တီက်စ္စက္႐ံု လည္ပတ္ခြင့္ သံုးႏွစ္သက္တမ္းတိုးျမွင့္

တီက်စ္စက္႐ံု (ဓါတ္ပံု-MATA)
ရွမ္းျပည္နယ္၊ ပင္ေလာင္းၿမိဳ႕နယ္မွာ အစိုးရနဲ႔ တရုတ္ကုမၸဏီတခု ဖက္စပ္လုပ္ကိုင္ေနတဲ့ တီက်စ္ေက်ာက္မီးေသြး စက္ရုံကုိ ျပည္ေထာင္စုအစုိးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ ရွမ္းျပည္နယ္ အစုိးရက စမ္းသပ္လည္ပတ္ခြင့္ သုံးႏွစ္ သက္တမ္းတုိးျမင့္ေပးလုိက္ပါတယ္။

ကန္႔ကြက္ေနတဲ့ ေဒသခံေတြ၊ စက္ရံုကုိေလ့လာဆန္းစစ္ေနတဲ့ အရပ္ဘက္ အဖြဲ႔အစည္းေတြနဲ႔ ညိွႏႈိင္းခဲ့ျခင္းမရွိတာမို႔ သဘာဝပတ္၀န္းက်င္ထိန္းသိမ္းေရး အဖြဲ႔အစည္းေတြက ဒီကိစၥကုိ ႏုိင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္အထိ တင္ျပသြားဖုိ႔ရွိတယ္လို႔ ဆုိပါတယ္။ ဒီအေၾကာင္းကို ဗီြအိုေအသတင္းေထာက္ စုုစုက ေမးျမန္းေပးပို႔ထားပါတယ္

ရွမ္းျပည္နယ္၊ ပင္ေလာင္းၿမိဳ႕နယ္က တီက်စ္ေက်းရြာအုပ္စုမွာရွိတဲ့ တီက်စ္ေက်ာက္မီးေသြးစက္ရံု စမ္းသပ္လည္ပတ္ခြင့္ကို သံုးႏွစ္တိုးျမွင့္ေပးလုိက္တယ္လို႔ ျပည္နယ္အစုိးရကေျပာပါတယ္။ တစ္ေန႔ကုိ လွ်ပ္စစ္မဂၢါဝပ္ ၁၂၀ထြက္တဲ့ ဒီစက္ရံုက အခုခ်ိန္မွာ ၁၀၀ မဂၢါဝပ္ထိ ထုတ္ေပးေနပါတယ္။

တီက်စ္ေက်ာက္မီးေသြးစက္ရံု ပိတ္သိမ္းဖုိ႔အတြက္ ေဒသခံေတြက ဆက္တုိက္ကန္႔ကြက္ခဲ့ေပမယ့္ ျပည္နယ္အစုိးရကေတာ့ ဒါေတြက ျပင္ပအဖြဲ႕အစည္းေတြရဲ႕ ေသြးထိုးလႈံ႕ေဆာ္မႈ တစ္ခုသာျဖစ္တယ္လို႔ ရွမ္းျပည္နယ္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံုက ေျပာပါတယ္။

"ကန္႔ကြက္တာက အျပင္ကလူ လာၿပီးေတာ့ ေသြးထုိးလႈံ႕ေဆာ္မႈက ျဖစ္ေနတဲ့ကိစၥပါ။ က်ေတာ္တို႔ေဒသခံ ျပည္သူေတြက ဘာမွမလုပ္ဘူး။ သူတို႔ေတာင္မွ ဖြံ႕ၿဖိဳးေရးကိစၥေတြအမ်ားႀကီး သူတို႔ခံစားရတာပဲေလ။ ကန္႔ကြက္တယ္ဆုိတာက အျပင္ကလာတဲ့ ဘယ္အဖြဲ႕အစည္းေတြ လည္းေတာ့ မသိဘူးေလ။ ေဒသခံတခ်ိဳ႕ အနည္းအပါးေလးေတြ ေခၚလာၿပီးေတာ့ ဟုိေျပာ၊ ဒီေျပာေတာ့ ရွိတာေပါ့ေလ။"

