ယောက္ခထီး၊ ယောက္ခမနဲ့ဇနီးဖြစ်သူတို့ကို ပစ္စတိုနဲ့ပစ်ခတ်ခဲ့သူကို သေဆုံးလျက်ပြန်တွေ့

ဓာတ်ပုံ-Sai Tun Lon Hopang

တောင်ကြီး၊ စက်တင်ဘာ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့နယ်၊ ကောင်းဟုန်းရပ်ကွက်မှာ လင်မယားချင်း စကားများရာကနေ ယောက္ခထီး၊ ယောက္ခမနဲ့ဇနီးဖြစ်သူတို့ကို စက်တင်ဘာလ၂၃ရက်၊ ညပိုင်းအချိန်က ပစ္စတိုနဲ့ပစ်ခတ်ခဲ့တယ်လို့ ဟိုပန်မြို့မရဲစခန်းထံမှ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူ စိုင်းသိန်းအောင်ဟာ ယောက္ခထီး၊ ယောက္ခမနဲ့ဇနီးဖြစ်သူတို့ကို ပစ္စတိုနဲ့ပစ်ခတ်ခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ စက်တင်ဘာလ ၂၄ရက် ညနေပိုင်းအချိန်မှာ ဖောင်ဆိပ်-နမ့်တစ် သွားလမ်း ၊ ‌နောင်ဟတ်ဟိုင်းအနီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စိုင်းသိန်းအောင်ရဲ့ပစ်ခတ်မှုကြောင့် ယောက္ခထီးဖြစ်သူ ဦးဆန်ရီမှာ ဘယ်ဖက်တံတောင်ဆစ်ကို ထိမှန်ဒဏ်ရာတစ်ချက်၊ ယောက္ခမဖြစ်သူ ဒေါ်အေးဆင်းမှာ ဘယ်ရင်အုံထိမှန်ဒဏ်ရာတစ်ချက်၊ ဘယ်လက်ကောက်ဝတ် ထိမှန်ဒဏ်ရာတစ်ချက်နဲ့ ဇနီးဖြစ်သူ မနန်းခမ်းအောင်မှာ ဘယ်ဖက်ရင်အုံဘေး ထိမှန်ဒဏ်ရာတစ်ချက်၊ ဘယ်ဖက်လက်မောင်းရှပ်ထိဒဏ်ရာတစ်ချက်၊ ခါးဘယ်ဘက်ခြမ်း ထိမှန်ဒဏ်ရာတစ်ချက်တို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းကဲ့သို့ပတ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေ လားရှိုးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူလျက်ရှိပြီး ဦးဆန်ရီနဲ့ဒေါ်အေးဆင်းမှာ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် မနန်းခမ်းအောင်မှာ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဟိုပန်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၀၉အရ အမှုရေးဖွင့်ထားပြီး အသေးစိတ်ကိုစုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ယောက္ခထီး၊ ယောက္ခမနဲ့ဇနီးဖြစ်သူတို့ကို ပစ္စတိုနဲ့ပစ်ခတ်ခဲ့သူကို သေဆုံးလျက်ပြန်တွေ့ ယောက္ခထီး၊ ယောက္ခမနဲ့ဇနီးဖြစ်သူတို့ကို ပစ္စတိုနဲ့ပစ်ခတ်ခဲ့သူကို သေဆုံးလျက်ပြန်တွေ့ Reviewed by THITHTOOLWIN on 15:47 Rating: 5
Powered by Blogger.