႐ုရွားၿမိဳ႕ေတာ္ ေမာ္စကိုမွာ ေသာင္းခ်ီစုေဝး ဆႏၵျပ

ေမာ္စကိုၿမိဳ႕လယ္ရွိ ဆႏၵျပသူမ်ား။ (စက္တင္ဘာ ၂၉၊ ၂၀၁၉)
႐ုရွားရဲ႕ ေဒသဆိုင္ရာ ေရြးေကာက္ပြဲေတြနဲ႔ ပိုၿပီးက်ယ္ျပန္႔တဲ့ ႏုိင္ငံေရးစနစ္ ႏွစ္ခုစလံုးကို ပစ္မွတ္ထားတဲ့ ေႏြရာသီ ဆႏၵျပမႈေတြရဲ႕ အရွိန္မ်ိဳး ျပန္ရေရး အတိုက္အခံအဖြဲ႔ေတြ ႀကိဳးစားေနတာနဲ႔အတူ တနဂၤေႏြေန႔က ေသာင္းနဲ႔ခ်ီတဲ့ ဆႏၵျပသူေတြ ေအးခဲေနတဲ့ မိုးရြာသြန္းမႈကို ႀကံံံ့ႀကံ့ခံၿပီး ေမာ္စကိုၿမိဳ႕လယ္ ရင္ျပင္ကို ပိတ္ဆို႔သြားေအာင္ ခ်ီတက္ခဲ့ၾကပါတယ္။

တနဂၤေႏြေန႔ လူထုခ်ီတက္ပြဲဟာဆိုရင္ ဒီလအေစာပိုင္း ေရြးေကာက္ပြဲေတြေနာက္ပိုင္း လစ္ဘရယ္၀ါဒီ ႏုိင္ငံေရးအဖြဲ႔ေတြနဲ႔ မဟာမိတ္ပါတီေတြရဲ႕ ပထမဆံုးေသာ ႀကိဳးစား အားထုတ္မႈႀကီး ျဖစ္ပါတယ္။

စက္တင္ဘာလ ၈ ရက္ ေရြးေကာက္ပြဲ အႀကိဳကာလမွာ ေရြးေကာက္ပြဲဆိုင္ရာ တာ၀န္ရွိသူေတြက အတိုက္အခံ ကိုယ္စားလွယ္ေလာင္းေတြ ၀င္ေရာက္ယွဥ္ၿပိဳင္မႈကို တားျမစ္ခဲ့တာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာအတြင္း အစိုးရဆန္႔က်င္ေရး အႀကီးမားဆံုး ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့တာပါ။

စက္တင္ဘာလ ၂၉ ရက္ေန႔ တနဂၤေႏြေန႔ လူထုခ်ီတက္ပြဲကေတာ့ ႏုိင္ငံေရး ဖိႏွိပ္မႈေတြကို ဆႏၵျပၾကတာပါ။ အဂတိလိုက္စားမႈ တုိက္ဖ်က္ေရး လႈပ္ရွားသူ Aleksei Navalny နဲ႔ ႏုိင္ငံတ၀န္းက သူ႔ကိုေထာက္ခံတဲ့ ကြန္ရက္ကို ပစ္မွတ္ထားၿပီး အာဏာပိုင္ေတြက စီးနင္း ဖမ္းဆီးေနတာေတြ ရပ္ဖို႔ တက္ႂကြလႈပ္ရွားသူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။ ႏုိင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ ခ်ီတက္သူေတြက ေတာင္းဆိုၾကၿပီး ႐ုရွားသမၼတ Putin က သူခိုးလို႔လည္း ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

အတိုက္အခံေခါင္းေဆာင္ Navalny၊ ေနာက္ ေႏြရာသီဆႏၵျပပြဲေတြကို အဓိက စည္း႐ုံးသူတဦးျဖစ္တဲ့ လူ႔အခြင့္အေရးေရွ႕ေန Lyubov Sobol တို႔ အပါအ၀င္ ေဆာ္ၾသသူေတြကေတာ့ ဆႏၵျပသူေတြ အရွိန္ျမႇင့္ၾကဖို႔လည္း ပန္ၾကားခဲ့ၾကပါတယ္။ မ်က္ႏွာဖံုးစြပ္ၿပီး စီးနင္းမႈေတြဟာဆိုရင္ ေၾကာက္ရြံ႕စရာ အၾကမ္းဖက္မႈ မဟုတ္ပါဘူး၊ သူရဲေဘာေၾကာင္တဲ့ သေကၤတ ျဖစ္တယ္လို႔ Navalny က လူအုပ္ကို ေျပာဆိုခဲ့ပါတယ္။

