ျမန္မာ့အသြင္ကူးေျပာင္းေရးနဲ႔ စစ္တပ္အခန္းက႑

NLD ႐ုံးခ်ဳပ္တြင္ က်င္းပသည့္ ပါတီ ဒုတိယဗဟိုေကာ္မတီ တတိယအႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး။ (စက္တင္ဘာ ၂၁၊ ၂၀၁၉၊ ဓာတ္ပုံ-NLD)
အမ်ဳိးသားကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီ (ကာ/လံု) ရဲ႕ လုပ္ပုိင္ခြင့္အာဏာ ပိုရလာေစေရးအတြက္ တပ္မေတာ္သားေတြနဲ႔ ျပည္ခိုင္ၿဖဳိး ကိုယ္စားလွယ္ေတြ စုေပါင္းၿပီး ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းတဲ့ ဖြဲ႔စည္းပုံုျပင္ဆင္ေရး ဥပေဒမူၾကမ္းဟာ ဖက္ဒရယ္ဒီမုိကေရစီ ျပည္ေထာင္စုကို သြားမယ္လို႔ သေဘာတူထားၾကတဲ့ ျမန္မာ့အသြင္ကူးေျပာင္းေရးမွာ တပ္ရဲ႕အခန္းက႑ကို ပိုခ်ဲ႕ထြင္ဖုိ႔ ဦးတည္ေနသလားလို႔ NLD ပါတီက ေမးခြန္းထုတ္လိုက္ပါတယ္။ တတိယအႀကိမ္ေျမာက္ NLD ပါတီ ဗဟိုေကာ္မတီ အစည္းအေဝးအၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ပါတီတာဝန္ရွိသူတဦး ေျပာၾကားသြားတာပါ။ အျပည့္အစုံကို ကိုဉာဏ္ဝင္းေအာင္က တင္ျပေပးထားပါတယ္။

ကာ/လုံအဖြဲ႔ဝင္ မဲအမ်ားစုက အႀကံျပဳလာရင္ သမၼတက လႊတ္ေတာ္ေတြကို ဖ်က္သိမ္းရမွာမ်ဳိး၊ ကာလုံအစည္းအေဝးေတြကို ၂ လတႀကိမ္ ေခၚယူႏိုင္တာမ်ဳိး စတဲ့ အခ်က္ ၇ ခ်က္ေလာက္ ပါဝင္တဲ့ ကာ/လံုရဲ႕ လုပ္ပုိင္ခြင့္အာဏာ ပိုရလာေစမယ့္ ဖြဲ႔စည္းပုံုျပင္ဆင္ေရး ဥပေဒမူၾကမ္းတရပ္ကို တပ္မေတာ္သားေတြနဲ႔ ျပည္ခိုင္ၿဖဳိးကိုယ္စားလွယ္ေတြ စုေပါင္းၿပီး စက္တင္ဘာ ၂၀ ၿပီးခဲ့တဲ့ ေသာၾကာေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းခဲ့ၾကတာပါ။

ဒါနဲ႔ပတ္သက္ၿပီး ျမန္မာ့ဒီမုိကေရစီ အသြင္ကူးေျပာင္းေရးမွာ တပ္ရဲ႕အခန္းက႑ကို ပိုခ်ဲ႕ထြင္ဖုိ႔ ဦးတည္ေနသလားလို႔ သံသယဝင္မိေၾကာင္း NLD ဗဟိုေကာ္မတီဝင္လည္းျဖစ္၊ ၂၀၀၈ ဖြဲ႔စည္းပံုျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ၀င္လည္း ျဖစ္တဲ့ ဦးေအာင္ၾကည္ညြန္႔က ေမးခြန္းထုတ္လိုက္ပါတယ္။

