ရဲလုပ္ငန္း ေႏွးေကြးမႈေၾကာင့္ သက္ငယ္မုဒီန္းမႈက်ဴးသူေတြကို အမႈမဖြင့္ႏိုင္ေသး

ပုံအၫႊန္း- အခင္းျဖစ္ပြားခဲ့သည္ဟု ယူဆရ‌ေသာေနရာတစ္ခု
(Zawgyi)

ေတာင္ႀကီး၊ ေအာက္တိုဘာ၁၁

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕၊ တိန္းေခ်ာင္းသဘာဝရိပ္သာက အသက္၁၅ႏွစ္အ႐ြယ္ မိန္းက ေလးကို စက္တင္ဘာလအတြင္းက ကာမအႀကိမ္ ႀကိမ္က်ဴးလြန္သူေတြနဲ႔ ဆက္စပ္သံသယရွိသူေတြကို အမႈဖြင့္ေပးဖို႔ ၾကန႔္ၾကာေနတယ္လို႔ နမ့္စန္ၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္ ၊ အုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

အဆိုပါအသက္ ၁၅ႏွစ္၃လအ႐ြယ္ရွိ မိန္းကေလးငယ္ကို အမွတ္(၉၃၁)ေထာက္ပံ့ပို႔ေဆာင္ေရးတပ္မွ ဒုတပ္ၾကပ္တစ္ဦးက ကာမက်ဴးလြန္ခဲ့တယ္လို႔ ယင္းမိ န္းကေလးငယ္မွ ထြက္ဆိုခဲ့ၿပီး တိန္းေခ်ာင္းသဘာဝရိပ္သာကအသက္ ၆၀အ႐ြယ္ရွိယာဥ္ေမာ င္း တစ္ဦး၊ သားသတ္အိမ္တစ္ခုမွ အလုပ္သမား ၁ဦးနဲ႔ အမွတ္(၄)ရပ္ကြက္မွလူငယ္တစ္ဦးတို႔က ကာ မက်ဴးလြန္ခဲ့ၾကတယ္လို႔ ယူဆရေၾကာင္း ယင္းအုပ္ ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

"ျဖစ္တာက ေရွ႕လ၇ရက္ေန႔ကျဖစ္တာ။ ၁၀ရက္ေန႔မွက်မွ သိရတာ။ ၁၃ရက္ေန႔မွာ အမႈဖြင့္သြားဖြင့္ထားတယ္။ ဒီေန႔အထိ မဖြင့္ေပးေသးဘူး။တစ္လျပည့္ေတာ့မယ္။ က်ဴးလြန္သူေတြကို အခ်ိန္ယူျပင္ဆင္ခြင့္ရေအာင္ လုပ္ေပးသလိုျဖစ္ေနတယ္။ စခန္းမႉးကိုေမးေတာ့လည္း ေဆးစာမရေသးလို႔ဆိုၿပီးေျပာတယ္"လို႔ အမႈဖြင့္တိုင္တန္းထားသူ နမ့္စန္ၿမိဳ႕နယ္၊ အမွ တ္(၁)ရပ္ကြက္ ၊ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္တင္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကိုေျပာပါတယ္။

အဆိုပါျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး လူကုန္ကူးမႈတားဆီးေရးအဖြဲ႕ကတာဝန္ရွိသူ‌ေတြ၊လူမႈဝန္ထမ္း၊ ကယ္ဆ ယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက တာဝန္ရွိသူ‌ေတြလာေရာက္စစ္ေဆးမႈ‌ေတြလည္းရွိသလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(နမ့္စန္ၿမိဳ႕ နယ္)၊ ကေလးသူငယ္ေစာင့္ေရွာက္ေရးအဖြဲ႕၊ ဥပေဒအေထာက္အကူျပဳအဖြဲ႕ေတြကိုလည္း တိုင္ၾကားစာေပးပို႔ထားတာ ျဖစ္ပါတယ္။

"အမႈဖြင့္တာက တစ္လျပည့္ေတာ့မယ္။ ရဲစခန္းကိုေမးေတာ့ အမႈတည္ေဆာက္လို႔မၿပီးေသးဘူးလို႔ေျပာတယ္။ တရား႐ုံးတင္ဖို႔ဆရာဝန္ႀကီးရဲ႕ေဆးစာလိုတယ္။ ‌ဆရာဝန္ႀကီးရဲ႕ေဆးစာကို ဆရာဝန္ႀကီးက က်န္းမာေရးမေကာင္းလို႔ သူ႔နယ္ျပန္သြားတဲ့အ တြက္ လက္ေထာက္ဆရာဝန္က ထုတ္မေပးဘူး။ အမႈဖြင့္တဲ့သူကလည္း အုပ္ခ်ဳပ္ေရးမႉးကိုယ္တိုင္ဖြင့္တာ။ က်ဴးလြန္သူကလည္း ဝန္ခံၿပီးၿပီ။ ရဲကေဆာင္႐ြ က္မႈ ေႏွးေနတယ္လို႔ ျမင္ပါတယ္"လို႔ အမည္မေဖာ္လိုသူ သတင္းရင္းျမစ္တစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

