ျမန္မာေက်းလက္ဖြံ႔ၿဖဳိးေရးလုပ္သူ ကုလဆုရ

ေရႊေတာင္ညိဳႀကီးကုမၸဏီလီမိတက္က ထုတ္လုပ္သည့္ ေအာ္ဂဲနစ္ၾကက္ဥ။ (ဓာတ္ပုံ - ကုိေဇာ္ရဲေနာင္ SDG ဆုရွင္၊ စက္တင္ဘာ ၂၇၊ ၂၀၁၉)
၂၀၁၉ ခုႏွစ္ SDG Pioneer ဆုရွင္ေတြထဲမွာ ျမန္မာႏုိင္ငံသား လုပ္ငန္းရွင္တဦးျဖစ္တဲ့ ကိုေဇာ္ရဲေနာင္လည္း ပါဝင္ပါတယ္။ ကုလသမဂၢ Global Compact အဖြဲ႔က ေရြးခ်ယ္ခ်ီးျမႇင့္တဲ့ ဒီႏွစ္အတြက္ Sustainable Development Goals Pioneer ဆုကို ျမန္မာႏုိင္ငံသား လုပ္ငန္းရွင္ေတြထဲက ပထမဆံုး ေရြးခ်ယ္ခ်ီးျမႇင့္ခံရတဲ့ ကိုေဇာ္ရဲေနာင္ဟာ ေရႊေတာင္ညိဳႀကီး ကုမၸဏီလီမိတက္ကို ပူးတြဲ တည္ေထာင္သူတဦးပါ။ သမား႐ိုးက် နည္းလမ္းေတြကေန ခြဲထုတ္ၿပီး ၾကက္ဥထုတ္လုပ္ေရးလုပ္ငန္း စလုပ္ျဖစ္တာကေန အခုလို ကုလသမဂၢရဲ႕ အသိအမွတ္ျပဳ ဆုခ်ီးျမႇင့္ခံရတဲ့ ကိုေဇာ္ရဲေနာင္ကို နယူးေယာက္ၿမိဳ႕မွာ ကိုေက်ာ္ေက်ာ္သိန္းက ေတြ႔ဆံု ေမးျမန္းထားပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း - ကိုေဇာ္ရဲေနာင္ ဗြီအုိေအကုိ ေတြ႔ဆုံေမးျမန္းခြင့္ျပဳတဲ့အတြက္ ေက်းဇူးတင္ပါတယ္ခင္ဗ်။ အေမရိကန္ျပည္ေထာင္စု နယူးေယာက္ကို ေရာက္တုန္း၊ ကိုေဇာ္ရဲေနာင္ အဓိက ဒီကုိလာတဲ့ခရီးစဥ္က 2019 SDG Pioneer ဆုေပါ့ေနာ္၊ United Nations Global Compact ဆိုတဲ့ ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႔အစည္းက ေပးတဲ့ဆု၊ SDG ဆုိေတာ့ Sustainable Development Goals က်ေနာ္တုိ႔ ခုိင္မာတဲ့ ဖြ႔ံၿဖဳိးတိုးတက္ေရးဆုိင္ရာ ရည္မွန္းခ်က္မ်ား ေရွ႕ေဆာင္ေရွ႕ရြက္ ေဖာ္ေဆာင္သူေတြထဲက တဦးေပါ့၊ ႏုိင္ငံတကာ ၁၀ ဦးထဲမွာ တဦး ဆုရတဲ့လူအေနနဲ႔ က်ေနာ္ သိထားပါတယ္။ ကုိေဇာ္ရဲေနာင္ကိုေပးတဲ့ ဆုအမ်ဳိးအစားက ဘာဆုအမ်ဳိးအစားပါလဲ။

