ကန္သမၼတသမီး Ivanka ဦးေဆာင္မည့္ေဆြးေႏြးပြဲ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ မစႏၵာမ်ိဳးတက္ေရာက္မည္

ကန္သမၼတသမီး Ivanka ဦးေဆာင္မည့္ေဆြးေႏြးပြဲ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ မစႏၵာမ်ိဳးတက္ေရာက္မည္
အေရးႀကီးတဲ့ ကမာၻ႔ေရးရာေတြကို ေဆြးေႏြးတဲ့ Concordia ႏွစ္ပတ္လည္ညီလာခံမွာ အမ်ဳိးသမီးအခြင့္အေရးနဲ႔ အမ်ဳိးသမီးစြမ္းေဆာင္ရည္ ျမွင့္တင္ေရးကိစၥကို အေမရိကန္သမၼတရဲ႕ သမီး Ivanka Trump က ဒီကေန႔ ဦးေဆာင္ေႏြးမွာျဖစ္ပါတယ္။ ကမာၻတဝန္း အမ်ဳိးသမီးမ်ားဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ သာယာဝေျပာေရး (W-GDP) အစျပဳအစီအစဥ္မွာ Ivanka Trump ပါဝင္ေဆာင္႐ြက္ေနတဲ့ ကိစၥေတြကို ေဆြးေႏြးမွာပါ။

စီးပြားေရးနဲ႔ ႏုိင္ငံေရးအဆင့္တုိင္းမွာ အမ်ဳိးသမီးေတြအေနနဲ႔ အမ်ဳိးသားေတြနဲ႔ တန္းတူပါဝင္ႏိုင္မွသာ ကမာၻႀကီတည္ၿငိမ္မႈ႐ွိမယ္ဆိုတဲ့ အခ်က္ကို အသားေပး ေဆာင္႐ြက္ေနတဲ့ Trump အစိုးရရဲ႕လုပ္ငန္းေတြမွာ သမၼတသမီး Ivanka Trump ကဦးေဆာင္လုပ္ေနတာျဖစ္ပါတယ္။ ကုလသမဂၢအေထြေထြညီလာခံ က်င္းပေနခ်ိန္နဲ႔ တခ်ိန္ထဲက်င္းပတဲ့ Concordia ညီလာခံက အေရးပါတဲ့ ဆံုးျဖတ္ခ်က္ခ်မွတ္သူေတြအျပင္ အစိုးရ၊ ပုဂၢလိကနဲ႔ ပရဟိတက႑စံုက အေတြ႔အႀကံဳ႐ွိသူေတြပါဝင္ေဆြးေႏြးၾကတဲ့ ညီလာျဖစ္ပါတယ္။

ဒီကေန႔ ျပဳလုပ္မယ့္ေဆြးေႏြးပြဲကို ျမန္မာႏိုင္ငံက လယ္ယာစိုက္ပ်ဳိးေရးက႑မွာ အေတြ႔အႀကံဳမ်ားတဲ့ မစႏၵာမ်ဳိးလည္း တက္ေရာက္ပါလိမ့္မယ္။ သစ္သီးဝလံ၊ ပန္းမံနဲ႔ ဟင္းသီးဟင္း႐ြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္းရဲ႕အေထြေထြအတြင္းေရးမႈး မစႏၵာမ်ဳိးဟာ ျမန္မာႏိုင္ငံက သရက္သီး၊ ေထာပါတ္သီး၊ ပိန္းဥနဲ႔ ေကာ္ဖီထြက္ကုန္ေတြကို ႏုိင္ငံျခားတင္ပို႔ေရးနဲ႔ ရင္းႏွီးျမွပ္ႏွံေရးအတြက္ ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။

အေမရိကန္အစိုးရအစီအစဥ္တခုျဖစ္တဲ့ စီးပြားေရးမွာ အမ်ဳိးသမီးမ်ားပါဝင္ႏိုင္မႈ အခက္အခဲေက်ာ္လႊားေရး ႏိုင္ငံတကာဦးေဆာင္သူမ်ားအစီအစဥ္နဲ႔ အေမရိကန္ျပည္ေထာင္စုမွာ ေရာက္႐ွိေနတာျဖစ္ပါတယ္။ မစႏၵာမ်ဳိးအပါအဝင္ ႏိုင္ငံတကာကစီးပြားေရးဦးေဆာင္သူ ၁၈ ေယာက္ပါတဲ့အဖဲြ႔ဟာ ၿပီးခဲ့တဲ့တပတ္က ဝါ႐ွင္တန္ၿမိဳ႕ေတာ္ကို လာေရာက္စဥ္မွာ သမၼတအႀကံေပးလည္းျဖစ္တဲ့ Ivanka Trump နဲ႔ေတ႔ြဆံုခဲ့ပါတယ္။

.................

