစိုးရကိုလည္း ဆက္ဆံသလို၊ တပ္မေတာ္ကိုလည္း ပစ္ပယ္ျခင္းမရွိပဲနဲ႔ ၂ ဖက္လံုးကို ေပါင္းၿပီးဆက္ဆံတဲ့ မူနည္း ပရိယာယ္ ကို က်င့္သံုးပါတယ္။ ဒါေၾကာင့္လည္း ဂ်ပန္ကလည္း ေဒၚေအာင္ဆန္းစုၾကည္ကို ႏိုင္ငံေရးအရ အစိုးရအေနနဲ႔ ဖိတ္ၾကားစည္းရံုးၿပီးေတာ့ ဆက္သြယ္မႈျပဳသလို ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ တပ္မေတာ္ကိုလည္း ဆက္ဆံေရးအျမဲတမ္း ေခ်ာေမြ႔ဖို႔ဆိုတဲ့ ၂ ဖက္နည္းစနစ္ကို က်င့္သံုးတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

ျပည္တြင္းမွာ စီးပြားေရး ေႏွးေကြးေနတဲ့ ဂ်ပန္ႏိုင္ငံအေနနဲ႔ အာရွမွာ စီးပြားေရးကြန္ယက္ကို ျဖန္႔ခ်ထားႏိုင္ဖို႔ ျမန္မာႏို္င္ငံနဲ႔ ဆက္ဆံေရး ေကာင္းဖို႔ဟာ ဂ်ပန္အတြက္ အေရးႀကီးတယ္လို႔ တုိက်ဳိၿမဳိ႕က ျမန္မာ့အေရးသုံးသပ္သူ ဦးေက်ာ္ေက်ာ္စိုးက ျမင္ပါတယ္။

“အဓိကေတာ့ ဂ်ပန္အစိုးရကေတာ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ရင္ ဆက္ဆံေရးကို အျမဲေကာင္းေအာင္ထိန္းထားတဲ့ မူ၀ါဒကို က်င့္သံုးတာေပါ့ေနာ္ ။ အဲဒါေၾကာင့္မို႔လို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ အရပ္ဘက္ေရာ စစ္ဘက္ေရာ အားလံုးနဲ႔ ဆက္ဆံေရးအဆင္ေျပေအာင္ သူတို႔လုပ္ပါတယ္။ ေနာက္တခ်က္ကေတာ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ရင္ အကူညီေပးလိုတဲ့ဆႏၵ ေနာက္ ျမန္မာႏိုင္ငံစီးပြားေရး နဲ႔ ပက္သက္ၿပီး ဆက္ဆံခ်င္တဲ့ ဆႏၵေတြက ဂ်ပန္မွာ အခုအထိ ရွိတုန္းေလ။ ေနာက္တခ်က္က ျမန္မာနဲ႔ ဆက္ဆံေရးဆက္ၿပီး ထိန္းထားရင္ တရုတ္ႏုိင္ငံနဲ႔ ျမန္မာအၾကားဆက္ဆံေရးကိုလည္း ျပန္ၿပီးေတာ့ ခ်ိန္ခြင္လ်ာထိန္းညွိႏိုင္မယ္လို႔ ယူဆတဲ့အတြက္ ျမန္မာနဲ႔ ဆက္ဆံေရးကို အျမဲတမ္းေကာင္းေအာင္ ထိန္းထားတာပါ။”

ဂ်ပန္ႏိုင္ငံဟာ Mr. Yohei Sasakawa ဦးေဆာင္တဲ့ နီပြန္းေဖါင္ေဒးရွင္းကတဆင့္ ျမန္မာႏိုင္ငံရဲ႕ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ထဲထဲဝင္ဝင္လုပ္ဖို႔ ႀကဳိးပမ္းခဲ့ေပမဲ့ ေနာက္ဆုံးမွာ တ႐ုတ္ႏိုင္ငံေၾကာင့္ ေနာက္ေရာက္ သြားခဲ့ရတယ္လို႔ CNF ဦးထန္နန္လ်န္းထန္က သုံးသပ္ပါတယ္။

“ဂ်ပန္ႏိုင္ငံက ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးမွာ သူထဲထဲ၀င္၀င္ပါ၀င္ခ်င္တဲ့ ဆႏၵ အစပိုင္းမွာ ရွိေပမယ့္ တရုတ္ကေနၿပီးေတာ့ သူ႔ရဲ႕ အိမ္နီးခ်င္း ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးမွာ ထဲထဲ၀င္၀င္ ၀င္ဖို႔အတြက္ ဂ်ပန္နဲ႔ အေနာက္အုပ္စုေတြကို မလိုလားတဲ့ ဆႏၵရွိတဲ့အတြက္ ဂ်ပန္ႏိုင္ငံက ထဲထဲ၀င္၀င္ မ၀င္ႏိုင္တာျဖစ္ပါတယ္။”