၂၀၀၂ခုႏွစ္မွာ တရုတ္ႏုိင္ငံအမ်ိဳးသားအႀကီးစား စက္မႈလုပ္ငန္းေကာ္ပိုေရးရွင္းကုမၸဏီ CHMC က တီက်စ္ေက်ာက္မီးေသြးစက္ရံုကို စတင္လုပ္ကိုင္ခြင့္ရခဲ့တာပါ။ အဲဒီေနာက္မွာပဲ လူထုကန္႔ကြက္မႈေတြေၾကာင့္ ဦးသိန္းစိန္အစုိးရလက္ထက္ ၂၀၁၄ခုႏွစ္ကစၿပီး ယာယီ ရပ္နားထားခဲ့ပါတယ္။ ၂၀၁၅ ေအာက္တိုဘာလမွာေတာ့ တရုတ္ကုမၸဏီ Wuxi Hua Quang က တင္ဒါေအာင္ခဲ့ၿပီး အစုိးရနဲ႔ ဖက္စပ္လုပ္ကိုင္ခြင့္ရခဲ့တာပါ။

ျပည္နယ္အစုိးရက ေဒသခံေတြကန္႔ကြက္တာမရွိဘူးလို႔ဆုိေပမယ့္ အခုႏွစ္ ဧၿပီလ၆ရက္ေန႔က လူဦးေရတစ္ေထာင္နီးပါးက အဲဒီစက္ရံု ပိတ္သိမ္းဖုိ႕အတြက္ ဆႏၵျပခဲ့ၾကပါတယ္။ တီက်စ္ေက်ာက္မီးေသြးစက္ရံုအနီးမွာရွိတဲ့ သာယာကုန္းရြာေဒသခံတစ္ဦးက စက္ရံုျပန္လည္ပတ္ဖုိ႔အတြက္ တာဝန္ရွိသူေတြက ဘာတစ္ခုမွ အသိေပးခဲ့တာမရွိဘူးလို႔ ဆုိပါတယ္။

"ၿပီးခဲ့တဲ့လေတြကလည္း ဆႏၵေတြဘာေတြ ထုတ္ေဖာ္တယ္၊ ေျပာတယ္၊ဆိုတယ္။ ၿပီးရင္ ဘုန္းႀကီးေက်ာင္းမွာလည္း ေဆြးေႏြးပြဲေတြ လာလုပ္ရင္ ေဒသခံေတြက မလိုခ်င္ဘူး။ အဲလိုမ်ိဳးေတြ ျငင္းခဲ့ၾကတယ္။ ဒါေပမယ့္ အစိုးရက ျပန္ၿပီးေတာ့မွ ခြင့္ျပဳတယ္လိုက္။ ကိုယ္ေတြက ဆန္႔က်င္ ေပမယ့္လည္း၊ ကုိယ္ေတြက မလိုခ်င္ေပမယ့္လည္း၊ အစုိးရေတြက ဒီလိုမ်ိဳးေတြပဲ လုပ္ေနဦးမွာပဲ ဆိုၿပီးေတာ့မွပဲ၊ အဲလိုမ်ိဳးျဖစ္ေနတဲ့အခါက်ေတာ့ ဒီေဒသခံေတြက ဒီအစုိးရက ဒီစက္ရံုကုိ ေနာက္ထပ္သံုးႏွစ္လည္ပတ္ခြင့္ေပးတာက သိတဲ့လူေတြလည္းရွိမယ္။ မသိေသးတဲ့လူေတြလည္း ရွိမွာေပါ့ေနာ္။"

ေက်ာက္မီးေသြးစက္ရံုကထြက္တဲ့ ျပာမႈန္ေတြက အနီးဝန္းက်င္က ရြာေတြထိျပန္႔ႏွံ႔တာေၾကာင့္ ေဒသခံေတြကေတာ့ က်န္းမာေရးစိုးရိမ္မႈေတြ ရွိလို႔ေနပါတယ္။

ရွမ္းျပည္နယ္အစုိးရကေတာ့ ျပည္သူေတြလိုအပ္တဲ့ လွ်ပ္စစ္လုိအပ္ခ်က္ေၾကာင့္ ရွိတဲ့ စြမ္းအင္ကုိသံုးေနရမွာပဲလို႔ ဆုိပါတယ္။