ကိုေဇာ္ရဲေနာင္ - ဟုတ္ကဲ့၊ မဂၤလာပါ။ က်ေနာ္ရခဲ့တဲ့ဆုကေတာ့ SDG Pioneer 2019 Advancing Local Livelihood၊ ေက်းလက္ေဒသမွာရွိတဲ့ ျပည္သူေတြရဲ႕ဘဝ တုိးတက္လာေအာင္ လုပ္ေပးႏုိင္ခဲ့တဲ့အတြက္ဆုိၿပီး က်ေနာ့္ကုိေပးတာ ျဖစ္ပါတယ္။ အဓိကေတာ့ က်ေနာ္တုိ႔ Free Range ၾကက္ေတြ လုပ္တဲ့အခါမွာ ေက်းလက္ေဒသ ျပည္သူေတြကို နည္းပညာေတြ၊ ေငြေၾကးေတြ၊ Market ေတြ အာမခံေပးတယ္။ အဲဒီ အာမခံေပးတာရဲ႕ ေနာက္ဆက္တြဲရလဒ္က ဘာျဖစ္လာလဲဆုိေတာ့ ေက်းလက္ေဒသမွာရွိတဲ့သူေတြ ပုံမွန္ဝင္ေငြရလာတယ္။ အဲဒီ Model ေလးက ျမန္မာႏုိင္ငံမွာသာမက တကမၻာလုံးမွာ သုံးလို႔ရတဲ့ စံျပဳႏုိင္တဲ့ Model ေလးတခုျဖစ္တယ္လို႔ သူတုိ႔က ယုံၾကည္တဲ့အတြက္ေၾကာင့္ က်ေနာ့္ကုိ ဒီဆုေပးတာ ျဖစ္ပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း - ခုန ကိုေဇာ္ရဲေနာင္ ေျပာတဲ့အထဲမွာ Free Range ဆုိၿပီး ပါသြားတယ္။ ဘာကို ဆုိလိုတာပါလိမ့္။

ကုိေဇာ္ရဲေအာင္ - က်ေနာ္တုိ႔က ၾကက္ေတြကုိ ေလွာင္အိမ္ထဲမွာ ထည့္မေမြးေတာ့ဘူးခင္ဗ်။ ေျမႀကီးေပၚမွာ လႊတ္ေက်ာင္းၿပီး ေမြးတဲ့စနစ္နဲ႔ ေမြးတာပါ။

ကိုေက်ာ္ေက်ာ္သိန္း - ဆုိေတာ့ ဒီဆုက က်ေနာ္သိထားသေလာက္၊ က်ေနာ္တုိ႔ ဖတ္ထားသေလာက္ ျမန္မာျပည္ကရတဲ့ လုပ္ငန္းရွင္ေတြထဲမွာ ကိုေဇာ္ရဲေနာင္က ပထမဦးဆုံးလုိ႔ သိထားတယ္။ ဟုတ္ပါသလား။