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Shinzo Abe ကေတာ့ လူ႔အခြင့္ေရးခ်ဳိးေဖါက္မႈ စြပ္စြဲခ်က္ကိုတုန္႔ျပန္ရာမွာ ျမန္မာစစ္တပ္က ႀကဳိးပမ္းေဆာင္ရြက္မယ္ဆိုရင္ အေျခအေနေတြ တုိးတက္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ တပ္ခ်ဳပ္ဘက္ကလည္း သင့္ေတာ္တဲ့ ေဆာင္ရြက္မႈလုပ္သြား မယ္လို႔ တုန္႔ျပန္ေၾကာင္း NHK မွာ ေဖၚျပပါတယ္။ ဒါ့အျပင္ ျမန္မာစစ္တပ္က တုိင္းရင္းသားတပ္ဖြဲ႔ေတြနဲ႔ တုိက္ပြဲျဖစ္ေနတာကို ရပ္ဆိုင္းထားၿပီး ေဆြးေႏြးပြဲေတြ လုပ္ေနေၾကာင္းေျပာဆိုခ်က္အေပၚ ဝန္ႀကီးခ်ဳပ္ Abe ကႀကဳိဆိုခဲ့ပါတယ္။ ျပည္တြင္းၿငိမ္ခ်မ္းေရး တည္ျငိမ္ေရးနဲ႔ ဒုကၡသည္ေတြ အျမန္ ျပန္လာႏိုင္ေရးမွာလည္း စစ္တပ္က ပူးေပါင္းေဆာင္ရြက္ေနေၾကာင္း ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာဆိုခဲ့ပါတယ္။

ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီး Motegi Tohimitsu နဲ႔ ေတြ႔ဆုံရာမွာေတာ့ ျမန္မာ့ဒီမုိကေရစီ အသြင္ကူးေျပာင္းေရး ေအာင္ျမင္သည္အထိ ဂ်ပန္က အျပည္အဝ ေထာက္ပံ့ကူညီသြားမယ့္အေၾကာင္း ၊ ျမန္မာစစ္တပ္နဲ႔ KIA ကခ်င္တပ္ၾကား ထာဝရ အပစ္အခတ္ရစ္စဲေရး သေဘာတူညီခ်က္ ရလာၿပီး စစ္ေဘးဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ေရး အေျခအေန ေပၚေပါက္လာမယ္လုိ႔ ဂ်ပန္ကေမွ်ာ္လင့္ေၾကာင္း ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေျပာၾကားခဲ့တာပါ။ ဂ်ပန္ဟာ နီပြန္းေဖါင္ေဒးရွင္းကတဆင့္ ျမန္မာ့ ျငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ဆက္လက္ အားေပးကူညီသြား မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေျမာက္ကိုရီးယားရဲ႕ ႏူကလီးယားလက္နက္ ဖ်က္သိမ္းေရးကိစၥမွာ ျမန္မာစစ္တပ္အေနနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ဂ်ပန္အစိုးရက ေမတၱာရပ္ခံလိုက္ပါတယ္။

ေအာက္တိုဘာ (၈)ရက္ေန႔မွာ စတင္ခဲ့တဲ့ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ဂ်ပန္ခရီးစဥ္ဟာ ေအာက္တိုဘာ (၁၃)ရက္ေန႔ အဆုံးသတ္မွာ ျဖစ္တယ္လို႔ ဂ်ပန္ႏို္င္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာေဖၚျပထားပါတယ္။

................