“တကယ္ေတာ့ ကာ/လုံအေနနဲ႔ ပါဝင္ေဆာင္ရြက္ရမယ့္၊ ကာ/လုံအေနနဲ႔ လုပ္ရမယ့္ ႏိုင္ငံေရးအခင္းအက်င္း အေျခအေနလည္း မေပၚေပါက္ဘူး။ ဒါေၾကာင့္မုိ႔လို႔ ကာ/လုံရဲ႕အေနအထားက သူ႔ဟာသူ စဥ္းစားရမယ္။ သူ႔ကို ေလွ်ာ့ထားတာေတြ ဘာမွမရွိဘူး။ အခုေနာက္ဆုံး တင္လာတဲ့ ဖြဲ႔စည္းပုံျပင္ဆင္ေရး ဥပေဒမူၾကမ္း တင္လာတာကေတာ့ ကာ/လုံအဖြဲ႔အေနနဲ႔ဆိုရင္ အကယ္၍ တုိင္းျပည္အေျခအေန ယိုယြင္းလာရင္ လႊတ္ေတာ္ကို ပယ္ဖ်က္ဖို႔ရန္အတြက္ သမၼတကို အႀကံေပးႏိုင္တယ္ ဘာညာဆုိတဲ့ ၇ ခ်က္ေလာက္ ပါလာတယ္။ အဲလိုပါလာတာ သြားေတြ႔ရတဲ့ အေနအထားမ်ဳိးကေတာ့ ဘာကိုသြားေတြ႔ရသလဲဆိုရင္ ဒီမုိကေရစီနဲ႔ ဖက္ဒရယ္ဒီမုိကေရစီကို သြားၾကမယ္ေျပာရင္းနဲ႔ တပ္ရဲ႕အေျခခံနယ္နိမိတ္ကို ပိုၿပီးေတာ့ ခ်ဲ႕ထြင္လာခ်င္တယ္ဆိုတဲ့ ရည္ရြယ္ခ်က္မ်ဳိးကုိ ဦးတည္ေလသလားလို႔ စဥ္းစားရမယ့္ အေနအထားမ်ဳိးေတြ ရွိတယ္။”

စက္တင္ဘာ ၂၁-၂၂ ႏွစ္ရက္ၾကာ ရန္ကုန္ NLD ဌာနခ်ဳပ္မွာ က်င္းပခဲ့တဲ့ NLD ပါတီ ဒုတိယ ဗဟိုေကာ္မတီ တတိယအႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝးအၿပီး သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြရဲ႕ ေမးခြန္းကို ဦးေအာင္ၾကည္ညြန္႔က အဲဒီလို ေျဖၾကားသြားတာပါ။

NLD အစိုးရလက္ထက္မွာ အခုအခ်ိန္ထိ ကာ/လုံအစည္းအေဝး ေခၚယူက်င္းပခဲ့တာမ်ဳိး မရွိေသးပါဘူး။ ျမန္မာ့ႏိုင္ငံေရးလမ္းေၾကာင္းကို ဖက္ဒရယ္ဒီမုိကေရစီ ျပည္ေထာင္စုအျဖစ္ သြားၾကမယ္လို႔ တပ္မေတာ္ဘက္ကလည္း သေဘာတူထားၿပီး ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ဒီမုိကေရစီလမ္းေၾကာင္းအတုိင္း တကယ္သြားခ်င္ရင္ ႏိုင္ငံတကာ အေတြ႔အႀကဳံေတြကို နမူနာယူၿပီး စစ္တပ္ရဲ႕အခန္းက႑ကို ေလွ်ာ့ခ်သြားရမွာ ျဖစ္တယ္လို႔ ဂ်ာမနီႏိုင္ငံ ဘာလင္တကၠသုိလ္က အာရွေရးရာ အၿငိမ္းစားကထိက ဦးခင္ေမာင္ေစာက သုံးသပ္ပါတယ္။