ကိုေဇာ္ရဲေနာင္ - ဟုတ္ပါတယ္ခင္ဗ်။ ျမန္မာႏုိင္ငံမွာ ပထမဆုံး က်ေနာ္ ရတာပါခင္ဗ်။

ကိုေက်ာ္ေက်ာ္သိန္း - ဒီဆုေပးတာေတာ့ ၾကာၿပီေပါ့။

ကုိေဇာ္ရဲေနာင္ - ဟုတ္ကဲ့၊ ဒီဆုေပးတာက က်ေနာ္သိသေလာက္ေတာ့ ငါးႏွစ္ေလာက္ရွိၿပီခင္ဗ်။

ကိုေက်ာ္ေက်ာ္သိန္း - ဒီဆုရတယ္လို႔ သိရတဲ့အခ်ိန္မွာ ဘယ္လိုခံစားရလဲ။

ကိုေဇာ္ရဲေနာင္ - ပထမဆုံးကေတာ့ ဒီဆုကို က်ေနာ္ရလိမ့္မယ္လို႔ မထင္ထားဘူး။ ပထမဆုံး က်ေနာ့္ကုိ ရရွိေၾကာင္း အီးေမးလ္နဲ႔ လွမ္းပို႔တဲ့အခါမွာ ႏွစ္ရက္ သုံးရက္ေလာက္ က်ေနာ္ မယုံၾကည္ႏုိင္ဘူး။ ဟုတ္မွဟုတ္ရဲ႕လား၊ အီးေမးလ္မ်ား မွားပို႔တာလားေပါ့။ ေနာက္ေတာ့မွ တကယ္ဟုတ္တယ္ဆုိတာ သိတဲ့အခ်ိန္မွာ ပထမဦးဆုံးက က်ေနာ္ အရမ္းဝမ္းသာတယ္။ ဝမ္းသာတယ္ဆုိတာ ဘာအတြက္လဲဆုိေတာ့ က်ေနာ္နဲ႔အတူ လက္တြဲၿပီး လုပ္ခဲ့တဲ့ လယ္သမားေတြ၊ သူတို႔အတြက္ ဒါဟာ အရမ္းကို Motivation ျဖစ္ေစႏုိင္တယ္။ က်ေနာ္နဲ႔ ကုိမာန္သူရွိန္ေပါ့ေလ၊ ႏွစ္ေယာက္အတူလုပ္တာ။ က်ေနာ္တုိ႔ ႏွစ္ေယာက္သည္၊ လူငယ္ႏွစ္ေယာက္ ေက်းလက္ေဒသကို ေရာက္လာတယ္၊ သူတုိ႔ကုိ Free Range အေၾကာင္းေတြ ေျပာတယ္။ ေျပာတဲ့အခါမွာ သူတုိ႔ က်ေနာ္တုိ႔ကို ယုံၾကည္ခဲ့လို႔ ဒါကုိ လုိက္လုပ္ခဲ့တာ။ တကယ္ေတာ့ ဒီဆုဟာ သူတို႔အတြက္ တကယ့္ကို ရည္ရြယ္တယ္လို႔ က်ေနာ္ ယုံၾကည္တယ္။ အဲဒီအတြက္ေၾကာင့္ က်ေနာ္ ဒီဆုကို လာယူကုိ ယူရမယ္၊ ဒီဆု လာယူျခင္းဟာ က်ေနာ့္ရြာသားေတြ၊ က်ေနာ့္ကို ယုံၾကည္တဲ့လူေတြအတြက္ လာယူျခင္း ျဖစ္ပါတယ္ခင္ဗ်။

ကိုေက်ာ္ေက်ာ္သိန္း - ဒီဆုရတာက ကိုယ္ကလည္း ပထမဆုံးရတဲ့ဆု၊ ကုိယ့္လုပ္ေဆာင္ခ်က္ကုိလည္း ဒါ အသိအမွတ္ျပဳတာေပါ့ေနာ္။ အဲလိုပဲ ကိုေဇာ္ရဲေနာင္နဲ႔ ဒီ ေရႊေတာင္ညိဳႀကီး ကုမၸဏီလီမိတက္ကို စၿပီး တည္ေထာင္သူတဦးျဖစ္တဲ့ ကိုမာန္သူရွိန္၊ ကိုေဇာ္ရဲေနာင္နဲ႔ ကုိမာန္သူရွိန္တို႔ရဲ႕ စတင္လုပ္ေဆာင္ အေကာင္အထည္ ေဖာ္မႈအျပင္ ဒီမွာပါဝင္တဲ့ လယ္သမားေတြရဲ႕ အားထုတ္မႈနဲ႔ ဒီဆုက ရတာေပါ့ေနာ္။ ဆုိေတာ့ ဒီဆုရသြားၿပီးတဲ့ ေနာက္ပုိင္းမွာ ကိုေဇာ္ရဲေနာင္တို႔ ကုိမာန္သူရွိန္တို႔ရဲ႕ ေရႊေတာင္ညိဳႀကီး ကုမၸဏီလီမိတက္ လုပ္ငန္းေတြ အေပၚမွာ ဘယ္လို အေထာက္အကူ ျဖစ္ေစႏုိင္မလဲ။