ခ်ီတက္လာတဲ့ လူအုပ္ထဲမွာေတာ့ အေၾကာက္တရားနဲ႔ မေနလိုဘူးဆိုတဲ့ စာတန္းေတြ၊ လီဆယ္လုပ္ႀကံၿပီး အမႈေတြ ဖန္တီးေနတာေတြ ေတာ္ေလာက္ၿပီဆိုတဲ့ စာတန္းေတြကို ကိုင္ေဆာင္ခဲ့ၾကပါတယ္။

-----------------------------

(Unicode)

ရုရှားမြို့တော် မော်စကိုမှာ သောင်းချီစုဝေး ဆန္ဒပြ

ရုရှားရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေနဲ့ ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံရေးစနစ် နှစ်ခုစလုံးကို ပစ်မှတ်ထားတဲ့ နွေရာသီ ဆန္ဒပြမှုတွေရဲ့ အရှိန်မျိုး ပြန်ရရေး အတိုက်အခံအဖွဲ့တွေ ကြိုးစားနေတာနဲ့အတူ တနင်္ဂနွေနေ့က သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေ အေးခဲနေတဲ့ မိုးရွာသွန်းမှုကို ကြံံံ့ကြံ့ခံပြီး မော်စကိုမြို့လယ် ရင်ပြင်ကို ပိတ်ဆို့သွားအောင် ချီတက်ခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ လူထုချီတက်ပွဲဟာဆိုရင် ဒီလအစောပိုင်း ရွေးကောက်ပွဲတွေနောက်ပိုင်း လစ်ဘရယ်ဝါဒီ နိုင်ငံရေးအဖွဲ့တွေနဲ့ မဟာမိတ်ပါတီတွေရဲ့ ပထမဆုံးသော ကြိုးစား အားထုတ်မှုကြီး ဖြစ်ပါတယ်။

စက်တင်ဘာလ ၈ ရက် ရွေးကောက်ပွဲ အကြိုကာလမှာ ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေက အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်မှုကို တားမြစ်ခဲ့တာကြောင့် နှစ်ပေါင်းများစွာအတွင်း အစိုးရဆန့်ကျင်ရေး အကြီးမားဆုံး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

စက်တင်ဘာလ ၂၉ ရက်နေ့ တနင်္ဂနွေနေ့ လူထုချီတက်ပွဲကတော့ နိုင်ငံရေး ဖိနှိပ်မှုတွေကို ဆန္ဒပြကြတာပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ Aleksei Navalny နဲ့ နိုင်ငံတဝန်းက သူ့ကိုထောက်ခံတဲ့ ကွန်ရက်ကို ပစ်မှတ်ထားပြီး အာဏာပိုင်တွေက စီးနင်း ဖမ်းဆီးနေတာတွေ ရပ်ဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ချီတက်သူတွေက တောင်းဆိုကြပြီး ရုရှားသမ္မတ Putin က သူခိုးလို့လည်း ကြွေးကြော်ခဲ့ကြပါတယ်။

အတိုက်အခံခေါင်းဆောင် Navalny၊ နောက် နွေရာသီဆန္ဒပြပွဲတွေကို အဓိက စည်းရုံးသူတဦးဖြစ်တဲ့ လူ့အခွင့်အရေးရှေ့နေ Lyubov Sobol တို့ အပါအဝင် ဆော်သြသူတွေကတော့ ဆန္ဒပြသူတွေ အရှိန်မြှင့်ကြဖို့လည်း ပန်ကြားခဲ့ကြပါတယ်။ မျက်နှာဖုံးစွပ်ပြီး စီးနင်းမှုတွေဟာဆိုရင် ကြောက်ရွံ့စရာ အကြမ်းဖက်မှု မဟုတ်ပါဘူး၊ သူရဲဘောကြောင်တဲ့ သင်္ကေတ ဖြစ်တယ်လို့ Navalny က လူအုပ်ကို ပြောဆိုခဲ့ပါတယ်။

ချီတက်လာတဲ့ လူအုပ်ထဲမှာတော့ အကြောက်တရားနဲ့ မနေလိုဘူးဆိုတဲ့ စာတန်းတွေ၊ လီဆယ်လုပ်ကြံပြီး အမှုတွေ ဖန်တီးနေတာတွေ တော်လောက်ပြီဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
႐ုရွားၿမိဳ႕ေတာ္ ေမာ္စကိုမွာ ေသာင္းခ်ီစုေဝး ဆႏၵျပ ႐ုရွားၿမိဳ႕ေတာ္ ေမာ္စကိုမွာ ေသာင္းခ်ီစုေဝး ဆႏၵျပ Reviewed by THITHTOOLWIN on 00:26 Rating: 5
Powered by Blogger.