မြန်မာ့လူ့အခွင့်ရေး တပ်မတော်က ထိရောက်စွာဖြေရှင်းဖို့ ဂျပန်လိုလား

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်ကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးအဖြစ် သွားရောက်လည်ပတ်တဲ့ တပ်ချုပ်ရဲ့ခရီးစဉ်ကို ကြည့်ရင် ဒေသတွင်း တရုတ်ရဲ့ စစ်ရေးနိုင်ငံရေး သြဇာကြီးမားလာမှုကို ဂျပန်ဘက်က ချိန်ခွင်ရှာညှိလိုတဲ့ သဘောဖြစ်တယ်လို့ သုံးသပ်သူ တွေလည်း ရှိပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဂျပန်ကိုင်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များရဲ့ ပူးတွဲစစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး Koji Yamasaki ရဲ့ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ချစ်ကြည်ရေးခရီးအဖြစ် တိုကျိုမြို့ကို အောက်တိုဘာ ၈ ရက်နေ့က ရောက်ရှိသွားပြီး အောက်တိုဘာ ၉ ရက်နေ့မှာတော့ ဗိုလ်ချုပ်ကြီး Yamasaki ၊ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ ညနေပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Tohimitsu တို့ကို သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Shinzo Abe နဲ့တွေ့ဆုံချိန်အတွင်း မစ္စတာ Abe က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုအပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် မြန်မာအစိုးရကရော၊ စစ်တပ်ကပါ ဒီကိစ္စတွေကို အမြန်ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ ဂျပန်အစိုးရပိုင် NHK သတင်းဌာနမှာ ဖေါ်ပြပါတယ်။ မြန်မာအစိုးရကရော စစ်တပ်ကပါ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဒီလကုန်ပိုင်း ကျင်းပဖို့ရှိတဲ့ ဂျပန်ဘုရင်သစ် နန်းတက်ပွဲကို တက်ရောက်မယ့် ဒေါ် အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် မတိုင်ခင်လေးမှာဖြစ်ပါတယ်။ မြန်မာစစ်တပ် ထိပ်တန်းခေါင်းဆောင်တဦးကို နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် ထားချိန်မှာ ဂျပန်စစ်ဘက် ခေါင်းဆောင်တွေရဲ့ အခုလိုဖိတ်ကြားမှုက ဘယ်လိုကြောင့်ပါလဲ။ ဒါဟာ တရုတ်ရဲ့ စစ်ရေးနိုင်ငံရေး သြဇာကြီးမား လာတာကို ဂျပန်က ချိန်ခွင်ရှာညှိလိုတဲ့ သဘောလို့ သုံးသပ်သူက CNF ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဌ(၁) ဦးထန်နန်လျန်းထန် ဖြစ်ပါတယ်။

“ဂျပန်အစိုးရက သူ့ပေါ်လစီအရ အာရှမှာ တရုတ်ရဲ့ စီးပွားရေးလွှမ်းမိုးမှု နိုင်ငံရေးလွှမ်းမိုးမှုနဲ့ စစ်ရေးနယ်ချဲ့လွှမ်းမိုးမှုတွေကို စောင့်ကြည့်ပြီးတော့ အမြဲတမ်းထိန်းချင်တဲ့ သဘောရှိပါတယ်။ တရုတ်က တချိန်တုန်းက စစ်တပ်ကိုပဲ ဆက်ဆံပေမယ့် NLD အစိုးရ တက်လာတဲ့အခါကျတော့ တရုတ်က NLD အစိုးရကိုလည်း ဆက်ဆံသလို၊ တပ်မတော်ကိုလည်း ပစ်ပယ်ခြင်းမရှိပဲနဲ့ ၂ ဖက်လုံးကို ပေါင်းပြီးဆက်ဆံတဲ့ မူနည်း ပရိယာယ် ကို ကျင့်သုံးပါတယ်။ ဒါကြောင့်လည်း ဂျပန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အစိုးရအနေနဲ့ ဖိတ်ကြားစည်းရုံးပြီးတော့ ဆက်သွယ်မှုပြုသလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော်ကိုလည်း ဆက်ဆံရေးအမြဲတမ်း ချောမွေ့ဖို့ဆိုတဲ့ ၂ ဖက်နည်းစနစ်ကို ကျင့်သုံးတယ်လို့ ကျနော်မြင်ပါတယ်။”

ပြည်တွင်းမှာ စီးပွားရေး နှေးကွေးနေတဲ့ ဂျပန်နိုင်ငံအနေနဲ့ အာရှမှာ စီးပွားရေးကွန်ယက်ကို ဖြန့်ချထားနိုင်ဖို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းဖို့ဟာ ဂျပန်အတွက် အရေးကြီးတယ်လို့ တိုကျိုမြို့က မြန်မာ့အရေးသုံးသပ်သူ ဦးကျော်ကျော်စိုးက မြင်ပါတယ်။

