ဒီႏွစ္ ကုလညီလာခံ ျမန္မာအတြက္ ဘာေတြထူးသလဲ


မၾကာခင္မွာ ျမန္မာကုိယ္စားလွယ္အဖြဲ႔ တက္ေရာက္မိန္႔ခြန္းေျပာဖို႔ရွိတဲ့ ၇၄ ႀကိမ္ေျမာက္ ကုလ သမဂၢအေထြေထြညီလာခံမွာ သတင္းယူဖို႔ VOA ၀ိုင္းေတာ္သား ကိုေက်ာ္ေက်ာ္သိန္းနဲ႔ ကို၀င္းခန္႔ေမာင္တို႔ ေရာက္ေနၾကပါတယ္။

ဒီမတိုင္ခင္ တျခားႏိုင္ငံတခ်ိဳ႕က ေခါင္းေဆာင္ေတြ ျမန္မာျပည္အေၾကာင္းေျပာၾကားမႈေတြနဲ႔ ပတ္သက္လို႔ ကိုေက်ာ္ေက်ာ္သိန္းကို မခြာညိဳက ဆက္သြယ္ေမးျမန္းစဥ္ သူက အခုလို စေျပာခဲ့ပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း။ ။ ဟုတ္ကဲ့ပါ အခုအခ်ိန္အထိ မိန္႔ခြန္းေျပာသြားၾကတဲ့ ေခါင္းေဆာင္ေတြထဲမွာ ျမန္မာျပည္က ရခိုင္ေျမာက္ပိုင္းမွာ ျဖစ္ခဲ့တဲ့အေျခအေနေတြ ဒုကၡသည္ေတြ ထြက္ေျပးသြားတဲ့ အေျခအေနေတြ စသည္အားျဖင့္ အဲဒီအေျခအေန အရပ္ရပ္နဲ႔ ပတ္သက္ၿပီး က်ေနာ္တုိ႔ သတိထားမိသေလာက္ ေတာ္ေတာ္ေလးေျပာသြားတဲ့အထဲမွာ မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာ မိုဟာမက္ ေျပာသြားတာ ရွိပါတယ္။ အေမရိကန္စံေတာ္ခ်ိန္ ေသာၾကာေန႔ေႏွာင္းပိုင္းမွာဆိုရင္ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina ေျပာသြားတဲ့ မိန္႔ခြန္းမွာလည္း ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ဘဂၤလားေဒ့ရွ္ ဘက္မွာ လက္ခံထားတဲ့ ဒုကၡသည္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေျပာဆိုသြားတာေတြရွိပါတယ္။ ဆိုေတာ့ က်ေနာ္တို႔ ေယဘုယ်အားျဖင့္ ေျပာရမယ္ဆိုရင္ ဒီအေထြေထြညီလာခံမွာ ႏိုင္ငံတကာက ေခါင္းေဆာင္ေတြ၊ ႏိုင္ငံ႔အႀကီးအကဲေတြ တက္ၾကတဲ့ အေထြေထြညီလာခံ ႏိုင္ငံတကာ ပြဲမ်ိဳးမွာ ျမန္မာႏိုင္ငံအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ အထူးအေလးေပး ၿပီးေတာ့ အားစိုက္ၿပီးေတာ့ ဒါေတြေျဖရွင္းမွ ရမယ္ စသည္အားျဖင့္ အျပင္းအထန္ေျပာဆိုသြားတာရွိတယ္လို႔ ေယဘုယ်အားျဖင့္ ေျပာလို႔ရပါတယ္။

မခြာညိဳ ။ ။ အဲဒီလိုေျပာသြားတယ္ဆိုေတာ့ ျမန္မာဘက္က ကိုယ္စားလွယ္ေတြလည္း လာတက္ေနတယ္ဆိုတဲ့အခါက်ေတာ့ သူတို႔ဘက္က ဘယ္လိုျပန္ၿပီးေတာ့ တံု႔ျပန္မယ္လို ႔ ေမွ်ာ္လင့္ရပါသလဲ။

