မိုင္းရွူးၿမိဳ႕ တြင္ ေနအိမ္တလုံးမီးေလာင္ အသက္ ၆ ႏွစ္ ကေလး ေသဆုံး၊ တဦးဒဏ္ရာရ

Zawgyi
ေအာက္တုိဘာလ ၂၄ ရက္ ၂၀၁၉

သၽွမ္းျပည္ ေျမာက္ပိုင္း မိုင္းရွူးၿမိဳ႕နယ္အတြင္းေနအိမ္မီးေလာင္မွုေၾကာင့္ ကေလးတဦး ေသဆုံးကာ တဦး ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၁၈ ရက္ေန႔ ည ၇ နာရီေက်ာ္ မိုင္းရွူးၿမိဳ႕ ေတာင္ေပၚ (ဝမ္ကန္) ေက်းရြာ တြင္ ဖေယာင္းတိုင္ ထြန္းရာမွ မီး စတင္ ေလာင္ကၽြမ္းမွုျဖစ္ပြားခဲ့ၿပီး အသက္ ၆ ႏွစ္ အရြယ္ ကေလး တဦး ေသဆုံး၊ အသက္ ၉ ႏွစ္ အရြယ္ကေလး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

“ အသက္ ၆ ႏွစ္ အရြယ္ကေလးေလး မီးထဲပါသြားတယ္။ ၉ ႏွစ္ အရြယ္ကေတာ့ ဒဏ္ရာရရွိတယ္။ ေတာင္ႀကီး ေဆး႐ုံပို႔ထားတယ္။ ဖေယာင္းတိုင္ ထြန္းထားၿပီး အိမ္မွာကေလးေတြဘဲက်န္ခဲ့တာေလ။ မိဘေတြက အျပင္အလုပ္သြားလုပ္တဲ့ အခ်ိန္ျဖစ္ေနတာ” ဟု မိုင္းရွူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ စိုင္းထြန္းေအး က သၽွမ္းသံေတာ္ဆင့္ သို႔ေျပာသည္။

ေနအိမ္မီးေလာင္မွုေၾကာင့္ ေနအိမ္ႏွင့္ပစၥည္းမ်ားအားလုံး ဆုံးရွုံးခဲ့ရၿပီး လက္ရွိတြင္ မိသားစုဝင္မ်ားမွာ ခရစ္ယာန္ ဘုရားေက်ာင္းတြင္ ခိုလွုံေနရေၾကာင္းလည္း စိုင္းထြန္းေအး က ေျပာသည္။

မီးေလာင္မွုေၾကာင့္ေသဆုံးသူအတြက္ႏွင့္ ေနအိမ္ျပန္ျပင္ဆင္ရန္ အတြက္ သၽွမ္းျပည္နယ္ အစိုးရ ႏွင့္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ မွ က်ပ္ေငြ ၅ သိန္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
------------------
Unicode
မိုင်းရှူးမြို့ တွင် နေအိမ်တလုံးမီးလောင် အသက် ၆ နှစ် ကလေး သေဆုံး၊ တဦးဒဏ်ရာရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
အောက်တိုဘာလ ၂၄ ရက် ၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းနေအိမ်မီးလောင်မှုကြောင့် ကလေးတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်နေ့ ည ၇ နာရီကျော် မိုင်းရှူးမြို့ တောင်ပေါ် (ဝမ်ကန်) ကျေးရွာ တွင် ဖယောင်းတိုင် ထွန်းရာမှ မီး စတင် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အသက် ၆ နှစ် အရွယ် ကလေး တဦး သေဆုံး၊ အသက် ၉ နှစ် အရွယ်ကလေး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ အသက် ၆ နှစ် အရွယ်ကလေးလေး မီးထဲပါသွားတယ်။ ၉ နှစ် အရွယ်ကတော့ ဒဏ်ရာရရှိတယ်။ တောင်ကြီး ဆေးရုံပို့ထားတယ်။ ဖယောင်းတိုင် ထွန်းထားပြီး အိမ်မှာကလေးတွေဘဲကျန်ခဲ့တာလေ။ မိဘတွေက အပြင်အလုပ်သွားလုပ်တဲ့ အချိန်ဖြစ်နေတာ” ဟု မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

နေအိမ်မီးလောင်မှုကြောင့် နေအိမ်နှင့်ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ရပြီး လက်ရှိတွင် မိသားစုဝင်များမှာ ခရစ်ယာန် ဘုရားကျောင်းတွင် ခိုလှုံနေရကြောင်းလည်း စိုင်းထွန်းအေး က ပြောသည်။

မီးလောင်မှုကြောင့်သေဆုံးသူအတွက်နှင့် နေအိမ်ပြန်ပြင်ဆင်ရန် အတွက် သျှမ်းပြည်နယ် အစိုးရ နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မှ ကျပ်ငွေ ၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
မိုင္းရွူးၿမိဳ႕ တြင္ ေနအိမ္တလုံးမီးေလာင္ အသက္ ၆ ႏွစ္ ကေလး ေသဆုံး၊ တဦးဒဏ္ရာရ မိုင္းရွူးၿမိဳ႕ တြင္ ေနအိမ္တလုံးမီးေလာင္ အသက္ ၆ ႏွစ္ ကေလး ေသဆုံး၊ တဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.