{Unicode}

ကန်သမ္မတသမီး Ivanka ဦးဆောင်မည့်ဆွေးနွေးပွဲ မြန်မာစီးပွားရေးလုပ်ငန်းရှင် မစန္ဒာမျိုးတက်ရောက်မည်

အရေးကြီးတဲ့ ကမ္ဘာ့ရေးရာတွေကို ဆွေးနွေးတဲ့ Concordia နှစ်ပတ်လည်ညီလာခံမှာ အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးကိစ္စကို အမေရိကန်သမ္မတရဲ့ သမီး Ivanka Trump က ဒီကနေ့ ဦးဆောင်နွေးမှာဖြစ်ပါတယ်။ ကမ္ဘာတဝန်း အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေး (W-GDP) အစပြုအစီအစဉ်မှာ Ivanka Trump ပါဝင်ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ဆွေးနွေးမှာပါ။

စီးပွားရေးနဲ့ နိုင်ငံရေးအဆင့်တိုင်းမှာ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တန်းတူပါဝင်နိုင်မှသာ ကမ္ဘာကြီတည်ငြိမ်မှုရှိမယ်ဆိုတဲ့ အချက်ကို အသားပေး ဆောင်ရွက်နေတဲ့ Trump အစိုးရရဲ့လုပ်ငန်းတွေမှာ သမ္မတသမီး Ivanka Trump ကဦးဆောင်လုပ်နေတာဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်နဲ့ တချိန်ထဲကျင်းပတဲ့ Concordia ညီလာခံက အရေးပါတဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေအပြင် အစိုးရ၊ ပုဂ္ဂလိကနဲ့ ပရဟိတကဏ္ဍစုံက အတွေ့အကြုံရှိသူတွေပါဝင်ဆွေးနွေးကြတဲ့ ညီလာဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်မယ့်ဆွေးနွေးပွဲကို မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အတွေ့အကြုံများတဲ့ မစန္ဒာမျိုးလည်း တက်ရောက်ပါလိမ့်မယ်။ သစ်သီးဝလံ၊ ပန်းမံနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းရဲ့အထွေထွေအတွင်းရေးမှုး မစန္ဒာမျိုးဟာ မြန်မာနိုင်ငံက သရက်သီး၊ ထောပါတ်သီး၊ ပိန်းဥနဲ့ ကော်ဖီထွက်ကုန်တွေကို နိုင်ငံခြားတင်ပို့ရေးနဲ့ ရင်းနှီးမြှပ်နှံရေးအတွက် ဆောင်ရွက်နေသူဖြစ်ပါတယ်။

အမေရိကန်အစိုးရအစီအစဉ်တခုဖြစ်တဲ့ စီးပွားရေးမှာ အမျိုးသမီးများပါဝင်နိုင်မှု အခက်အခဲကျော်လွှားရေး နိုင်ငံတကာဦးဆောင်သူများအစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ မစန္ဒာမျိုးအပါအဝင် နိုင်ငံတကာကစီးပွားရေးဦးဆောင်သူ ၁၈ ယောက်ပါတဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ဝါရှင်တန်မြို့တော်ကို လာရောက်စဉ်မှာ သမ္မတအကြံပေးလည်းဖြစ်တဲ့ Ivanka Trump နဲ့တေ့ွဆုံခဲ့ပါတယ်။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ကန္သမၼတသမီး Ivanka ဦးေဆာင္မည့္ေဆြးေႏြးပြဲ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ မစႏၵာမ်ိဳးတက္ေရာက္မည္ ကန္သမၼတသမီး Ivanka ဦးေဆာင္မည့္ေဆြးေႏြးပြဲ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ မစႏၵာမ်ိဳးတက္ေရာက္မည္ Reviewed by THITHTOOLWIN on 02:30 Rating: 5
Powered by Blogger.