ကိုေဇာ္ရဲေနာင္ - အဓိကေတာ့ က်ေနာ္တုိ႔မွာ သိသိသာသာရတာေတာ့ က်ေနာ္တုိ႔ လယ္သမားေတြအားလုံး အရမ္းတက္ႂကြသြားတယ္။ က်ေနာ္တုိ႔ကုိယ္တုိင္လည္း အရမ္းတက္ႂကြသြားတယ္။ က်ေနာ္တုိ႔ ဒီမွာ ပိုၿပီးေတာ့ ႀကိဳးႀကိဳးစားစားနဲ႔ လုပ္ရေတာ့မယ္ ဆုိတာကုိ က်ေနာ္တုိ႔ အားရွိသြားေစတယ္။ ေနာက္တခုကက်ေတာ့ က်ေနာ္တုိ႔မွာ တာဝန္ယူမႈ ပုိသြားတယ္။ က်ေနာ္တုိ႔ လက္ရွိလုပ္ေနတဲ့ စနစ္ေတြထက္ ပုိေကာင္းတဲ့ စနစ္ေတြနဲ႔ လုပ္ဖုိ႔အတြက္ တာဝန္ယူမႈ ရွိသြားတယ္။ အဓိကေတာ့ Modification နဲ႔ တာဝန္ယူမႈက က်ေနာ္တုိ႔ လက္ငင္းရလုိက္တဲ့ အက်ဳိးေက်းဇူးပါခင္ဗ်။

ကိုေက်ာ္ေက်ာ္သိန္း - ဆုိေတာ့ အားပိုျဖစ္သြားေစတာေပါ့ေနာ္။ ကိုယ္ကိုယ္တုိင္ေရာ ကုိယ္နဲ႔ ပတ္သက္ဆက္စပ္ၿပီး ပူးေပါင္းပါဝင္ လုပ္ေဆာင္ေနတဲ့ လယ္သမားေတြအတြက္ေရာ ဒီဥစၥာက တြန္းအားေပးတဲ့၊ ခြန္အားေပးတဲ့ ဆုတခု ျဖစ္သြားတာေပါ့ေနာ္။

ကိုေဇာ္ရဲေနာင္ - ဟုတ္ပါတယ္ခင္ဗ်။

ကိုေက်ာ္ေက်ာ္သိန္း - ဒီဆုထဲမွာ ခုိင္မာတဲ့ ဖြံ႔ၿဖဳိးတုိးတက္ေရးဆုိင္ရာ ရည္မွန္းခ်က္ သတ္မွတ္ခ်က္ေတြထဲက ၇ ခ်က္နဲ႔ ကုိက္ညီတယ္လို႔ ေျပာတယ္။ အဓိက ဘယ္အခ်က္ေတြက ကိုေဇာ္ရဲေနာင္တို႔ လုပ္ေနတာနဲ႔ အဓိကကုိက္ညီတယ္လို႔ ေျပာလို႔ရလဲ။

