တန့်ယန်းမြို့ရှိ ဗြုံးတောင် ပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး


တောင်ကြီး၊ စက်တင်ဘာ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊တန့်ယန်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်ရှိ ဗြုံးတောင် စက်တင်ဘာလ၂၀ရက် နေ့လည်၁နာရီဝန်းကျင်အချိန်ခန့်က ပြိုကျမှုဖြစ်ပွားမှု ဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းထံမှ သိရပါတယ်။


အဆိုပါ ဗြုံးတောင်ပြိုကျတဲ့ အချိန်မှာ ဗြုံးကျောက်ထုတ်လုပ်တဲ့ အသက် ၄၅နှစ်အရွယ်အမျိုးသားတစ်ဦး ပိမိခဲ့ပြီး ၎င်းကိုရှာဖွေရာ ညနေ၃နာရီဝန်းကျင်အချိန်မှာ သေဆုံးနေတဲ့အလောင်းကိုသာ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

"သေသွားတာကတော့ အသက်၄၅နှစ်အရွယ်အမျိုးသားတစ်ဦးပါ။အသေးစိတ်ကိုဘာမှမပြောနိုင်သေးဘူး။အခုပဲ အလောင်းပြန်တွေ့တာပါ။ပြီးတာနဲ့အသေးစိတ်ထုတ်ပြန်ပေးပါ့မယ်။တောင်ပြိုတဲ့နေမှာ သူက ဗြုံးကျောက်ထုတ်နေတာ"လို့တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူးဦးခင်မောင်မြင့်က ရွှေတြိဂံသတင်းဌာနကိုပြောပါတယ်။


အခင်းဖြစ်ပွားရာနေရာသို့ တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေနဲ့ဒေသခံတွေက ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကာ တစ်ဦးသေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပါတယ်။

သတင်း/ဓာတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တန့်ယန်းမြို့ရှိ ဗြုံးတောင် ပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး တန့်ယန်းမြို့ရှိ ဗြုံးတောင် ပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 02:02 Rating: 5
Powered by Blogger.