ခ်င္းမိုင္ခရိုင္တြင္ သၽွမ္း ေရႊ႕ေျပာင္းအလုပ္သမားမိသားစု ၃ ဦး သတ္ခံရ

ခ်င္းမိုင္ခရိုင္တြင္ သၽွမ္း ေရႊ႕ေျပာင္းအလုပ္သမားမိသားစု ၃ ဦး သတ္ခံရ
Zawgyi
ေအာက္တိုဘာလ ၂၃ ရက္ ၂၀၁၉

ထိုင္းနိုင္ငံ ခ်င္းမိုင္ခရိုင္ ခ်င္းေဒါင္းဝ္ (Chiang Dao) ၿမိဳ႕နယ္အတြင္း အလုပ္လုပ္ကိုင္ ေန သည့္ ေရႊ႕ေျပာင္းအလုပ္သမား မိသားစု ၃ ဦး အသတ္ခံရေၾကာင္း သတင္းရရွိသည္။

အဆိုပါ မိသားစု ၃ ဦး၏ ႐ုပ္အေလာင္းကို ထိုင္းရဲတပ္ဖြဲ႕က ယမန္ေန႔ ေအာက္တိုဘာ၂၂ ရက္ မနက္ပိုင္းက ခ်င္းေဒါင္းဝ္ ၿမိဳ႕နယ္အတြင္း စိုက္ပ်ိဳးေရး လုပ္ငန္းလုပ္ကိုင္ေနသည့္ ၎တို႔၏ ေနအိမ္ တြင္ ေတြ႕ခဲ့ေၾကာင္း ခ်င္းမိုင္ တြင္ ေရႊ႕ေျပာင္းအလုပ္သမားမ်ား သာေရးနာေရး ကူညီ ေပးေနသည့္ စိုင္းတိုင္း က သၽွမ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ သူတို႔မိသားစု ၃ ဦးကို ဓားနဲ႔လာခုတ္သြားတာ။ ၃ ဦး စလုံးေသသြားတယ္။ သူတို႔ပစၥည္း ေတြလည္း ဘာမွ မက်န္ေတာ့ဘူး။ ဓားၿပ လာတိုက္တယ္လို႔ပဲ ယူဆရတယ္” ဟု စိုင္းတိုင္းက ဆိုသည္။

ေသဆုံးသြားသည့္ အသက္ ၄၅ ႏွစ္ ေက်ာ္ အရြယ္ အမ်ိဳးသား သည္ ဦးေခါင္း၊ လက္ႏွင့္ခႏၶာကိုယ္ ဒဏ္ရာရရွိၿပီး၊ အမ်ိဳးသမီး ၂ဦးမွာ ခႏၶာကိုယ္ ဓားထိုး ဒဏ္ရာျဖင့္ ေသဆုံး ေၾကာင္း သိရသည္။

“ အသတ္ခံရတဲ့ မိသားစု ၃ ေယာက္ အေနေအးတယ္။ သူမ်ားနဲ႔ရန္ျဖစ္တာ မရွိဘူး။ အလုပ္ႀကိဳးစားတယ္။ ပိုက္ဆံလည္း စုၾကတယ္။ ပိုက္ဆံ ရွိတယ္။ ဘာေၾကာင့္ သတ္သြားလဲေတာ့ မသိဘူး” ဟု သတ္ခံရသည့္ မိသားစု ၃ ဦး၏ ေဆြမ်ိဳးမ်ားေျပာျပခ်က္ အရ သိရသည္။

အသတ္ခံရသည့္ မိသားစု ၃ ဦးမွာ အမ်ိဳးသား သည္ သၽွမ္းျပည္နယ္ ေတာင္ပိုင္း နမ့္စန္ ဇာတိျဖစ္ၿပီး၊ အမ်ိဳးသမီးသည္ လဲခ်ားၿမိဳ႕ ဇာတိျဖစ္ကာ ထိုင္းနိုင္ငံ ခ်င္းမိုင္ ခရိုင္ အတြင္း စိုက္ပ်ိဳးေရးၿခံတြင္ အလုပ္လုပ္ကိုင္သည္မွာ ၾကာခဲ့ၿပီ ျဖစ္ေၾကာင္း လည္း သိရသည္။