ကိုေဇာ္ရဲေနာင္ - အဓိကေတာ့ က်ေနာ္တုိ႔ Business Model က ေက်းလက္ေဒသမွာရွိတဲ့ ဆင္းရဲမႈ ေလွ်ာ့ခ်ေရးေပါ့။ ေလွ်ာ့ခ်ေရးကို က်ေနာ္တို႔က အမ်ားႀကီး အေထာက္အကူေပးတယ္။ အဓိကက ပုံမွန္ ေန႔စဥ္ဝင္ေငြရတယ္။ ၾကက္ဥဆုိတာက ေန႔တုိင္းဥေနတဲ့အမ်ဳိး။ အဲေတာ့ ေန႔တုိင္းဥေနေတာ့ ေန႔တုိင္း ပိုက္ဆံရတယ္။ ေန႔တုိင္းဝင္ေငြရတယ္။ ေနာက္ၿပီးေတာ့ ဝါးျခင္းေလးေတြ က်ေနာ္တုိ႔လုပ္တယ္။ ဝါးျခင္းေလးေတြ အမ်ဳိးသမီးေတြကို ရက္ခုိင္းတယ္။ ဆုိေတာ့ Gender Equality မွာလည္း က်ေနာ္တုိ႔က ကုိက္ညီသြားတယ္။ အမ်ဳိးသားက ၾကက္ေမြးမယ္၊ အမ်ဳိးသမီးက ျခင္းလုပ္မယ္။ အဲဒါအျပင္ တျခားရြာသားေတြကလည္း ပဲ၊ ေျပာင္း၊ ႏွမ္းေတြ ဝုိင္းစုိက္ၾကတယ္။ ၾကက္စာအတြက္ေပါ့။ အဲေတာ့ ဒီဟာေလးေတြ အားလုံး ၿခံဳၾကည့္လုိက္မယ္ဆုိရင္ ကုလသမဂၢရဲ႕ Sustainable Development Goals ေပါ့ေလ၊ အဲဒါေတြအားလုံးကို လုံးဝ ကိုက္ညီေနတဲ့အတြက္ေၾကာင့္ က်ေနာ္တုိ႔ကုိ ဒီလို ေရြးခ်ယ္ထားတာ ျဖစ္ပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း - ဟုတ္ကဲ့၊ ကိုေဇာ္ရဲေနာင္ အခုလို ဗြီအိုေအကုိ ေတြ႔ဆုံေမးျမန္းခြင့္ျပဳတဲ့အတြက္ အထူးပဲ ေက်းဇူးတင္ပါတယ္ခင္ဗ်။

ကုိေဇာ္ရဲေနာင္ - ဟုတ္ကဲ့၊ က်ေနာ္ကလည္း ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

---------------------------------

(Unicode)

၂၀၁၉ ခုနှစ် SDG Pioneer ဆုရှင်တွေထဲမှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တဦးဖြစ်တဲ့ ကိုဇော်ရဲနောင်လည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂ Global Compact အဖွဲ့က ရွေးချယ်ချီးမြှင့်တဲ့ ဒီနှစ်အတွက် Sustainable Development Goals Pioneer ဆုကို မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေထဲက ပထမဆုံး ရွေးချယ်ချီးမြှင့်ခံရတဲ့ ကိုဇော်ရဲနောင်ဟာ ရွှေတောင်ညိုကြီး ကုမ္ပဏီလီမိတက်ကို ပူးတွဲ တည်ထောင်သူတဦးပါ။ သမားရိုးကျ နည်းလမ်းတွေကနေ ခွဲထုတ်ပြီး ကြက်ဥထုတ်လုပ်ရေးလုပ်ငန်း စလုပ်ဖြစ်တာကနေ အခုလို ကုလသမဂ္ဂရဲ့ အသိအမှတ်ပြု ဆုချီးမြှင့်ခံရတဲ့ ကိုဇော်ရဲနောင်ကို နယူးယောက်မြို့မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း - ကိုဇော်ရဲနောင် ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။ အမေရိကန်ပြည်ထောင်စု နယူးယောက်ကို ရောက်တုန်း၊ ကိုဇော်ရဲနောင် အဓိက ဒီကိုလာတဲ့ခရီးစဉ်က 2019 SDG Pioneer ဆုပေါ့နော်၊ United Nations Global Compact ဆိုတဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းက ပေးတဲ့ဆု၊ SDG ဆိုတော့ Sustainable Development Goals ကျနော်တို့ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များ ရှေ့ဆောင်ရှေ့ရွက် ဖော်ဆောင်သူတွေထဲက တဦးပေါ့၊ နိုင်ငံတကာ ၁၀ ဦးထဲမှာ တဦး ဆုရတဲ့လူအနေနဲ့ ကျနော် သိထားပါတယ်။ ကိုဇော်ရဲနောင်ကိုပေးတဲ့ ဆုအမျိုးအစားက ဘာဆုအမျိုးအစားပါလဲ။