ကိုေက်ာ္ေက်ာ္သိန္း။ ။ ဟုတ္ကဲ့ စေနေန႔ ေန႔လည္ ညေနပိုင္းေလာက္ျဖစ္မယ္ေပါ့။ ျမန္မာကိုယ္စားလွယ္အဖြဲ႔ ေခါင္းေဆာင္ ျပည္္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ျမန္မာႏိုင္ငံ ကိုယ္စား အေထြေထြညီလာခံမွာ မိန္႔ခြန္းေျပာပါလိမ့္မယ္။ ဆိုေတာ့ တျခားႏိုင္ငံက ေခါင္းေဆာင္ေတြ ေျပာထားတာ ရွိတဲ့အတြက္ ျပည္္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြအေနနဲ႔လည္း ျမန္မာႏိုင္ငံဘက္က လုပ္ေနတာေတြ၊ ေဆာင္ရြက္ေနတာေတြ ၊တခါ ႏိုင္ငံတကာနဲ႔ ပူးေပါင္း ေဆာင္ရြက္ေနတာေတြ စသည္အားျဖင့္ ဒီအေျခအေနေတြကို သူ႔ရဲ႕ မိန္႔ခြန္းထဲမွာ ထည့္သြင္းေျပာဆိုလိမ့္မယ္လို႔ က်ေနာ္ခန္႔မွန္းရပါတယ္။ တခါ ႏိုင္ငံတကာရဲ႕ ေ၀ဖန္ခ်က္ေတြကို ျပန္ၿပီးေတာ့ တံု႔ျပန္တဲ့ တံု႔ျပန္ခ်က္ေတြကိုလည္း က်ေနာ္တို႔ ၾကားရမယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

မခြာညိဳ ။ ။ အခုလို ကုလသမဂၢအေထြေထြညီလာခံ က်င္းပၿပီဆိုရင္ ညီလာခံနဲ႔ မဆိုင္ေပမယ့္ sideline events ေလးေတြေပါ့ေနာ္ အဲဒီထဲမွာေရာ ျမန္မာျပည္နဲ႔ ပတ္သက္လို႔ ဘာအစီအစဥ္ေတြ ရွိတယ္လို႔ ၾကားမိပါသလဲ။

ကိုေက်ာ္ေက်ာ္သိန္း။ ။ က်ေနာ္တို႔ အခု သိထားသေလာက္ကေလ United Nations Global Compact ဆိုတဲ့ ကုလ သမဂၢလက္ေအာက္ခံအဖြဲ႔ကေနၿပီးေတာ့ ဒီႀကီးမႈးက်င္းပၿပီးေတာ့ ေပးတဲ့ ဆုတမ်ိဳးေပါ့ေနာ္ အဲဒါကေတာ့ ၂၀၁၉ ခုႏွစ္ sustainable development goals ခိုင္မာတဲ့ ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ ရည္မွန္းခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေရွ႕ေဆာင္ ေဆာင္ရြက္သူေတြဆိုၿပီးေတာ့ ႏိုင္ငံတကာက ပုဂၢိဳလ္ ၁၀ ေယာက္ကို ေရြးခ်ယ္ၿပီးေတာ့ ဆုေပးတာ ရွိပါတယ္။ အဲဒီအထဲမွာ ျမန္မာႏိုင္ငံ ကေရႊေတာင္ညိဳႀကီး ကုမၸဏီလီမစ္တက္ ကို ပူးတြဲတည္ေထာင္သူ ကိုေဇာ္ရဲေနာင္လည္း ဆုရရွိသူ တဦးအေနနဲ႔ ဆုလက္ခံဖို႔ ေရာက္ေနပါတယ္။ ကိုေဇာ္ရဲေနာင္ကိုလည္း က်ေနာ္တို႔ VOA အေနနဲ႔ ေတြ႔ဆံုေမးျမန္းဖို႔ စီစဥ္ထားတာရွိပါတယ္။