ထို ေသဆုံးသူမိသားစု ၃ဦး ၏ ႐ုပ္အေလာင္းကို လက္ရွိတြင္ဆြန္ေဒါက္ေဆး႐ုံ ( Suan Dok) သို႔ပို႔ေဆာင္ထားေၾကာင္း၊ အသုဘအခမ္းအနားအတြက္ ခ်င္းမိုင္တြင္ ေရႊ႕ေျပာင္းအလုပ္သမားမ်ား သာေရးနာေရး ကူညီ ေပးေနသည့္ အဖြဲ႕ကကူညီေဆာင္ရြက္ေပးကာ ခ်င္းမိုင္ၿမိဳ႕ ဝပ္ကူေတာက္ဘုန္းႀကီးေက်ာင္းတြင္အလွူျပဳေပးမည္ျဖစ္ေၾကာင္း၊ တရားခံမ်ားကို ထိုင္းရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးေနေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားမ်ားကို ကူညီေပးေနသူမ်ားက ေျပာသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
--------------
Unicode
ချင်းမိုင်ခရိုင်တွင် သျှမ်း ရွှေ့ပြောင်းအလုပ်သမားမိသားစု ၃ ဦး သတ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
အောက်တိုဘာလ ၂၃ ရက် ၂၀၁၉

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ချင်းဒေါင်းဝ် (Chiang Dao) မြို့နယ်အတွင်း အလုပ်လုပ်ကိုင် နေ သည့် ရွှေ့ပြောင်းအလုပ်သမား မိသားစု ၃ ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

အဆိုပါ မိသားစု ၃ ဦး၏ ရုပ်အလောင်းကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ အောက်တိုဘာ၂၂ ရက် မနက်ပိုင်းက ချင်းဒေါင်းဝ် မြို့နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်နေသည့် ၎င်းတို့၏ နေအိမ် တွင် တွေ့ခဲ့ကြောင်း ချင်းမိုင် တွင် ရွှေ့ပြောင်းအလုပ်သမားများ သာရေးနာရေး ကူညီ ပေးနေသည့် စိုင်းတိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သူတို့မိသားစု ၃ ဦးကို ဓားနဲ့လာခုတ်သွားတာ။ ၃ ဦး စလုံးသေသွားတယ်။ သူတို့ပစ္စည်း တွေလည်း ဘာမှ မကျန်တော့ဘူး။ ဓားပြ လာတိုက်တယ်လို့ပဲ ယူဆရတယ်” ဟု စိုင်းတိုင်းက ဆိုသည်။

သေဆုံးသွားသည့် အသက် ၄၅ နှစ် ကျော် အရွယ် အမျိုးသား သည် ဦးခေါင်း၊ လက်နှင့်ခန္ဓာကိုယ် ဒဏ်ရာရရှိပြီး၊ အမျိုးသမီး ၂ဦးမှာ ခန္ဓာကိုယ် ဓားထိုး ဒဏ်ရာဖြင့် သေဆုံး ကြောင်း သိရသည်။

“ အသတ်ခံရတဲ့ မိသားစု ၃ ယောက် အနေအေးတယ်။ သူများနဲ့ရန်ဖြစ်တာ မရှိဘူး။ အလုပ်ကြိုးစားတယ်။ ပိုက်ဆံလည်း စုကြတယ်။ ပိုက်ဆံ ရှိတယ်။ ဘာကြောင့် သတ်သွားလဲတော့ မသိဘူး” ဟု သတ်ခံရသည့် မိသားစု ၃ ဦး၏ ဆွေမျိုးများပြောပြချက် အရ သိရသည်။

အသတ်ခံရသည့် မိသားစု ၃ ဦးမှာ အမျိုးသား သည် သျှမ်းပြည်နယ် တောင်ပိုင်း နမ့်စန် ဇာတိဖြစ်ပြီး၊ အမျိုးသမီးသည် လဲချားမြို့ ဇာတိဖြစ်ကာ ထိုင်းနိုင်ငံ ချင်းမိုင် ခရိုင် အတွင်း စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်သည်မှာ ကြာခဲ့ပြီ ဖြစ်ကြောင်း လည်း သိရသည်။

ထို သေဆုံးသူမိသားစု ၃ဦး ၏ ရုပ်အလောင်းကို လက်ရှိတွင်ဆွန်ဒေါက်ဆေးရုံ ( Suan Dok) သို့ပို့ဆောင်ထားကြောင်း၊ အသုဘအခမ်းအနားအတွက် ချင်းမိုင်တွင် ရွှေ့ပြောင်းအလုပ်သမားများ သာရေးနာရေး ကူညီ ပေးနေသည့် အဖွဲ့ကကူညီဆောင်ရွက်ပေးကာ ချင်းမိုင်မြို့ ဝပ်ကူတောက်ဘုန်းကြီးကျောင်းတွင်အလှူပြုပေးမည်ဖြစ်ကြောင်း၊ တရားခံများကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသူများက ပြောသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
ခ်င္းမိုင္ခရိုင္တြင္ သၽွမ္း ေရႊ႕ေျပာင္းအလုပ္သမားမိသားစု ၃ ဦး သတ္ခံရ ခ်င္းမိုင္ခရိုင္တြင္ သၽွမ္း ေရႊ႕ေျပာင္းအလုပ္သမားမိသားစု ၃ ဦး သတ္ခံရ Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.