မန္တလေးမှာ လူ ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနဲ့ အတူ ဖမ်းမိ၊ AAအဖွဲ့ဝင်များဟု ရဲတပ်ဖွဲ့ပြောဆို


မန္တလေး၊ စက်တင်ဘာ ၁၁

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမျိုးသား (၄) ဦးကို ဖောက်ခွဲ ရေးသုံးပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အတူ စက်တင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းအချိန်က ဖမ်းဆီး ရမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိပါတယ်။

ရဲတပ်ဖွဲ့က သတင်းအရ သက်သေများနဲ့ အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅)ရပ်ကွက်၊ လမ်း ၇၀၊ ဒဿန လမ်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ အောင်လင်းထက်၊ ဦးမြတ်ခိုင်၊ ချမ်းငြိမ်းတို့အား တွေ့ရှိတဲ့အ တွက် စစ်ဆေးမှုတွေ ပြုလုပ်မှုပြုလုပ်ပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နေအိမ်အပေါ်ထပ် အခန်းအတွင်းမှ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး (၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅) လုံး၊ ယမ်းတုံးလို့ ယူဆရတဲံ အထုပ်(၂၈) ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ (၁၀) ခု၊ ဖယောင်းချောင်း (၃၅) ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူလို့ ယူဆရတဲ့ (ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နဲ့ စက္ကူညို (၁) ထုပ်တို့ကို တွေ့ ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်နေစဉ် ဖိုးကျော် (၂၂)နှစ် ထပ်မံရောက်ရှိလာတာဖြစ်ပြီး ဖိုးကျော်ကို ထပ်မံ ဖမ်းဆီးထားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကိုကိုလွင်၊ မန္တ လေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုင်းလှထူး၊ ချမ်းမြသာစည်မြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးနဲ့ ဒုမြို့နယ်မှူးတို့ အား ဆက်သွယ်မေးမြန်းမှုတွေ ပြုလုပ်ပေမယ့် ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။

ချမ်းမြသာစည်မြို့နယ် ယာယီမြို့နယ် ရဲမှူးဇော်ဝင်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ AA တပ်ဖွဲ့ကလို့ အတည်ပြုပါတယ်။

“ ခုသူတို့ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။” လို့ ရဲမှူးဇော်ဝင်းနိုင်က ပြောပါတယ်။

ထက်အောင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
မန္တလေးမှာ လူ ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနဲ့ အတူ ဖမ်းမိ၊ AAအဖွဲ့ဝင်များဟု ရဲတပ်ဖွဲ့ပြောဆို မန္တလေးမှာ လူ ၄ ဦးကို ဖောက်ခွဲရေးပစ္စည်းများနဲ့ အတူ ဖမ်းမိ၊ AAအဖွဲ့ဝင်များဟု ရဲတပ်ဖွဲ့ပြောဆို Reviewed by THITHTOOLWIN on 00:30 Rating: 5
Powered by Blogger.