မခြာညိဳ ။ ။ လံုၿခံဳေရးအေျခအေနေရာဘယ္လိုရွိပါသလဲ ကုလသမဂၢအေထြေထြညီလာခံမွာ ကမာၻ႕ေခါင္းေဆာင္ေတြ အစံုလာေရာက္ေနတယ္ဆိုတဲ့အခါက်ေတာ့ နယူးေရာက္ရဲ႕ လံုၿခံဳေရး အေျခအေနကိုလည္း ေျပာျပပါဦး။

ကိုေက်ာ္ေက်ာ္သိန္း။ ။ က်ေနာ္ ကုလသမဂၢအေထြေထြညီလာခံ က်င္းပတဲ့ New York ၿမိဳ႕ကို လာၿပီး သတင္းလာယူတာ ဒီတႀကိမ္နဲ႔ဆိုရင္ ၃ ႀကိမ္ထက္မနည္းရွိပါၿပီ။ ဒီႏွစ္လံုၿခံဳေရးက ခါတိုင္းႏွစ္ေတြထက္ လံုၿခံဳေရး ပိုၿပီးေတာ့ တင္းက်ပ္တာ ေတြ႔ရပါတယ္။ ခါတိုင္းလည္း ကုလသမဂၢအေထြေထြညီလာခံက်င္းပတဲ့ ကာလမွာ New York ၿမိဳ႕၀န္းက်င္မွာ ရဲအင္အားပိုခ်ထားတာ ၊ ကုလသမဂၢ အေဆာက္အဦးရဲ႕ ေဘးပတ္၀န္းက်င္ ခပ္လွမ္းလွမ္းက လမ္းေတာ္ေတာ္မ်ားမ်ားကို ပိတ္ထားတာ အဲဒါမ်ိဳးေတြ က်ေနာ္ႀကံဳခဲ့ရပါတယ္။ ဒီႏွစ္က အဲဒီထက္ကို ပိုၿပီးေတာ့ လမ္းပိတ္တာလည္း ပိုမ်ားပါတယ္။ ရဲလံုၿခံဳေရးအင္အားလည္း ပိုၿပီးေတာ့ ခ်ထားတာ က်ေနာ္တုိ႔ ေတြ႔ရပါတယ္။ ၿခံဳၿပီးေတာ့ ေျပာရင္ေတာ့ ဒီႏွစ္က်င္းပတဲ့ ကုလသမဂၢအေထြေထြညီလာခံ ကာလအတြင္း New York ၿမိဳ႕လံုၿခံဳေရးကို ခါတိုင္းထက္ကို ပိုၿပီး တင္းတင္းက်ပ္က်ပ္နဲ႔ ဂရုတစိုက္ေဆာင္ရြက္ေနတဲ့ သေဘာမ်ိဳးလို႔ က်ေနာ္ေတြ႔ေနရပါတယ္။

မခြာညိဳ ။ ။ ကိုေက်ာ္ေက်ာ္သိန္းေရ ေက်းဇူးတင္ပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း။ ။ ဟုတ္ကဲ့ပါ။

၇၄ ႀကိမ္ေျမာက္ ကုလ သမဂၢအေထြေထြညီလာခံမွာ သတင္းယူဖို႔ ေရာက္ရွိေနတဲ့ကိုေက်ာ္ေက်ာ္သိန္းကို မခြာညိဳက ဆက္သြယ္ေမးျမန္းထားတာပါ။

...............