“စစ္တပ္တုိ႔ ဘာတုိ႔ဆုိတာေတြက ဒီမုိကေရစီေတြ ဘာေတြလည္း သိပ္နားလည္တာ မဟုတ္ဘူး။ သူတုိ႔ကလည္း သူတုိ႔က အေရးႀကီးၿပီး သူတို႔အခန္းက႑ကို ေရွ႕တန္းတင္ခ်င္မွာေပါ့။ ဒါေပမယ့္ တုိင္းရင္းသားအခြင့္အေရး၊ ဖက္ဒရယ္အခြင့္အေရး၊ ျပည္နယ္အခြင့္အေရးေတြ ဆုံး႐ႈံးခဲ့တာ အႏွစ္ ၅၀ ေက်ာ္ေနၿပီေလ။ ဗမာျပည္က လုိက္တုေနတာေတာ့ အင္ဒုိနီးရွားကို လုိက္တုတာေပါ့ဗ်ာ။ စစ္တပ္ရဲ႕ အခန္းက႑က အေရးႀကီးတယ္ဆုိၿပီး စစ္ဗုိလ္ စစ္သားေတြ ယူနီေဖာင္းမခၽြတ္ဘဲနဲ႔ အင္ဒိုနီးရွား ပါလီမန္ထဲ ဝင္ထုိင္ခဲ့တာ ရွိတာပဲ။ ဒါေပမယ့္ သူတုိ႔က တျဖည္းျဖည္းေလွ်ာ့သြားတာ အခုေတာ့ အင္ဒိုနီးရွား ပါလီမန္ထဲမွာေတာ့ စစ္သားလုံးဝမရွိေတာ့ဘူး။ ႏုိင္ငံေရးလုပ္ခ်င္ရင္ စစ္တပ္ကထြက္၊ ထြက္ၿပီးေတာ့ ေရြးေကာက္ပြဲဝင္ေရြး၊ ဒီမုိကေရစီလမ္းေၾကာင္းေပၚ ေရာက္ခ်င္ရင္ေတာ့ ေလွ်ာ့သြားရမွာေပါ့ တျဖည္းျဖည္း။ ဘယ္ႏုိင္ငံကိုပဲ ၾကည့္ၾကည့္ေပါ့ဗ်ာ။ ဥပမာ ဒီမုိကေရစီႏုိင္ငံေတြပဲ ၾကည့္မလား၊ တပါတီအုပ္ခ်ဳပ္တဲ့ ႏုိင္ငံေတြပဲ ၾကည့္မလား၊ စစ္တပ္က အစုိးရလက္ေအာက္မွာပဲ ရွိေနရတာပဲ။”

၂၀၀၈ ဖြဲ႔စည္းပုံျပင္ဆင္ေရးကို NLD ပါတီက ၂၁ ပင္လုံညီလာခံ အပစ္ရပ္ ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းကေန တုိင္းရင္းသားေတြရဲ႕အားကိုယူၿပီး ျပင္ဆင္သြားဖို႔ ကနဦးမွာ ႀကဳိးပမ္းခဲ့ေပမယ့္ NLD အစိုးရသက္တမ္း ၄ ႏွစ္နီးပါး ရွိလာခ်ိန္မွာ ၂၁ ပင္လုံညီလာခံကလည္း ရပ္တန္႔ေနတဲ့အတြက္ ေမွ်ာ္လင့္ခ်က္ ကင္းေနပါတယ္။ အဲဒီအခ်ိန္က်မွ NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ဖြဲ႔စည္းပုံျပင္ဆင္ေရးကို လႊတ္ေတာ္ထဲမွာ အင္တိုက္အားတိုက္ ႀကဳိးပမ္းလာတဲ့အေပၚ စစ္တပ္နဲ႔ ျပည္ခိုင္ၿဖဳိး ကိုယ္စားလွယ္ေတြက ေနာက္ျပန္ဆြဲလိုတဲ့သေဘာ လုပ္ေနတာျဖစ္တယ္လို႔ ဖက္ဒရယ္တုိင္းရင္းသားအေရး ကၽြမ္းက်င္သူ စိုင္းဝမ္စိုင္းက ျမင္ပါတယ္။

“ၿခဳံၿပီးေျပာရရင္ေတာ့ စစ္အုပ္စုကတင္တဲ့ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒ ျပင္ဆင္ေရးက စစ္တပ္က ပုိၿပီး အာဏာရရွိေရးဆုိတဲ့ လုိင္းကုိ သြားတယ္။ တကယ္က အားလုံးသေဘာတူထားတာ ဖက္ဒရယ္ျပည္ေထာင္စုကို သြားတဲ့လမ္းကုိ သြားရမယ္ဆုိေတာ့၊ အခု သူတို႔လုပ္ေနတဲ့ပုံကေတာ့ ေနာက္ျပန္ဆြဲတဲ့ပုံေပါက္တယ္။ အားလုံးကို ၿခံဳငုံေျပာရလို႔ရွိရင္ ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒကို NLD က ေရွ႕တန္းတင္ၿပီး လုပ္ေနတဲ့ဟာကို သူတုိ႔က ကဖ်က္ယဖ်က္ ျဖစ္ေအာင္လုပ္တယ္။ အဲဒါေၾကာင့္ သူတုိ႔ ဒီလိုလႈပ္ရွားမႈကို လုပ္တယ္လို႔ က်ေနာ္ေတာ့ ဒီလုိပဲသုံးသပ္လုိ႔ရတယ္။”