ကိုဇော်ရဲနောင် - ဟုတ်ကဲ့၊ မင်္ဂလာပါ။ ကျနော်ရခဲ့တဲ့ဆုကတော့ SDG Pioneer 2019 Advancing Local Livelihood၊ ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ဘဝ တိုးတက်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့အတွက်ဆိုပြီး ကျနော့်ကိုပေးတာ ဖြစ်ပါတယ်။ အဓိကတော့ ကျနော်တို့ Free Range ကြက်တွေ လုပ်တဲ့အခါမှာ ကျေးလက်ဒေသ ပြည်သူတွေကို နည်းပညာတွေ၊ ငွေကြေးတွေ၊ Market တွေ အာမခံပေးတယ်။ အဲဒီ အာမခံပေးတာရဲ့ နောက်ဆက်တွဲရလဒ်က ဘာဖြစ်လာလဲဆိုတော့ ကျေးလက်ဒေသမှာရှိတဲ့သူတွေ ပုံမှန်ဝင်ငွေရလာတယ်။ အဲဒီ Model လေးက မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာ သုံးလို့ရတဲ့ စံပြုနိုင်တဲ့ Model လေးတခုဖြစ်တယ်လို့ သူတို့က ယုံကြည်တဲ့အတွက်ကြောင့် ကျနော့်ကို ဒီဆုပေးတာ ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း - ခုန ကိုဇော်ရဲနောင် ပြောတဲ့အထဲမှာ Free Range ဆိုပြီး ပါသွားတယ်။ ဘာကို ဆိုလိုတာပါလိမ့်။

ကိုဇော်ရဲအောင် - ကျနော်တို့က ကြက်တွေကို လှောင်အိမ်ထဲမှာ ထည့်မမွေးတော့ဘူးခင်ဗျ။ မြေကြီးပေါ်မှာ လွှတ်ကျောင်းပြီး မွေးတဲ့စနစ်နဲ့ မွေးတာပါ။

ကိုကျော်ကျော်သိန်း - ဆိုတော့ ဒီဆုက ကျနော်သိထားသလောက်၊ ကျနော်တို့ ဖတ်ထားသလောက် မြန်မာပြည်ကရတဲ့ လုပ်ငန်းရှင်တွေထဲမှာ ကိုဇော်ရဲနောင်က ပထမဦးဆုံးလို့ သိထားတယ်။ ဟုတ်ပါသလား။

ကိုဇော်ရဲနောင် - ဟုတ်ပါတယ်ခင်ဗျ။ မြန်မာနိုင်ငံမှာ ပထမဆုံး ကျနော် ရတာပါခင်ဗျ။

ကိုကျော်ကျော်သိန်း - ဒီဆုပေးတာတော့ ကြာပြီပေါ့။

ကိုဇော်ရဲနောင် - ဟုတ်ကဲ့၊ ဒီဆုပေးတာက ကျနော်သိသလောက်တော့ ငါးနှစ်လောက်ရှိပြီခင်ဗျ။

ကိုကျော်ကျော်သိန်း - ဒီဆုရတယ်လို့ သိရတဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။

