တာချီလိတ်မှာ ကျပ် ၁၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများဖမ်းမိ


တာချီလိတ်၊ စက်တင်ဘာ ၁၁

တာချီလိတ်မြို့နယ်အတွင်း ဝမ်ပုံကျေရွာဘက်မှာ ကျပ် ၁၀ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် မူးယစ်ဆေးဝါး ကီလို ၅၀၀ခန့်ကို စက်တင်ဘာလ ၁၁ရက် မနက်ပိုင်းက ဖမ်းဆီးရမိပါတယ်။


မူးယစ်သတင်းအရ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ဟာ ဝမ်ပုံကျေးရွာအဝင်မှာ စက်တင်ဘာ ၁၁ရက် မနက် ၈နာရီခန့်က ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ဝင်များတို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့များက စောင့်ဆိုင်းနေစဉ်မှာ တာချီလိတ်ဘက်ကနေ ဝမ်ပုံဘက်ကို မောင်းနှင်လာတဲ့ ပါဂျဲရိုးကားကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မရပ်တန့်ဘဲ ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးစဉ် မိုင်တိုင်အမှတ် (၃၈) အရောက်မှာ ကျေးရွာအဝင်မုခ်ဦးကို ဝင်ရောက်တိုက်မိခဲ့ပါတယ်။


တိုက်မိတဲ့ယာဉ်ကို စစ်ဆေးရာ ဆာလာအိတ်မီးခိုရောင် ၂၅ အိတ်ကို တွေ့ရှိခဲ့ပြီး ဖွင့်ဖောက်စစ်ဆေးရာမှာ အိတ် တစ်အိတ်ချင်းစီမှာ အိုက်စ် တစ်ကီလိုပါ အထုတ် ၂၀(စုစုပေါင်း အထုတ် ၅၀၀)(ကာလတန်ဖိုး ကျပ် ၁၀ ဘီလီယံခန့်)ကို ယာဉ်မောင်း အိုက်ဝန်းနဲ့အတူ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အိုက်ဝန်းကို သက်ဆိုင်ရာ ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