{Unicode}

ဒီနှစ် ကုလညီလာခံ မြန်မာအတွက် ဘာတွေထူးသလဲ

မကြာခင်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်မိန့်ခွန်းပြောဖို့ရှိတဲ့ ၇၄ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံမှာ သတင်းယူဖို့ VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းနဲ့ ကိုဝင်းခန့်မောင်တို့ ရောက်နေကြပါတယ်။ ဒီမတိုင်ခင် တခြားနိုင်ငံတချို့က ခေါင်းဆောင်တွေ မြန်မာပြည်အကြောင်းပြောကြားမှုတွေနဲ့ ပတ်သက်လို့ ကိုကျော်ကျော်သိန်းကို မခွာညိုက ဆက်သွယ်မေးမြန်းစဉ် သူက အခုလို စပြောခဲ့ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ပါ အခုအချိန်အထိ မိန့်ခွန်းပြောသွားကြတဲ့ ခေါင်းဆောင်တွေထဲမှာ မြန်မာပြည်က ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့အခြေအနေတွေ ဒုက္ခသည်တွေ ထွက်ပြေးသွားတဲ့ အခြေအနေတွေ စသည်အားဖြင့် အဲဒီအခြေအနေ အရပ်ရပ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သတိထားမိသလောက် တော်တော်လေးပြောသွားတဲ့အထဲမှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ပြောသွားတာ ရှိပါတယ်။ အမေရိကန်စံတော်ချိန် သောကြာနေ့နှောင်းပိုင်းမှာဆိုရင် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ပြောသွားတဲ့ မိန့်ခွန်းမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ဘက်မှာ လက်ခံထားတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုသွားတာတွေရှိပါတယ်။ ဆိုတော့ ကျနော်တို့ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် ဒီအထွေထွေညီလာခံမှာ နိုင်ငံတကာက ခေါင်းဆောင်တွေ၊ နိုင်ငံ့အကြီးအကဲတွေ တက်ကြတဲ့ အထွေထွေညီလာခံ နိုင်ငံတကာ ပွဲမျိုးမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့ အထူးအလေးပေး ပြီးတော့ အားစိုက်ပြီးတော့ ဒါတွေဖြေရှင်းမှ ရမယ် စသည်အားဖြင့် အပြင်းအထန်ပြောဆိုသွားတာရှိတယ်လို့ ယေဘုယျအားဖြင့် ပြောလို့ရပါတယ်။

မခွာညို ။ ။ အဲဒီလိုပြောသွားတယ်ဆိုတော့ မြန်မာဘက်က ကိုယ်စားလှယ်တွေလည်း လာတက်နေတယ်ဆိုတဲ့အခါကျတော့ သူတို့ဘက်က ဘယ်လိုပြန်ပြီးတော့ တုံ့ပြန်မယ်လို့ မျှော်လင့်ရပါသလဲ။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ စနေနေ့ နေ့လည် ညနေပိုင်းလောက်ဖြစ်မယ်ပေါ့။ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မြန်မာနိုင်ငံ ကိုယ်စား အထွေထွေညီလာခံမှာ မိန့်ခွန်းပြောပါလိမ့်မယ်။ ဆိုတော့ တခြားနိုင်ငံက ခေါင်းဆောင်တွေ ပြောထားတာ ရှိတဲ့အတွက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေအနေနဲ့လည်း မြန်မာနိုင်ငံဘက်က လုပ်နေတာတွေ၊ ဆောင်ရွက်နေတာတွေ ၊တခါ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေတာတွေ စသည်အားဖြင့် ဒီအခြေအနေတွေကို သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုလိမ့်မယ်လို့ ကျနော်ခန့်မှန်းရပါတယ်။ တခါ နိုင်ငံတကာရဲ့ ဝေဖန်ချက်တွေကို ပြန်ပြီးတော့ တုံ့ပြန်တဲ့ တုံ့ပြန်ချက်တွေကိုလည်း ကျနော်တို့ ကြားရမယ်လို့ မျှော်လင့်ထားပါတယ်။

မခွာညို ။ ။ အခုလို ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပပြီဆိုရင် ညီလာခံနဲ့ မဆိုင်ပေမယ့် sideline events လေးတွေပေါ့နော် အဲဒီထဲမှာရော မြန်မာပြည်နဲ့ ပတ်သက်လို့ ဘာအစီအစဉ်တွေ ရှိတယ်လို့ ကြားမိပါသလဲ။

