ႏိုင္ငံေရးအက်ဥ္းသားေတြလႊတ္ဖို႔ ႐ုရွားမွာဆႏၵျပ

႐ုရွားမွာဆႏၵျပသူမ်ား (စက္တင္ဘာ၊ ၁၈၊ ၂၀၁၉)
႐ု႐ွားႏုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ အစုိးရ ဆန္႔က်င္သူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတဲ့ တနဂၤေႏြေန႔က ဆႏၵျပပဲြေတြအတြင္း လူေပါင္း ၂၀,၀၀၀ ေလာက္ ပါဝင္ ဆႏၵျပခဲ့ၾကပါတယ္။ အရင္က အာဏာပိုင္ေတြ ဆႏၵျုပခြင့္ ပိတ္ပင္ထားခဲ့တဲ့ ေမာ္စကိုၿမိဳ႕လယ္မွာ ခ်ီတက္ဆႏၵျပခဲ့သူေတြက အားလံုးျပန္လႊတ္ေပးလို႔ ေႂကြးေၾကာ္ဆႏၵျပခဲ့ၾကပါတယ္။

အတိုက္အခံနဲ႔ တသီးပုဂၢလဆႏၵျပသူ ၁၀ ေယာက္ထက္မနည္းကို တာဝန္႐ွိသူေတြက ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မျပဳခဲ့တာေၾကာင့္ ဇူလိုင္လတုန္းက အႀကီးအက်ယ္ ဆႏၵျပပြဲေတြျဖစ္ခဲ့စဥ္ အေျမာက္အမ်ား ဖမ္းဆီးခံခဲ့ရတာပါ။ အဲဒီတုန္းက ဆႏၵျပသူ ၆၀,၀၀၀ လာက္အထိ႐ွိခဲ့ၿပီး ႐ု႐ွားသမၼတ Vladimir Putin ရဲ႕အုပ္ခ်ဳပ္မႈအေပၚ မေက်နပ္ဘူးဆိုတာကို ျပသခဲ့ၾကပါတယ္။

ရဲေတြအၾကမ္းဖက္ၿဖိဳခြင္းမႈမွာ ၂,၀၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရၿပီး အမ်ားစု ျပန္လြတ္လာခဲ့ေပမဲ့ ၁၂ ေယာက္ထက္မနည္းကို အဓိက႐ုဏ္းဆုိင္ရာ ပုဒ္မေတြနဲ႔ တရားစြဲၿပီး တခ်ဳိ႕ကို ေထာင္ဒဏ္ ၄ ႏွစ္အထိ ခ်ခဲ့ပါတယ္။ အမႈမစီရင္ရေသးသူတခ်ဳိ႕လည္း ဆက္လက္ ဖမ္းဆီးခံထားရသလို တခ်ဳိ႕က ေနအိမ္ အက်ယ္ခ်ဳပ္ခ်ခံထားရပါတယ္။

ျပည့္သူ႔အင္အားကို ယံုယံုၾကည္ၾကည္ ျပသႏိုင္ရင္ ဖမ္းဆီးခံထားရသူေတြ လြတ္ေျမာက္လာမွာ ျဖစ္တယ္လို႔ လူသိမ်ားတဲ့ အတိုက္အခံေခါင္းေဆာင္ Alexei Navalny က တနဂၤေႏြေန႔က ဆႏၵျပလူအုပ္ႀကီးကို မိန္႔ခြန္းေျပာၾကားခဲ့ပါတယ္။