ယင္းျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး နမ့္စန္ၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒုရဲမႉး စိုးလွေအာင္ကို ေ႐ႊႀတိဂံေဒသ သတ င္းဌာနမွ ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။

ကာမက်ဴးလြန္ခံရတဲ့မိန္းကေလးငယ္ကို အမွတ္(၁) ရပ္ကြက္ရွိ ေဒၚစိုးမိုးေနအိမ္ကို အမွတ္(၂)ရပ္ကြက္ရွိ ခမ္းလီေသာက္ေရသန႔္လုပ္ငန္းပိုင္ရွင္ ေဒၚမိုးမိုးဆိုသူက လာေရာက္အပ္ႏွံထားတာျဖစ္ၿပီး သူစိမ္းေယာက္်ားေတြနဲ႔ေပးစားျခင္း၊ အတူအိပ္ခိုင္းျခင္းေတြ ျပဳလုပ္ခိုင္းခဲ့တယ္လို႔ သတင္းရရွိတဲ့အတြက္ စုံစမ္းရာကေန ကာမက်ဴးလြန္ခံရတဲ့ျဖစ္စဥ္ေတြ ေပၚေပါက္သိလာရတာျဖစ္တယ္လို႔ တရားလိုျဖစ္သူ ဦးေအာင္တင္ဦးက ေျပာပါတယ္။

အ႐ြယ္မေသး‌တဲ့ မိဘမဲ့မိန္းကေလး(တတိယတန္းေက်ာင္းသူ)ကို လိင္လုပ္သားဘဝသို႔ ေရာက္ရွိေအာ င္ တြန္းပို႔တဲ့ျဖစ္စဥ္မ်ိဳးျဖစ္ေနတဲ့အတြက္ က်ဴးလြန္သူေတြနဲ႔ ဆက္စပ္သံသယရွိသူေတြကို ပုဒ္မ(၃၆၆) အရအေရးယူေပးပါရန္ ဦးေအာင္တင္ဦးမွ စက္တင္ ဘာလ၁၃ရက္က နမ့္စန္ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္တိုင္ တန္းထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

သတင္း/ဓါတ္ပုံ-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------

(Unicode)

ရဲလုပ်ငန်း နှေးကွေးမှုကြောင့် သက်ငယ်မုဒီန်းမှုကျူးသူတွေကို အမှုမဖွင့်နိုင်သေး

တောင်ကြီး၊ အောက်တိုဘာ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ တိန်းချောင်းသဘာဝရိပ်သာက အသက်၁၅နှစ်အရွယ် မိန်းကလေးကို စက်တင်ဘာလအတွင်းက ကာမအကြိမ်ကြိမ်ကျူးလွန်သူတွေနဲ့ ဆက်စပ်သံသယရှိသူတွေကို အမှုဖွင့်ပေးဖို့ ကြန့်ကြာနေတယ်လို့ နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

အဆိုပါအသက် ၁၅နှစ်၃လအရွယ်ရှိ မိန်းကလေးငယ်ကို အမှတ်(၉၃၁)ထောက်ပံ့ပို့ဆောင်ရေးတပ်မှ ဒုတပ်ကြပ်တစ်ဦးက ကာမကျူးလွန်ခဲ့တယ်လို့ ယင်းမိ န်းကလေးငယ်မှ ထွက်ဆိုခဲ့ပြီး တိန်းချောင်းသဘာဝရိပ်သာကအသက် ၆၀အရွယ်ရှိ ယာဉ်မောင်းတစ်ဦး၊ သားသတ်အိမ်တစ်ခုမှ အလုပ်သမား၁ဦးနဲ့ အမှတ်(၄)ရပ်ကွက်မှလူငယ်တစ်ဦးတို့က ကာမကျူးလွန်ခဲ့ကြတယ်လို့ ယူဆရကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"ဖြစ်တာက ရှေ့လ၇ရက်နေ့ကဖြစ်တာ။ ၁၀ရက်နေ့မှကျမှ သိရတာ။ ၁၃ရက်နေ့မှာ အမှုဖွင့်သွားဖွင့်ထားတယ်။ ဒီနေ့အထိ မဖွင့်ပေးသေးဘူး။တစ်လပြည့်တော့မယ်။ ကျူးလွန်သူတွေကို အချိန်ယူပြင်ဆင်ခွင့်ရအောင် လုပ်ပေးသလိုဖြစ်နေတယ်။ စခန်းမှူးကိုမေးတော့လည်း ဆေးစာမရသေးလို့ဆိုပြီးပြောတယ်"လို့ အမှုဖွင့်တိုင်တန်းထားသူ နမ့်စန်မြို့နယ်၊ အမှ တ်(၁)ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကိုပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး လူကုန်ကူးမှုတားဆီးရေးအဖွဲ့ကတာဝန်ရှိသူ‌တွေ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူ‌တွေလာရောက်စစ်ဆေးမှု‌တွေလည်းရှိသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(နမ့်စန်မြို့နယ်)၊ ကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့၊ ဥပဒေအထောက်အကူပြုအဖွဲ့တွေကိုလည်း တိုင်ကြားစာပေးပို့ထားတာ ဖြစ်ပါတယ်။

