ကျောက်တံခါးမြို့လမ်းဘေးကုက္ကိုပင်အား ယာဉ်တစ်စီးဝင်တိုက်၊ ယာဉ်မောင်းဖြစ်သူသေဆုံး


ကျောက်တံခါး စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မ ရဲစခန်းအပိုင် ရန်ကုန် မန္တလေး ကားလမ်းဟောင်းမိုင်တိုင်အမှတ်၁၀၁/၂နှင့်၃အကြား အလယ်ကျွန်းကျေးရွာအနီး ယနေ့နံနက်၆နာရီခန့်က(၁၄)ဘီးယာဉ်မှမောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကုက္ကိုပင်အားဝင်ရောက်တိုက်မိရာယာဉ်မောင်းနေရာတွင်သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းငြိမ်းချမ်းထွန်း၃၅နှစ် သာစည်မြို့မန္တလေးတိုင်းဒေသကြီးနေသူမောင်းနှင်သည့်ယာဉ်အမှတ်YGN-4L/---------နီဆန်းဒီဇယ်အမျိုးအစားအစိမ်းရောင်(၁၄)ဘီးယာဉ်မှ သံချောင်းများတင်ပြီးလမ်း၏ယာဘက်ခြမ်းအတိုင်းမောင်းနှင်လာစဉ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိကုက္ကိုပင်အားဝင်ရောက်တိုက်မိရာ ယာဉ်မောင်း ငြိမ်းချမ်းထွန်းတွင် ဦးခေါင်းကြေမွဒဏ်ရာဖြင့်နေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မှာဦးခေါင်းပိုင်းကြေမွပျက်စီးခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီးစခန်းမှူးဒုရဲမှူးပြေငြိမ်းမှစစ်ဆေးဆောင်ရွက်ကာ ကျောက်တံခါးမြို့မရဲစခန်းမှ ယာဉ်အားအရမ်းမဲ့ပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်းငြိမ်းချမ်းထွန်းအားအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