"က်ေတာ္တို႔က ေက်ာက္မီးေသြးကို သံုးခ်င္လြန္းလို႔လည္း မဟုတ္ဘူး၊ လည္ခ်င္လြန္းလို႔လည္း မဟုတ္ဘူးေလ။ ဒါေတြက အားလံုးလည္း သိဖို႕လိုပါတယ္။ က်ေတာ္တို႔ျမန္မာျပည္မွာ မီးေတြတအားလိုအပ္လာတယ္ဆိုတာ လူတိုင္းသိတယ္ေလ ဟုတ္တယ္မဟုတ္လား။ လူတိုင္း လူတိုင္းလည္း မီးလိုအပ္ေနတာ။ က်ေတာ္တို႔ စက္ရံုအလုပ္ရံုေတြလည္း မီးေတြလိုအပ္ေနတယ္။ ေျဖရွင္းမႈက ဒါပဲရွိတဲ့အခါက်ေတာ့ ရွိတဲ့ဟာကိုပဲ အရင္သံုးရတာေလ။ အဲေတာ့ က်ေတာ္ေျပာခ်င္တာက အဲဒီကန္႔ကြက္ေနတဲ့သူေတြက မီးေတြမသံုးဘူးလား သူတို႔အိမ္မွာ။ သူတို႔ မသံုးရင္လည္း ပိုေကာင္းတာေပါ့ဗ်ာ။ တျခားအိမ္ေတြ ေပးလို႔ရတာေပါ့ဗ်ာ။ က်ေတာ္ေျပာတာက ကန္႔ကြက္ေနမယ့္အစား က်ေတာ္ေျပာတာက ဟုတ္တယ္မဟုတ္လား။"

ပင္ေလာင္းၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနက တီက်စ္ေဒသနဲ႔ပတ္သက္တဲ့ က်န္းမာေရး မွတ္တမ္းမရွိေပမယ့္ အဲဒီေဒသမွာ ကုိယ္ဝန္ပ်က္က်ႏႈန္းနဲ႔ ေပါင္မျပည့္တဲ့ကေလးေမြးဖြားႏႈန္းေတြ အျဖစ္မ်ား လာတယ္လို႔ ျပင္ပက်န္းမာေရးပညာရွင္ေတြကေတာ့ ေထာက္ျပထားပါတယ္။

အရပ္ဘက္အဖြဲ႕အစည္းတခ်ိဳ႕က ႏုိင္ငံတကာအဖြဲ႕အစည္းေတြက ပညာရွင္ေတြရဲ႕ အကူအညီနဲ႔ တီက်စ္ေဒသက ေလထုေရထု အရည္အေသြးကို ဆန္းစစ္ခဲ့ၾကပါတယ္။ ဆန္းစစ္ခ်က္ေတြအရ တီက်စ္စက္ရံုနားက ေရထုနဲ႔ ေလထုဟာ ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO ကသတ္မွတ္ထားတဲ့ စံႏႈန္းထက္ အာဆင္းနစ္ဓာတ္ပါဝင္မႈ ၂၇ဆထိ ေက်ာ္လြန္ေနတယ္လို႔ ၂၀၁၈ခုႏွစ္ မတ္လမွာ ထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏုိင္ငံပြင့္လင္းျမင္သာမႈႏွင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈဆိုင္ရာ အရပ္ဖက္မဟာမိတ္အဖြဲ႕ (MATA) ကေတာ့ အခုလိုအစုိးရက စက္ရံုစမ္းသပ္လည္ပတ္ခြင့္ တုိးျမွင့္လိုက္တဲ့အေပၚ ဆက္လက္ ေဆာင္ရြက္သြားမယ္လို႔ ရွမ္းျပည္နယ္တာဝန္ခံ ေဒၚမီမီသိန္းက ေျပာပါတယ္။