၂၀၀၈ ဖြဲ႔စည္းပုံ အခန္း ၅၊ ပုဒ္မ ၂၀၁ မွာေတာ့ အမ်ဳိးသားကာကြယ္ေရးနဲ႔ လံုၿခံဳေရးေကာင္စီ (ကာ/လုံ) ဖြဲ႔စည္းျခင္းကိုသာ ေဖာ္ျပထားၿပီး ကာ/လုံရဲ႕ လုပ္ငန္းတာဝန္ ဘာေတြလဲဆိုတာ ေဖာ္ျပထားတာ မရွိပါဘူး။ စက္တင္ဘာ ၂၀ ရက္က ျပည္ေထာင္စုလႊတ္ေတာ္ကို စစ္တပ္နဲ႔ ျပည္ခိုင္ၿဖဳိးကိုယ္စားလွယ္ ၁၄၅ ဦး တင္သြင္းတဲ့ ဖြဲ႔စည္းပုံျပင္ေရး မူၾကမ္းထဲမွာေတာ့ အနည္းဆုံး ေကာင္စီဝင္ ၅ ဦးက ေတာင္းဆိုလာရင္ ကာ/လုံအစည္းအေဝးကို ေခၚယူက်င္းပရမွာျဖစ္သလို ၂ လတႀကိမ္ ပုံမွန္အစည္းအေဝး က်င္းပရမယ္လို႔ ပါရွိပါတယ္။ ဒါ့အျပင္ ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးက႑ အျပန္အလွန္ ထိန္းေက်ာင္းမႈ ယုိယြင္းလာတဲ့အခါ လႊတ္ေတာ္ကိုဖ်က္သိမ္းဖို႔ သမၼတကို ကာ/လုံေကာင္စီက အႀကံေပးရမယ္လို႔ ေဖာ္ျပထားၿပီး ျပည္သူ႔လႊတ္ေတာ္၊ အမ်ဳိးသားလႊတ္ေတာ္ထဲမွာ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ သုံးပုံတပုံ လစ္လပ္သြားရင္ လႊတ္ေတာ္ကိုဖ်က္သိမ္းဖို႔ သင့္/မသင့္ သမၼတကို အႀကံေပးခြင့္ရွိတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

-----------------------------

(Unicode)

မြန်မာ့အသွင်ကူးပြောင်းရေးနဲ့ စစ်တပ်အခန်းကဏ္ဍ

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုရလာစေရေးအတွက် တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားမယ်လို့ သဘောတူထားကြတဲ့ မြန်မာ့အသွင်ကူးပြောင်းရေးမှာ တပ်ရဲ့အခန်းကဏ္ဍကို ပိုချဲ့ထွင်ဖို့ ဦးတည်နေသလားလို့ NLD ပါတီက မေးခွန်းထုတ်လိုက်ပါတယ်။ တတိယအကြိမ်မြောက် NLD ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီတာဝန်ရှိသူတဦး ပြောကြားသွားတာပါ။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ကာ/လုံအဖွဲ့ဝင် မဲအများစုက အကြံပြုလာရင် သမ္မတက လွှတ်တော်တွေကို ဖျက်သိမ်းရမှာမျိုး၊ ကာလုံအစည်းအဝေးတွေကို ၂ လတကြိမ် ခေါ်ယူနိုင်တာမျိုး စတဲ့ အချက် ၇ ချက်လောက် ပါဝင်တဲ့ ကာ/လုံရဲ့ လုပ်ပိုင်ခွင့်အာဏာ ပိုရလာစေမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတရပ်ကို တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ စုပေါင်းပြီး စက်တင်ဘာ ၂၀ ပြီးခဲ့တဲ့ သောကြာနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ကြတာပါ။

ဒါနဲ့ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်ရဲ့အခန်းကဏ္ဍကို ပိုချဲ့ထွင်ဖို့ ဦးတည်နေသလားလို့ သံသယဝင်မိကြောင်း NLD ဗဟိုကော်မတီဝင်လည်းဖြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်လည်း ဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က မေးခွန်းထုတ်လိုက်ပါတယ်။

