ကျောက်မဲမြို့၊လွိုင်လန်းလမ်းမှာအသက်၃၀အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရ


တောင်ကြီး၊ စက်တင်ဘာ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရဲစခန်းအပိုင်၊ လွိုင်လန်းလမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာဘ၁၇ရက်ကအမျိုးသမီးတစ်ဦး အသတ်ခံရမှုဖြစ်ပွားခဲ့တယ်လို့ နောင်ပိန်နယ်မြေရဲစခန်းထံမှ သိရပါတယ်။

အသတ်ခံရသူ အမျိုးသမီးမှာ အသက် ၃၀ ခန့်ရှိပြီး အမည်၊ နေရပ် မသိရှိရသေးကြောင်း၊ တရားခံကိုလမ်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီးနောင်ပိန်ရဲစခန်းသို့ဆက်သွယ်ပေးကြဖို့ နောင်ပိန်နယ်မြေရဲစခန်းမှ တာရှိရှိသူတစ်ဦးကပြောပါတယ်။

"လွိုင်လမ်းလမ်းဘေးက ချုံအတွင်းမှာတွေ့တာပါ။ဦးခေါင်းတစ်ခြမ်းပေါက်ပြဲ၊ ယာမျက်စီဖူးယောင် ဒဏ်ရာတွေ တွေ့ရပါတယ်။ကျောက်ခဲနဲ့ထုတ်သတ်ထားတာလို့ ကနဦးယူဆမိပါတယ်။အခင်းဖြစ်နေရာအနီးမှာ သွေးစွန်းနေတဲ့ ကျောက်ခဲတစ်လုံး တွေ့ရပါတယ်။ဘယ်သူဘယ်ဝါမသိရသေးတဲ့အတွက် သိရှိသူတွေအနေနဲ့ ဆက်သွယ်ပေးကြပါ။ပုံတွေကိုလည်း ဖြန့်ဝေထားပါတယ်။အသတ်ခံရသူက နောင်ပိန်တဝိုက်ကတော့ မဟုတ်ဘူး"လို့၎င်းကရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး နောင်ပိန်နယ်မြေရဲစခန်းမှာ (ပ)၂၂/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂အရ အမှုရေးဖွင့်ဖားပြီး အမှုအား ရဲအုပ်သန်းထွန်းမှအသေးစိတ်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ကျောက်မဲမြို့၊လွိုင်လန်းလမ်းမှာအသက်၃၀အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရ ကျောက်မဲမြို့၊လွိုင်လန်းလမ်းမှာအသက်၃၀အရွယ်ရှိ အမျိုးသမီးတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 02:34 Rating: 5
Powered by Blogger.