"အရင္ကလည္း က်မတို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ထိ က်မတို႔တင္ခဲ့တာေတြရွိတယ္။ အခုလည္း ဆက္လက္ၿပီးေတာ့မွ အဲတိုင္းပဲ က်မတို႔ ဆက္လုပ္သြားမွာျဖစ္တယ္ေပါ့။ အဲဒါဆိုေတာ့ ဒီအတြင္းထဲမွာ မရဘူးဆိုရင္ေတာ့ က်မတို႔ဘာကို အားကုိးမလဲေပါ့။ ေသခ်ာတာတစ္ခုကေတာ့ က်မတို႔ အေနနဲ႔ကေတာ့ ဒီဟာအေပၚမွာေတာ့ အစုိးရရဲ႕ ရွင္းရွင္းေျပာရင္ ဒီအက်ိဳးစီးပြားေရးေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ မတရားဘူးလို႔ က်မတို႔ ခံယူထားတာျဖစ္တဲ့ အတြက္ေၾကာင့္မို႔လို႔ က်မတို႔က တရားမွ်တမႈနဲ႔ အမွန္တကယ္ျဖစ္ေနတဲ့အရာေပၚမွာ က်မတို႔ တာဝန္ယူမႈ၊ တာဝန္ခံမႈနဲ႔ လုပ္ႏုိင္ဖို႔ ဆက္လုပ္သြားမယ္ေပါ့။"

တီက်စ္ ေက်ာက္မီးေသြးစက္ရံု စမ္းသပ္လည္ပတ္ခြင့္ သံုးႏွစ္တိုးျမွင့္ေပးလိုက္တဲ့အေပၚ ေဒသခံေတြကလည္း စုိးရိမ္မႈေတြရွိေနၿပီး၊ ေလ့လာေစာင့္ၾကည့္ေနတဲ့ အရပ္ဖက္အဖြဲ႕အစည္း ေတြကလည္း ပညာရွင္ေတြနဲ႔ပူးေပါင္းၿပီး ဆက္လက္ေဆာင္ရြက္သြားဖို႔ ျပင္ဆင္ေနပါတယ္။

.................

(Unicode)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှာ အစိုးရနဲ့ တရုတ်ကုမ္ပဏီတခု ဖက်စပ်လုပ်ကိုင်နေတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကို ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ရှမ်းပြည်နယ် အစိုးရက စမ်းသပ်လည်ပတ်ခွင့် သုံးနှစ် သက်တမ်းတိုးမြင့်ပေးလိုက်ပါတယ်။

ကန့်ကွက်နေတဲ့ ဒေသခံတွေ၊ စက်ရုံကိုလေ့လာဆန်းစစ်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းခဲ့ခြင်းမရှိတာမို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက ဒီကိစ္စကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အထိ တင်ပြသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်က တီကျစ်ကျေးရွာအုပ်စုမှာရှိတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံ စမ်းသပ်လည်ပတ်ခွင့်ကို သုံးနှစ်တိုးမြှင့်ပေးလိုက်တယ်လို့ ပြည်နယ်အစိုးရကပြောပါတယ်။ တစ်နေ့ကို လျှပ်စစ်မဂ္ဂါဝပ် ၁၂၀ထွက်တဲ့ ဒီစက်ရုံက အခုချိန်မှာ ၁၀၀ မဂ္ဂါဝပ်ထိ ထုတ်ပေးနေပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံ ပိတ်သိမ်းဖို့အတွက် ဒေသခံတွေက ဆက်တိုက်ကန့်ကွက်ခဲ့ပေမယ့် ပြည်နယ်အစိုးရကတော့ ဒါတွေက ပြင်ပအဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှု တစ်ခုသာဖြစ်တယ်လို့ ရှမ်းပြည်နယ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောပါတယ်။

"ကန့်ကွက်တာက အပြင်ကလူ လာပြီးတော့ သွေးထိုးလှုံ့ဆော်မှုက ဖြစ်နေတဲ့ကိစ္စပါ။ ကျတော်တို့ဒေသခံ ပြည်သူတွေက ဘာမှမလုပ်ဘူး။ သူတို့တောင်မှ ဖွံ့ဖြိုးရေးကိစ္စတွေအများကြီး သူတို့ခံစားရတာပဲလေ။ ကန့်ကွက်တယ်ဆိုတာက အပြင်ကလာတဲ့ ဘယ်အဖွဲ့အစည်းတွေ လည်းတော့ မသိဘူးလေ။ ဒေသခံတချို့ အနည်းအပါးလေးတွေ ခေါ်လာပြီးတော့ ဟိုပြော၊ ဒီပြောတော့ ရှိတာပေါ့လေ။"

