တောင်ကြီးရှိ ဌာနဆိုင်ရာ စုပေါင်းရုံးရှေ့မှာ မိုင်းထုတ်လာရောက်ထားရှိမှုဖြစ်ပွား

ဓာတ်ပုံ- ပြန်ဆက်

တောင်ကြီး၊ စက်တင်ဘာ ၁၅

တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ စုပေါင်းရုံးရှေ့မှာ မိုင်း ထုပ်တစ်ထုတ် ကို စက်တင်ဘာ ၁၄ ရက်ညပိုင်းက တွေ့ရှိခဲ့တယ်လို့ တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ သတင်းရရှိပါတယ်။

ဓာတ်ပုံ- ပြန်ဆက်

အဆိုပါ မိုင်းထုပ်ကို ကြက်ခြေနီ တပ်ဖွဲ့မှ စုပေါင်းရုံးသို့လာရောက်စဉ် အချိန်မှာ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တော့ သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့တယ်လို့ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကပြောပါတယ်။

"ညဖက်မှာ ကျွန်တော်တို့ရုံးနဲ့မြို့တော်ခန်းမကြား ၊ ခြံစည်းရိုးအပြင်ဖက် ပလတ်ဖောင်းမှာ ယမ်းထုတ်ထားသွားတယ် ၊ ဒါကို BE တပ်ဖွဲ့က ရှင်းလင်းရေးအဖွဲ့က လာရှင်းသွားတယ်၊ ထိခိုက်ဒဏ်ရာ ရတာတော့မရှိပါဘူး “ လို့ ဦးဖြိုးမင်းထိုက် ကပြောပါတယ်။

ဓာတ်ပုံ- ပြန်ဆက်

ယမ်းထုပ်လာရောက်ထားရှိခဲ့တာဟာ ခြိမ်းခြောက်လိုတဲ့သဘောနဲ့ထားရှိခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲစေတတ်တဲ့ ဒဏ်ရာရစေတဲ့ အမျိုးအစားမဟုတ်ဘူးလို့လည်း ဦးဖြိုးမင်းထိုက်ကပြောပါတယ်။

တွေ့ရှိခဲ့တဲ့ မိုင်းထုပ်ကို စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လာရောက်ဖယ်ရှားရှင်းလင်းခဲ့ပြီး ဖောက်ခွဲဖျက်စီးရန် ယူဆောင်သွားပါတယ်။

ခရိုင်၊မြို့နယ် စုပေါင်းရုံးရှေ့တွင် တွေ့ရှိခဲ့တဲ့  ယမ်းထုပ် ပုံစံမှာ ဖုန်းအားသွင်း Power Bank အပြာရောင်နဲ့ ယမ်းပျော့ထည့်ထားကာ တိပ်အ၀ါရောင်နဲ့ထုပ်ပိုးထားပြီး အဝေးထိန်းချိန်ကိုက်မိုင်းလို့ယူဆရတဲ့ အထုပ်ဖြစ်တယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်ကို ဖုန်းဆက် မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးစိုက်ရာ တောင်ကြီးမြို့ဝင် ၊မြို့ထွက်တွေမှာ စက်တင်ဘာ ပထမပတ်မှ စတင်၍ ရဲတပ်ဖွဲ့ဝင်လုံခြုံရေးအင်အား ချထားကာ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းတွေလည်း လုပ်ဆောင်လျက်ရှိနေပါတယ်။

သတင်း- ခွန်ဆာ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးရှိ ဌာနဆိုင်ရာ စုပေါင်းရုံးရှေ့မှာ မိုင်းထုတ်လာရောက်ထားရှိမှုဖြစ်ပွား တောင်ကြီးရှိ ဌာနဆိုင်ရာ စုပေါင်းရုံးရှေ့မှာ မိုင်းထုတ်လာရောက်ထားရှိမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:36 Rating: 5
Powered by Blogger.