“အဓိကတော့ ဂျပန်အစိုးရကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဆက်ဆံရေးကို အမြဲကောင်းအောင်ထိန်းထားတဲ့ မူဝါဒကို ကျင့်သုံးတာပေါ့နော် ။ အဲဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဘက်ရော စစ်ဘက်ရော အားလုံးနဲ့ ဆက်ဆံရေးအဆင်ပြေအောင် သူတို့လုပ်ပါတယ်။ နောက်တချက်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အကူညီပေးလိုတဲ့ဆန္ဒ နောက် မြန်မာနိုင်ငံစီးပွားရေး နဲ့ ပက်သက်ပြီး ဆက်ဆံချင်တဲ့ ဆန္ဒတွေက ဂျပန်မှာ အခုအထိ ရှိတုန်းလေ။ နောက်တချက်က မြန်မာနဲ့ ဆက်ဆံရေးဆက်ပြီး ထိန်းထားရင် တရုတ်နိုင်ငံနဲ့ မြန်မာအကြားဆက်ဆံရေးကိုလည်း ပြန်ပြီးတော့ ချိန်ခွင်လျာထိန်းညှိနိုင်မယ်လို့ ယူဆတဲ့အတွက် မြန်မာနဲ့ ဆက်ဆံရေးကို အမြဲတမ်းကောင်းအောင် ထိန်းထားတာပါ။”

ဂျပန်နိုင်ငံဟာ Mr. Yohei Sasakawa ဦးဆောင်တဲ့ နီပွန်းဖေါင်ဒေးရှင်းကတဆင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ထဲထဲဝင်ဝင်လုပ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ တရုတ်နိုင်ငံကြောင့် နောက်ရောက် သွားခဲ့ရတယ်လို့ CNF ဦးထန်နန်လျန်းထန်က သုံးသပ်ပါတယ်။

“ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ သူထဲထဲဝင်ဝင်ပါဝင်ချင်တဲ့ ဆန္ဒ အစပိုင်းမှာ ရှိပေမယ့် တရုတ်ကနေပြီးတော့ သူ့ရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာ ထဲထဲဝင်ဝင် ဝင်ဖို့အတွက် ဂျပန်နဲ့ အနောက်အုပ်စုတွေကို မလိုလားတဲ့ ဆန္ဒရှိတဲ့အတွက် ဂျပန်နိုင်ငံက ထဲထဲဝင်ဝင် မဝင်နိုင်တာဖြစ်ပါတယ်။”

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကတော့ လူ့အခွင့်ရေးချိုးဖေါက်မှု စွပ်စွဲချက်ကိုတုန့်ပြန်ရာမှာ မြန်မာစစ်တပ်က ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် အခြေအနေတွေ တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ တပ်ချုပ်ဘက်ကလည်း သင့်တော်တဲ့ ဆောင်ရွက်မှုလုပ်သွား မယ်လို့ တုန့်ပြန်ကြောင်း NHK မှာ ဖေါ်ပြပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်က တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာကို ရပ်ဆိုင်းထားပြီး ဆွေးနွေးပွဲတွေ လုပ်နေကြောင်းပြောဆိုချက်အပေါ် ဝန်ကြီးချုပ် Abe ကကြိုဆိုခဲ့ပါတယ်။ ပြည်တွင်းငြိမ်ချမ်းရေး တည်ငြိမ်ရေးနဲ့ ဒုက္ခသည်တွေ အမြန် ပြန်လာနိုင်ရေးမှာလည်း စစ်တပ်က ပူးပေါင်းဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Tohimitsu နဲ့ တွေ့ဆုံရာမှာတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အောင်မြင်သည်အထိ ဂျပန်က အပြည်အဝ ထောက်ပံ့ကူညီသွားမယ့်အကြောင်း ၊ မြန်မာစစ်တပ်နဲ့ KIA ကချင်တပ်ကြား ထာဝရ အပစ်အခတ်ရစ်စဲရေး သဘောတူညီချက် ရလာပြီး စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အခြေအနေ ပေါ်ပေါက်လာမယ်လို့ ဂျပန်ကမျှော်လင့်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောကြားခဲ့တာပါ။ ဂျပန်ဟာ နီပွန်းဖေါင်ဒေးရှင်းကတဆင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက် အားပေးကူညီသွား မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နူကလီးယားလက်နက် ဖျက်သိမ်းရေးကိစ္စမှာ မြန်မာစစ်တပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဂျပန်အစိုးရက မေတ္တာရပ်ခံလိုက်ပါတယ်။

အောက်တိုဘာ (၈)ရက်နေ့မှာ စတင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဂျပန်ခရီးစဉ်ဟာ အောက်တိုဘာ (၁၃)ရက်နေ့ အဆုံးသတ်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ့လူ႔အခြင့္ေရး တပ္မေတာ္က ထိေရာက္စြာေျဖရွင္းဖို႔ ဂ်ပန္လိုလား ျမန္မာ့လူ႔အခြင့္ေရး တပ္မေတာ္က ထိေရာက္စြာေျဖရွင္းဖို႔ ဂ်ပန္လိုလား Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.