၂၀၀၂ခုနှစ်မှာ တရုတ်နိုင်ငံအမျိုးသားအကြီးစား စက်မှုလုပ်ငန်းကော်ပိုရေးရှင်းကုမ္ပဏီ CHMC က တီကျစ်ကျောက်မီးသွေးစက်ရုံကို စတင်လုပ်ကိုင်ခွင့်ရခဲ့တာပါ။ အဲဒီနောက်မှာပဲ လူထုကန့်ကွက်မှုတွေကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ခုနှစ်ကစပြီး ယာယီ ရပ်နားထားခဲ့ပါတယ်။ ၂၀၁၅ အောက်တိုဘာလမှာတော့ တရုတ်ကုမ္ပဏီ Wuxi Hua Quang က တင်ဒါအောင်ခဲ့ပြီး အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခွင့်ရခဲ့တာပါ။

ပြည်နယ်အစိုးရက ဒေသခံတွေကန့်ကွက်တာမရှိဘူးလို့ဆိုပေမယ့် အခုနှစ် ဧပြီလ၆ရက်နေ့က လူဦးရေတစ်ထောင်နီးပါးက အဲဒီစက်ရုံ ပိတ်သိမ်းဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ တီကျစ်ကျောက်မီးသွေးစက်ရုံအနီးမှာရှိတဲ့ သာယာကုန်းရွာဒေသခံတစ်ဦးက စက်ရုံပြန်လည်ပတ်ဖို့အတွက် တာဝန်ရှိသူတွေက ဘာတစ်ခုမှ အသိပေးခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့လတွေကလည်း ဆန္ဒတွေဘာတွေ ထုတ်ဖော်တယ်၊ ပြောတယ်၊ဆိုတယ်။ ပြီးရင် ဘုန်းကြီးကျောင်းမှာလည်း ဆွေးနွေးပွဲတွေ လာလုပ်ရင် ဒေသခံတွေက မလိုချင်ဘူး။ အဲလိုမျိုးတွေ ငြင်းခဲ့ကြတယ်။ ဒါပေမယ့် အစိုးရက ပြန်ပြီးတော့မှ ခွင့်ပြုတယ်လိုက်။ ကိုယ်တွေက ဆန့်ကျင် ပေမယ့်လည်း၊ ကိုယ်တွေက မလိုချင်ပေမယ့်လည်း၊ အစိုးရတွေက ဒီလိုမျိုးတွေပဲ လုပ်နေဦးမှာပဲ ဆိုပြီးတော့မှပဲ၊ အဲလိုမျိုးဖြစ်နေတဲ့အခါကျတော့ ဒီဒေသခံတွေက ဒီအစိုးရက ဒီစက်ရုံကို နောက်ထပ်သုံးနှစ်လည်ပတ်ခွင့်ပေးတာက သိတဲ့လူတွေလည်းရှိမယ်။ မသိသေးတဲ့လူတွေလည်း ရှိမှာပေါ့နော်။"

ကျောက်မီးသွေးစက်ရုံကထွက်တဲ့ ပြာမှုန်တွေက အနီးဝန်းကျင်က ရွာတွေထိပြန့်နှံ့တာကြောင့် ဒေသခံတွေကတော့ ကျန်းမာရေးစိုးရိမ်မှုတွေ ရှိလို့နေပါတယ်။

ရှမ်းပြည်နယ်အစိုးရကတော့ ပြည်သူတွေလိုအပ်တဲ့ လျှပ်စစ်လိုအပ်ချက်ကြောင့် ရှိတဲ့ စွမ်းအင်ကိုသုံးနေရမှာပဲလို့ ဆိုပါတယ်။

"ကျတော်တို့က ကျောက်မီးသွေးကို သုံးချင်လွန်းလို့လည်း မဟုတ်ဘူး၊ လည်ချင်လွန်းလို့လည်း မဟုတ်ဘူးလေ။ ဒါတွေက အားလုံးလည်း သိဖို့လိုပါတယ်။ ကျတော်တို့မြန်မာပြည်မှာ မီးတွေတအားလိုအပ်လာတယ်ဆိုတာ လူတိုင်းသိတယ်လေ ဟုတ်တယ်မဟုတ်လား။ လူတိုင်း လူတိုင်းလည်း မီးလိုအပ်နေတာ။ ကျတော်တို့ စက်ရုံအလုပ်ရုံတွေလည်း မီးတွေလိုအပ်နေတယ်။ ဖြေရှင်းမှုက ဒါပဲရှိတဲ့အခါကျတော့ ရှိတဲ့ဟာကိုပဲ အရင်သုံးရတာလေ။ အဲတော့ ကျတော်ပြောချင်တာက အဲဒီကန့်ကွက်နေတဲ့သူတွေက မီးတွေမသုံးဘူးလား သူတို့အိမ်မှာ။ သူတို့ မသုံးရင်လည်း ပိုကောင်းတာပေါ့ဗျာ။ တခြားအိမ်တွေ ပေးလို့ရတာပေါ့ဗျာ။ ကျတော်ပြောတာက ကန့်ကွက်နေမယ့်အစား ကျတော်ပြောတာက ဟုတ်တယ်မဟုတ်လား။"