“တကယ်တော့ ကာ/လုံအနေနဲ့ ပါဝင်ဆောင်ရွက်ရမယ့်၊ ကာ/လုံအနေနဲ့ လုပ်ရမယ့် နိုင်ငံရေးအခင်းအကျင်း အခြေအနေလည်း မပေါ်ပေါက်ဘူး။ ဒါကြောင့်မို့လို့ ကာ/လုံရဲ့အနေအထားက သူ့ဟာသူ စဉ်းစားရမယ်။ သူ့ကို လျှော့ထားတာတွေ ဘာမှမရှိဘူး။ အခုနောက်ဆုံး တင်လာတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်း တင်လာတာကတော့ ကာ/လုံအဖွဲ့အနေနဲ့ဆိုရင် အကယ်၍ တိုင်းပြည်အခြေအနေ ယိုယွင်းလာရင် လွှတ်တော်ကို ပယ်ဖျက်ဖို့ရန်အတွက် သမ္မတကို အကြံပေးနိုင်တယ် ဘာညာဆိုတဲ့ ၇ ချက်လောက် ပါလာတယ်။ အဲလိုပါလာတာ သွားတွေ့ရတဲ့ အနေအထားမျိုးကတော့ ဘာကိုသွားတွေ့ရသလဲဆိုရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားကြမယ်ပြောရင်းနဲ့ တပ်ရဲ့အခြေခံနယ်နိမိတ်ကို ပိုပြီးတော့ ချဲ့ထွင်လာချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးကို ဦးတည်လေသလားလို့ စဉ်းစားရမယ့် အနေအထားမျိုးတွေ ရှိတယ်။”

စက်တင်ဘာ ၂၁-၂၂ နှစ်ရက်ကြာ ရန်ကုန် NLD ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဒုတိယ ဗဟိုကော်မတီ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဦးအောင်ကြည်ညွန့်က အဲဒီလို ဖြေကြားသွားတာပါ။

NLD အစိုးရလက်ထက်မှာ အခုအချိန်ထိ ကာ/လုံအစည်းအဝေး ခေါ်ယူကျင်းပခဲ့တာမျိုး မရှိသေးပါဘူး။ မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် သွားကြမယ်လို့ တပ်မတော်ဘက်ကလည်း သဘောတူထားပြီး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီမိုကရေစီလမ်းကြောင်းအတိုင်း တကယ်သွားချင်ရင် နိုင်ငံတကာ အတွေ့အကြုံတွေကို နမူနာယူပြီး စစ်တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချသွားရမှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်က အာရှရေးရာ အငြိမ်းစားကထိက ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“စစ်တပ်တို့ ဘာတို့ဆိုတာတွေက ဒီမိုကရေစီတွေ ဘာတွေလည်း သိပ်နားလည်တာ မဟုတ်ဘူး။ သူတို့ကလည်း သူတို့က အရေးကြီးပြီး သူတို့အခန်းကဏ္ဍကို ရှေ့တန်းတင်ချင်မှာပေါ့။ ဒါပေမယ့် တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေး၊ ပြည်နယ်အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာ အနှစ် ၅၀ ကျော်နေပြီလေ။ ဗမာပြည်က လိုက်တုနေတာတော့ အင်ဒိုနီးရှားကို လိုက်တုတာပေါ့ဗျာ။ စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်ဆိုပြီး စစ်ဗိုလ် စစ်သားတွေ ယူနီဖောင်းမချွတ်ဘဲနဲ့ အင်ဒိုနီးရှား ပါလီမန်ထဲ ဝင်ထိုင်ခဲ့တာ ရှိတာပဲ။ ဒါပေမယ့် သူတို့က တဖြည်းဖြည်းလျှော့သွားတာ အခုတော့ အင်ဒိုနီးရှား ပါလီမန်ထဲမှာတော့ စစ်သားလုံးဝမရှိတော့ဘူး။ နိုင်ငံရေးလုပ်ချင်ရင် စစ်တပ်ကထွက်၊ ထွက်ပြီးတော့ ရွေးကောက်ပွဲဝင်ရွေး၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ချင်ရင်တော့ လျှော့သွားရမှာပေါ့ တဖြည်းဖြည်း။ ဘယ်နိုင်ငံကိုပဲ ကြည့်ကြည့်ပေါ့ဗျာ။ ဥပမာ ဒီမိုကရေစီနိုင်ငံတွေပဲ ကြည့်မလား၊ တပါတီအုပ်ချုပ်တဲ့ နိုင်ငံတွေပဲ ကြည့်မလား၊ စစ်တပ်က အစိုးရလက်အောက်မှာပဲ ရှိနေရတာပဲ။”