ကိုဇော်ရဲနောင် - ပထမဆုံးကတော့ ဒီဆုကို ကျနော်ရလိမ့်မယ်လို့ မထင်ထားဘူး။ ပထမဆုံး ကျနော့်ကို ရရှိကြောင်း အီးမေးလ်နဲ့ လှမ်းပို့တဲ့အခါမှာ နှစ်ရက် သုံးရက်လောက် ကျနော် မယုံကြည်နိုင်ဘူး။ ဟုတ်မှဟုတ်ရဲ့လား၊ အီးမေးလ်များ မှားပို့တာလားပေါ့။ နောက်တော့မှ တကယ်ဟုတ်တယ်ဆိုတာ သိတဲ့အချိန်မှာ ပထမဦးဆုံးက ကျနော် အရမ်းဝမ်းသာတယ်။ ဝမ်းသာတယ်ဆိုတာ ဘာအတွက်လဲဆိုတော့ ကျနော်နဲ့အတူ လက်တွဲပြီး လုပ်ခဲ့တဲ့ လယ်သမားတွေ၊ သူတို့အတွက် ဒါဟာ အရမ်းကို Motivation ဖြစ်စေနိုင်တယ်။ ကျနော်နဲ့ ကိုမာန်သူရှိန်ပေါ့လေ၊ နှစ်ယောက်အတူလုပ်တာ။ ကျနော်တို့ နှစ်ယောက်သည်၊ လူငယ်နှစ်ယောက် ကျေးလက်ဒေသကို ရောက်လာတယ်၊ သူတို့ကို Free Range အကြောင်းတွေ ပြောတယ်။ ပြောတဲ့အခါမှာ သူတို့ ကျနော်တို့ကို ယုံကြည်ခဲ့လို့ ဒါကို လိုက်လုပ်ခဲ့တာ။ တကယ်တော့ ဒီဆုဟာ သူတို့အတွက် တကယ့်ကို ရည်ရွယ်တယ်လို့ ကျနော် ယုံကြည်တယ်။ အဲဒီအတွက်ကြောင့် ကျနော် ဒီဆုကို လာယူကို ယူရမယ်၊ ဒီဆု လာယူခြင်းဟာ ကျနော့်ရွာသားတွေ၊ ကျနော့်ကို ယုံကြည်တဲ့လူတွေအတွက် လာယူခြင်း ဖြစ်ပါတယ်ခင်ဗျ။

ကိုကျော်ကျော်သိန်း - ဒီဆုရတာက ကိုယ်ကလည်း ပထမဆုံးရတဲ့ဆု၊ ကိုယ့်လုပ်ဆောင်ချက်ကိုလည်း ဒါ အသိအမှတ်ပြုတာပေါ့နော်။ အဲလိုပဲ ကိုဇော်ရဲနောင်နဲ့ ဒီ ရွှေတောင်ညိုကြီး ကုမ္ပဏီလီမိတက်ကို စပြီး တည်ထောင်သူတဦးဖြစ်တဲ့ ကိုမာန်သူရှိန်၊ ကိုဇော်ရဲနောင်နဲ့ ကိုမာန်သူရှိန်တို့ရဲ့ စတင်လုပ်ဆောင် အကောင်အထည် ဖော်မှုအပြင် ဒီမှာပါဝင်တဲ့ လယ်သမားတွေရဲ့ အားထုတ်မှုနဲ့ ဒီဆုက ရတာပေါ့နော်။ ဆိုတော့ ဒီဆုရသွားပြီးတဲ့ နောက်ပိုင်းမှာ ကိုဇော်ရဲနောင်တို့ ကိုမာန်သူရှိန်တို့ရဲ့ ရွှေတောင်ညိုကြီး ကုမ္ပဏီလီမိတက် လုပ်ငန်းတွေ အပေါ်မှာ ဘယ်လို အထောက်အကူ ဖြစ်စေနိုင်မလဲ။

ကိုဇော်ရဲနောင် - အဓိကတော့ ကျနော်တို့မှာ သိသိသာသာရတာတော့ ကျနော်တို့ လယ်သမားတွေအားလုံး အရမ်းတက်ကြွသွားတယ်။ ကျနော်တို့ကိုယ်တိုင်လည်း အရမ်းတက်ကြွသွားတယ်။ ကျနော်တို့ ဒီမှာ ပိုပြီးတော့ ကြိုးကြိုးစားစားနဲ့ လုပ်ရတော့မယ် ဆိုတာကို ကျနော်တို့ အားရှိသွားစေတယ်။ နောက်တခုကကျတော့ ကျနော်တို့မှာ တာဝန်ယူမှု ပိုသွားတယ်။ ကျနော်တို့ လက်ရှိလုပ်နေတဲ့ စနစ်တွေထက် ပိုကောင်းတဲ့ စနစ်တွေနဲ့ လုပ်ဖို့အတွက် တာဝန်ယူမှု ရှိသွားတယ်။ အဓိကတော့ Modification နဲ့ တာဝန်ယူမှုက ကျနော်တို့ လက်ငင်းရလိုက်တဲ့ အကျိုးကျေးဇူးပါခင်ဗျ။