ကိုကျော်ကျော်သိန်း။ ။ ကျနော်တို့ အခု သိထားသလောက်ကလေ United Nations Global Compact ဆိုတဲ့ ကုလ သမဂ္ဂလက်အောက်ခံအဖွဲ့ကနေပြီးတော့ ဒီကြီးမှုးကျင်းပပြီးတော့ ပေးတဲ့ ဆုတမျိုးပေါ့နော် အဲဒါကတော့ ၂၀၁၉ ခုနှစ် sustainable development goals ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆောင် ဆောင်ရွက်သူတွေဆိုပြီးတော့ နိုင်ငံတကာက ပုဂ္ဂိုလ် ၁၀ ယောက်ကို ရွေးချယ်ပြီးတော့ ဆုပေးတာ ရှိပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံ ကရွှေတောင်ညိုကြီး ကုမ္ပဏီလီမစ်တက် ကို ပူးတွဲတည်ထောင်သူ ကိုဇော်ရဲနောင်လည်း ဆုရရှိသူ တဦးအနေနဲ့ ဆုလက်ခံဖို့ ရောက်နေပါတယ်။ ကိုဇော်ရဲနောင်ကိုလည်း ကျနော်တို့ VOA အနေနဲ့ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားတာရှိပါတယ်။

မခွာညို ။ ။ လုံခြုံရေးအခြေအနေရောဘယ်လိုရှိပါသလဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေ အစုံလာရောက်နေတယ်ဆိုတဲ့အခါကျတော့ နယူးရောက်ရဲ့ လုံခြုံရေး အခြေအနေကိုလည်း ပြောပြပါဦး။

ကိုကျော်ကျော်သိန်း။ ။ ကျနော် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပတဲ့ New York မြို့ကို လာပြီး သတင်းလာယူတာ ဒီတကြိမ်နဲ့ဆိုရင် ၃ ကြိမ်ထက်မနည်းရှိပါပြီ။ ဒီနှစ်လုံခြုံရေးက ခါတိုင်းနှစ်တွေထက် လုံခြုံရေး ပိုပြီးတော့ တင်းကျပ်တာ တွေ့ရပါတယ်။ ခါတိုင်းလည်း ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပတဲ့ ကာလမှာ New York မြို့ဝန်းကျင်မှာ ရဲအင်အားပိုချထားတာ ၊ ကုလသမဂ္ဂ အဆောက်အဦးရဲ့ ဘေးပတ်ဝန်းကျင် ခပ်လှမ်းလှမ်းက လမ်းတော်တော်များများကို ပိတ်ထားတာ အဲဒါမျိုးတွေ ကျနော်ကြုံခဲ့ရပါတယ်။ ဒီနှစ်က အဲဒီထက်ကို ပိုပြီးတော့ လမ်းပိတ်တာလည်း ပိုများပါတယ်။ ရဲလုံခြုံရေးအင်အားလည်း ပိုပြီးတော့ ချထားတာ ကျနော်တို့ တွေ့ရပါတယ်။ ခြုံပြီးတော့ ပြောရင်တော့ ဒီနှစ်ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ကာလအတွင်း New York မြို့လုံခြုံရေးကို ခါတိုင်းထက်ကို ပိုပြီး တင်းတင်းကျပ်ကျပ်နဲ့ ဂရုတစိုက်ဆောင်ရွက်နေတဲ့ သဘောမျိုးလို့ ကျနော်တွေ့နေရပါတယ်။

မခွာညို ။ ။ ကိုကျော်ကျော်သိန်းရေ ကျေးဇူးတင်ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ပါ။

၇၄ ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံမှာ သတင်းယူဖို့ ရောက်ရှိနေတဲ့ကိုကျော်ကျော်သိန်းကို မခွာညိုက ဆက်သွယ်မေးမြန်းထားတာပါ။

မခြာညိဳ
ေက်ာ္ေက်ာ္သိန္း/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ဒီႏွစ္ ကုလညီလာခံ ျမန္မာအတြက္ ဘာေတြထူးသလဲ ဒီႏွစ္ ကုလညီလာခံ ျမန္မာအတြက္ ဘာေတြထူးသလဲ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.