"အမှုဖွင့်တာက တစ်လပြည့်တော့မယ်။ ရဲစခန်းကိုမေးတော့ အမှုတည်ဆောက်လို့မပြီးသေးဘူးလို့ပြောတယ်။ တရားရုံးတင်ဖို့ဆရာဝန်ကြီးရဲ့ဆေးစာလိုတယ်။ ‌ဆရာဝန်ကြီးရဲ့ဆေးစာကို ဆရာဝန်ကြီးက ကျန်းမာရေးမကောင်းလို့ သူ့နယ်ပြန်သွားတဲ့အတွက် လက်ထောက်ဆရာဝန်က ထုတ်မပေးဘူး။ အမှုဖွင့်တဲ့သူကလည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင်ဖွင့်တာ။ ကျူးလွန်သူကလည်း ဝန်ခံပြီးပြီ။ ရဲကဆောင်ရွက်မှု နှေးနေတယ်လို့ မြင်ပါတယ်"လို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

ယင်းဖြစ်စဉ်နဲ့ပါတ်သက်ပြီး နမ့်စန်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး စိုးလှအောင်ကို ရွှေတြိဂံဒေသ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ကာမကျူးလွန်ခံရတဲ့မိန်းကလေးငယ်ကို အမှတ်(၁) ရပ်ကွက်ရှိ ဒေါ်စိုးမိုးနေအိမ်ကို အမှတ်(၂)ရပ်ကွက်ရှိ ခမ်းလီသောက်ရေသန့်လုပ်ငန်းပိုင်ရှင် ဒေါ်မိုးမိုးဆိုသူက လာရောက်အပ်နှံထားတာဖြစ်ပြီး သူစိမ်းယောက်ျားတွေနဲ့ပေးစားခြင်း၊ အတူအိပ်ခိုင်းခြင်းတွေ ပြုလုပ်ခိုင်းခဲ့တယ်လို့ သတင်းရရှိတဲ့အတွက် စုံစမ်းရာကနေ ကာမကျူးလွန်ခံရတဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်သိလာရတာဖြစ်တယ်လို့ တရားလိုဖြစ်သူ ဦးအောင်တင်ဦးက ပြောပါတယ်။

အရွယ်မသေး‌တဲ့ မိဘမဲ့မိန်းကလေး(တတိယတန်းကျောင်းသူ)ကို လိင်လုပ်သားဘဝသို့ ရောက်ရှိအော င် တွန်းပို့တဲ့ဖြစ်စဉ်မျိုးဖြစ်နေတဲ့အတွက် ကျူးလွန်သူတွေနဲ့ ဆက်စပ်သံသယရှိသူတွေကို ပုဒ်မ(၃၆၆) အရအရေးယူပေးပါရန် ဦးအောင်တင်ဦးမှ စက်တင် ဘာလ၁၃ရက်က နမ့်စန်မြို့မရဲစခန်းမှာ အမှုဖွင့်တိုင် တန်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း/ဓါတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရဲလုပ္ငန္း ေႏွးေကြးမႈေၾကာင့္ သက္ငယ္မုဒီန္းမႈက်ဴးသူေတြကို အမႈမဖြင့္ႏိုင္ေသး ရဲလုပ္ငန္း ေႏွးေကြးမႈေၾကာင့္ သက္ငယ္မုဒီန္းမႈက်ဴးသူေတြကို အမႈမဖြင့္ႏိုင္ေသး Reviewed by THITHTOOLWIN on 06:54 Rating: 5
Powered by Blogger.