ဇူလိုင္လက ဆႏၵျပပြဲေတြဟာ ႐ု႐ွားမွာ ႏွစ္ေပါင္းမ်ားစြာအတြင္း အႀကီးက်ယ္ဆံုး အစုိးရဆန္႔က်င္ဆႏၵျပပြဲေတြျဖစ္ခဲ့တာေၾကာင့္ အဲဒီအ႐ွိန္ကို ဆက္ထိန္းထားဖို႔ တနဂၤေႏြေန႔က ဆႏၵျပပြဲ စီစဥ္သူေတြက ေမွ်ာ္လင့္ၾကပါတယ္။ တနဂၤေႏြေန႔က ဆႏၵျပပြဲေတြကို ေမာ္စကိုၿမိဳ႕ေတာ္ဝန္႐ံုးက ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဒီဆႏၵျပပြဲေတြအတြင္း ဖမ္းဆီးခံရသူ႐ွိတယ္ဆိုတဲ့ သတင္းေတာ့ မၾကားရပါဘူး။

[Unicode Version]

ရုရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အစိုးရ ဆန့်ကျင်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၂၀,၀၀၀ လောက် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ အရင်က အာဏာပိုင်တွေ ဆန္ဒြုပခွင့် ပိတ်ပင်ထားခဲ့တဲ့ မော်စကိုမြို့လယ်မှာ ချီတက်ဆန္ဒပြခဲ့သူတွေက အားလုံးပြန်လွှတ်ပေးလို့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

အတိုက်အခံနဲ့ တသီးပုဂ္ဂလဆန္ဒပြသူ ၁၀ ယောက်ထက်မနည်းကို တာဝန်ရှိသူတွေက ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့တာကြောင့် ဇူလိုင်လတုန်းက အကြီးအကျယ် ဆန္ဒပြပွဲတွေဖြစ်ခဲ့စဉ် အမြောက်အများ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီတုန်းက ဆန္ဒပြသူ ၆၀,၀၀၀ လာက်အထိရှိခဲ့ပြီး ရုရှားသမ္မတ Vladimir Putin ရဲ့အုပ်ချုပ်မှုအပေါ် မကျေနပ်ဘူးဆိုတာကို ပြသခဲ့ကြပါတယ်။

ရဲတွေအကြမ်းဖက်ဖြိုခွင်းမှုမှာ ၂,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများစု ပြန်လွတ်လာခဲ့ပေမဲ့ ၁၂ ယောက်ထက်မနည်းကို အဓိကရုဏ်းဆိုင်ရာ ပုဒ်မတွေနဲ့ တရားစွဲပြီး တချို့ကို ထောင်ဒဏ် ၄ နှစ်အထိ ချခဲ့ပါတယ်။ အမှုမစီရင်ရသေးသူတချို့လည်း ဆက်လက် ဖမ်းဆီးခံထားရသလို တချို့က နေအိမ် အကျယ်ချုပ်ချခံထားရပါတယ်။

ပြည့်သူ့အင်အားကို ယုံယုံကြည်ကြည် ပြသနိုင်ရင် ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်လာမှာ ဖြစ်တယ်လို့ လူသိများတဲ့ အတိုက်အခံခေါင်းဆောင် Alexei Navalny က တနင်္ဂနွေနေ့က ဆန္ဒပြလူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဇူလိုင်လက ဆန္ဒပြပွဲတွေဟာ ရုရှားမှာ နှစ်ပေါင်းများစွာအတွင်း အကြီးကျယ်ဆုံး အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်ခဲ့တာကြောင့် အဲဒီအရှိန်ကို ဆက်ထိန်းထားဖို့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲ စီစဉ်သူတွေက မျှော်လင့်ကြပါတယ်။ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွေကို မော်စကိုမြို့တော်ဝန်ရုံးက ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒီဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူရှိတယ်ဆိုတဲ့ သတင်းတော့ မကြားရပါဘူး။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ႏိုင္ငံေရးအက်ဥ္းသားေတြလႊတ္ဖို႔ ႐ုရွားမွာဆႏၵျပ ႏိုင္ငံေရးအက်ဥ္းသားေတြလႊတ္ဖို႔ ႐ုရွားမွာဆႏၵျပ Reviewed by THITHTOOLWIN on 00:27 Rating: 5
Powered by Blogger.