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို NLD ပါတီက ၂၁ ပင်လုံညီလာခံ အပစ်ရပ် ငြိမ်းချမ်းရေး လမ်းကြောင်းကနေ တိုင်းရင်းသားတွေရဲ့အားကိုယူပြီး ပြင်ဆင်သွားဖို့ ကနဦးမှာ ကြိုးပမ်းခဲ့ပေမယ့် NLD အစိုးရသက်တမ်း ၄ နှစ်နီးပါး ရှိလာချိန်မှာ ၂၁ ပင်လုံညီလာခံကလည်း ရပ်တန့်နေတဲ့အတွက် မျှော်လင့်ချက် ကင်းနေပါတယ်။ အဲဒီအချိန်ကျမှ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်ထဲမှာ အင်တိုက်အားတိုက် ကြိုးပမ်းလာတဲ့အပေါ် စစ်တပ်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက နောက်ပြန်ဆွဲလိုတဲ့သဘော လုပ်နေတာဖြစ်တယ်လို့ ဖက်ဒရယ်တိုင်းရင်းသားအရေး ကျွမ်းကျင်သူ စိုင်းဝမ်စိုင်းက မြင်ပါတယ်။

“ခြုံပြီးပြောရရင်တော့ စစ်အုပ်စုကတင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက စစ်တပ်က ပိုပြီး အာဏာရရှိရေးဆိုတဲ့ လိုင်းကို သွားတယ်။ တကယ်က အားလုံးသဘောတူထားတာ ဖက်ဒရယ်ပြည်ထောင်စုကို သွားတဲ့လမ်းကို သွားရမယ်ဆိုတော့၊ အခု သူတို့လုပ်နေတဲ့ပုံကတော့ နောက်ပြန်ဆွဲတဲ့ပုံပေါက်တယ်။ အားလုံးကို ခြုံငုံပြောရလို့ရှိရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို NLD က ရှေ့တန်းတင်ပြီး လုပ်နေတဲ့ဟာကို သူတို့က ကဖျက်ယဖျက် ဖြစ်အောင်လုပ်တယ်။ အဲဒါကြောင့် သူတို့ ဒီလိုလှုပ်ရှားမှုကို လုပ်တယ်လို့ ကျနော်တော့ ဒီလိုပဲသုံးသပ်လို့ရတယ်။”

၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၅၊ ပုဒ်မ ၂၀၁ မှာတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ဖွဲ့စည်းခြင်းကိုသာ ဖော်ပြထားပြီး ကာ/လုံရဲ့ လုပ်ငန်းတာဝန် ဘာတွေလဲဆိုတာ ဖော်ပြထားတာ မရှိပါဘူး။စက်တင်ဘာ ၂၀ ရက်က ပြည်ထောင်စုလွှတ်တော်ကို စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ၁၄၅ ဦး တင်သွင်းတဲ့ ဖွဲ့စည်းပုံပြင်ရေး မူကြမ်းထဲမှာတော့ အနည်းဆုံး ကောင်စီဝင် ၅ ဦးက တောင်းဆိုလာရင် ကာ/လုံအစည်းအဝေးကို ခေါ်ယူကျင်းပရမှာဖြစ်သလို ၂ လတကြိမ် ပုံမှန်အစည်းအဝေး ကျင်းပရမယ်လို့ ပါရှိပါတယ်။ ဒါ့အပြင် ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အပြန်အလှန် ထိန်းကျောင်းမှု ယိုယွင်းလာတဲ့အခါ လွှတ်တော်ကိုဖျက်သိမ်းဖို့ သမ္မတကို ကာ/လုံကောင်စီက အကြံပေးရမယ်လို့ ဖော်ပြထားပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် သုံးပုံတပုံ လစ်လပ်သွားရင် လွှတ်တော်ကိုဖျက်သိမ်းဖို့ သင့်/မသင့် သမ္မတကို အကြံပေးခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာ့အသြင္ကူးေျပာင္းေရးနဲ႔ စစ္တပ္အခန္းက႑ ျမန္မာ့အသြင္ကူးေျပာင္းေရးနဲ႔ စစ္တပ္အခန္းက႑ Reviewed by THITHTOOLWIN on 02:32 Rating: 5
Powered by Blogger.