ပင်လောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနက တီကျစ်ဒေသနဲ့ပတ်သက်တဲ့ ကျန်းမာရေး မှတ်တမ်းမရှိပေမယ့် အဲဒီဒေသမှာ ကိုယ်ဝန်ပျက်ကျနှုန်းနဲ့ ပေါင်မပြည့်တဲ့ကလေးမွေးဖွားနှုန်းတွေ အဖြစ်များ လာတယ်လို့ ပြင်ပကျန်းမာရေးပညာရှင်တွေကတော့ ထောက်ပြထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတချို့က နိုင်ငံတကာအဖွဲ့အစည်းတွေက ပညာရှင်တွေရဲ့ အကူအညီနဲ့ တီကျစ်ဒေသက လေထုရေထု အရည်အသွေးကို ဆန်းစစ်ခဲ့ကြပါတယ်။ ဆန်းစစ်ချက်တွေအရ တီကျစ်စက်ရုံနားက ရေထုနဲ့ လေထုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကသတ်မှတ်ထားတဲ့ စံနှုန်းထက် အာဆင်းနစ်ဓာတ်ပါဝင်မှု ၂၇ဆထိ ကျော်လွန်နေတယ်လို့ ၂၀၁၈ခုနှစ် မတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) ကတော့ အခုလိုအစိုးရက စက်ရုံစမ်းသပ်လည်ပတ်ခွင့် တိုးမြှင့်လိုက်တဲ့အပေါ် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်နယ်တာဝန်ခံ ဒေါ်မီမီသိန်းက ပြောပါတယ်။

"အရင်ကလည်း ကျမတို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထိ ကျမတို့တင်ခဲ့တာတွေရှိတယ်။ အခုလည်း ဆက်လက်ပြီးတော့မှ အဲတိုင်းပဲ ကျမတို့ ဆက်လုပ်သွားမှာဖြစ်တယ်ပေါ့။ အဲဒါဆိုတော့ ဒီအတွင်းထဲမှာ မရဘူးဆိုရင်တော့ ကျမတို့ဘာကို အားကိုးမလဲပေါ့။ သေချာတာတစ်ခုကတော့ ကျမတို့ အနေနဲ့ကတော့ ဒီဟာအပေါ်မှာတော့ အစိုးရရဲ့ ရှင်းရှင်းပြောရင် ဒီအကျိုးစီးပွားရေးတွေနဲ့ ပတ်သက်ပြီးတော့မှ မတရားဘူးလို့ ကျမတို့ ခံယူထားတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျမတို့က တရားမျှတမှုနဲ့ အမှန်တကယ်ဖြစ်နေတဲ့အရာပေါ်မှာ ကျမတို့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လုပ်နိုင်ဖို့ ဆက်လုပ်သွားမယ်ပေါ့။"

တီကျစ် ကျောက်မီးသွေးစက်ရုံ စမ်းသပ်လည်ပတ်ခွင့် သုံးနှစ်တိုးမြှင့်ပေးလိုက်တဲ့အပေါ် ဒေသခံတွေကလည်း စိုးရိမ်မှုတွေရှိနေပြီး၊ လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဖက်အဖွဲ့အစည်း တွေကလည်း ပညာရှင်တွေနဲ့ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
တီက်စ္စက္႐ံု လည္ပတ္ခြင့္ သံုးႏွစ္သက္တမ္းတိုးျမွင့္ တီက်စ္စက္႐ံု လည္ပတ္ခြင့္ သံုးႏွစ္သက္တမ္းတိုးျမွင့္ Reviewed by THITHTOOLWIN on 02:36 Rating: 5
Powered by Blogger.