ေဆာ္ဒီနဲ႔ UAE ကို စစ္အင္အားျဖည့္တင္းမယ့္ Trump အစီအစဥ္ ေအာက္လႊတ္ေတာ္ဥကၠ႒ ေ၀ဖန္

ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi. (ဇူလုိင္ ၂၆၊ ၂၀၁၉)
ေဆာ္ဒီအာေရဗ်ႏုိ္င္ငံနဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE တို႔ကုိ အေမရိကန္က စစ္အင္အားနဲ႔ ေလေၾကာင္းကာကြယ္ေရးစနစ္ေတြ ထပ္ၿပီး ေပးပို႔ေစလႊတ္ဖို႔ သမၼတ Donald Trump ရဲ႕ ဆံုးျဖတ္ခ်က္အေပၚ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi က ေဝဖန္လိုက္ပါတယ္။

အေမရိကန္တပ္ေတြ ထပ္ေစလႊတ္ဖို႔နဲ႔ စစ္လက္နက္ေတြ တိုးျမႇင့္ပို႔ေဆာင္ဖုိ႔ သမၼတ Trump ရဲ႕ ဆံုးျဖတ္ခ်က္ဟာ ပါတီႀကီး ၂ ရပ္စလံုးပါဝင္တဲ့ လႊတ္ေတာ္ ၂ ရပ္စလံုးရဲ႕ ဆႏၵကို ေရွာင္လႊဲဖို႔ Trump အစိုးရအဖြဲ႔ရဲ႕ ေနာက္ဆံုးႀကိဳးပမ္းမႈတရပ္ျဖစ္ၿပီး ဒါဟာ လက္ခံႏိုင္စရာ မရွိဘူးလို႔ ေအာက္လႊတ္ေတာ္ဥကၠ႒က ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

အခုလုိလုပ္ေဆာင္ဖုိ႔ သမၼတ Trump ရဲ႕ ဆံုးျဖတ္ခ်က္ကို ကာကြယ္ေရးဝန္ႀကီး Mark Esper နဲ႔ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားရဲ႕ အလွည့္က်ဥကၠ႒ Joseph Dunford တို႔က ပင္တဂြန္စစ္ဌာနခ်ဳပ္မွာ ေသာၾကာေန႔ညက ေၾကညာခဲ့တာ ျဖစ္ပါတယ္။

အခုလုိလုပ္ေဆာင္တာဟာ ကာကြယ္ေရး သေဘာသဘာဝျဖစ္ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ေဆာ္ဒီေရနံလုပ္ငန္းေတြ အတိုက္ခိုက္ခံခဲ့ရတဲ့ေနာက္ သူတုိ႔ရဲ႕ ေလေၾကာင္းနဲ႔ ဒံုးစနစ္ကာကြယ္ေရးဆိုင္ရာ အဆင့္ျမႇင့္ေရးအတြက္ ေဆာ္ဒီနဲ႔ UAE အရာရွိေတြရဲ႕ ပန္ၾကားခ်က္ကို အေမရိကန္ဘက္က တုံ႔ျပန္ေဆာင္ရြက္ခဲ့တာ ျဖစ္တယ္လုိ႔ ကာကြယ္ေရးဝန္ႀကီး Esper က ေျပာပါတယ္။

ေဆာ္ဒီေရနံလုပ္ငန္းေတြကို တိုက္ခိုက္မႈမွာ တာဝန္ရွိသူဟာ အီရန္ျဖစ္တယ္လို႔ အေမရိကန္က စြပ္စြဲေပမယ့္ အီရန္ကေတာ့ ဒါကို ျငင္းဆိုပါတယ္။

---------------------------

(Unicode)

ဆော်ဒီနဲ့ UAE ကို စစ်အင်အားဖြည့်တင်းမယ့် Trump အစီအစဉ် အောက်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

ဆော်ဒီအာရေဗျနိုင်ငံနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့ကို အမေရိကန်က စစ်အင်အားနဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ထပ်ပြီး ပေးပို့စေလွှတ်ဖို့ သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်အပေါ် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi က ဝေဖန်လိုက်ပါတယ်။

အမေရိကန်တပ်တွေ ထပ်စေလွှတ်ဖို့နဲ့ စစ်လက်နက်တွေ တိုးမြှင့်ပို့ဆောင်ဖို့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ဟာ ပါတီကြီး ၂ ရပ်စလုံးပါဝင်တဲ့ လွှတ်တော် ၂ ရပ်စလုံးရဲ့ ဆန္ဒကို ရှောင်လွှဲဖို့ Trump အစိုးရအဖွဲ့ရဲ့ နောက်ဆုံးကြိုးပမ်းမှုတရပ်ဖြစ်ပြီး ဒါဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အောက်လွှတ်တော်ဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အခုလိုလုပ်ဆောင်ဖို့ သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ရေးဝန်ကြီး Mark Esper နဲ့ ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အလှည့်ကျဥက္ကဋ္ဌ Joseph Dunford တို့က ပင်တဂွန်စစ်ဌာနချုပ်မှာ သောကြာနေ့ညက ကြေညာခဲ့တာ ဖြစ်ပါတယ်။

အခုလိုလုပ်ဆောင်တာဟာ ကာကွယ်ရေး သဘောသဘာဝဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဆော်ဒီရေနံလုပ်ငန်းတွေ အတိုက်ခိုက်ခံခဲ့ရတဲ့နောက် သူတို့ရဲ့ လေကြောင်းနဲ့ ဒုံးစနစ်ကာကွယ်ရေးဆိုင်ရာ အဆင့်မြှင့်ရေးအတွက် ဆော်ဒီနဲ့ UAE အရာရှိတွေရဲ့ ပန်ကြားချက်ကို အမေရိကန်ဘက်က တုံ့ပြန်ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး Esper က ပြောပါတယ်။

ဆော်ဒီရေနံလုပ်ငန်းတွေကို တိုက်ခိုက်မှုမှာ တာဝန်ရှိသူဟာ အီရန်ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲပေမယ့် အီရန်ကတော့ ဒါကို ငြင်းဆိုပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ေဆာ္ဒီနဲ႔ UAE ကို စစ္အင္အားျဖည့္တင္းမယ့္ Trump အစီအစဥ္ ေအာက္လႊတ္ေတာ္ဥကၠ႒ ေ၀ဖန္ ေဆာ္ဒီနဲ႔ UAE ကို စစ္အင္အားျဖည့္တင္းမယ့္ Trump အစီအစဥ္ ေအာက္လႊတ္ေတာ္ဥကၠ႒ ေ၀ဖန္ Reviewed by THITHTOOLWIN on 20:57 Rating: 5
Powered by Blogger.