ကိုကျော်ကျော်သိန်း - ဆိုတော့ အားပိုဖြစ်သွားစေတာပေါ့နော်။ ကိုယ်ကိုယ်တိုင်ရော ကိုယ်နဲ့ ပတ်သက်ဆက်စပ်ပြီး ပူးပေါင်းပါဝင် လုပ်ဆောင်နေတဲ့ လယ်သမားတွေအတွက်ရော ဒီဥစ္စာက တွန်းအားပေးတဲ့၊ ခွန်အားပေးတဲ့ ဆုတခု ဖြစ်သွားတာပေါ့နော်။

ကိုဇော်ရဲနောင် - ဟုတ်ပါတယ်ခင်ဗျ။

ကိုကျော်ကျော်သိန်း - ဒီဆုထဲမှာ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် သတ်မှတ်ချက်တွေထဲက ၇ ချက်နဲ့ ကိုက်ညီတယ်လို့ ပြောတယ်။ အဓိက ဘယ်အချက်တွေက ကိုဇော်ရဲနောင်တို့ လုပ်နေတာနဲ့ အဓိကကိုက်ညီတယ်လို့ ပြောလို့ရလဲ။

ကိုဇော်ရဲနောင် - အဓိကတော့ ကျနော်တို့ Business Model က ကျေးလက်ဒေသမှာရှိတဲ့ ဆင်းရဲမှု လျှော့ချရေးပေါ့။ လျှော့ချရေးကို ကျနော်တို့က အများကြီး အထောက်အကူပေးတယ်။ အဓိကက ပုံမှန် နေ့စဉ်ဝင်ငွေရတယ်။ ကြက်ဥဆိုတာက နေ့တိုင်းဥနေတဲ့အမျိုး။ အဲတော့ နေ့တိုင်းဥနေတော့ နေ့တိုင်း ပိုက်ဆံရတယ်။ နေ့တိုင်းဝင်ငွေရတယ်။ နောက်ပြီးတော့ ဝါးခြင်းလေးတွေ ကျနော်တို့လုပ်တယ်။ ဝါးခြင်းလေးတွေ အမျိုးသမီးတွေကို ရက်ခိုင်းတယ်။ ဆိုတော့ Gender Equality မှာလည်း ကျနော်တို့က ကိုက်ညီသွားတယ်။ အမျိုးသားက ကြက်မွေးမယ်၊ အမျိုးသမီးက ခြင်းလုပ်မယ်။ အဲဒါအပြင် တခြားရွာသားတွေကလည်း ပဲ၊ ပြောင်း၊ နှမ်းတွေ ဝိုင်းစိုက်ကြတယ်။ ကြက်စာအတွက်ပေါ့။ အဲတော့ ဒီဟာလေးတွေ အားလုံး ခြုံကြည့်လိုက်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ Sustainable Development Goals ပေါ့လေ၊ အဲဒါတွေအားလုံးကို လုံးဝ ကိုက်ညီနေတဲ့အတွက်ကြောင့် ကျနော်တို့ကို ဒီလို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း - ဟုတ်ကဲ့၊ ကိုဇော်ရဲနောင် အခုလို ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ကိုဇော်ရဲနောင် - ဟုတ်ကဲ့၊ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ေက်ာ္ေက်ာ္သိန္း/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာေက်းလက္ဖြံ႔ၿဖဳိးေရးလုပ္သူ ကုလဆုရ ျမန္မာေက်းလက္ဖြံ႔ၿဖဳိးေရးလုပ္သူ ကုလဆုရ Reviewed by THITHTOOLWIN on 00:40 Rating: 5
Powered by Blogger.