ျမန္မာဆိုင္ရာ ဥပေဒၾကမ္းႏွစ္ရပ္ ကန္ ေအာက္လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္ဖြယ္ရွိ

အေမရိကန္ ေအာက္လႊတ္ေတာ္ အစည္းအေ၀း
လူသားခ်င္းစာနာမႈ အေထာက္အကူေပးဖို႔နဲ႕ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ဴိးေဖာက္မႈေတြမွာ တာ၀န္ရွိသူေတြနဲ႔ အဖဲြ႕အစည္းေတြကို ဒဏ္ခတ္ အေရးယူမယ့္ Burma Act ၂၀၁၉ နဲ႔ ျမန္မာ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ ေရွာက္ေရး ဥပေဒမူၾကမ္းေတြကို သီးျခား ဥပေဒေတြအျဖစ္ ျပဌာန္းဖို႔ ဒီကေန႔ စက္တင္ဘာလ (၂၄)ရက္ေန႔မွာ အေမရိကန္ ေအာက္လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္ဖို႔ ရွိေနပါတယ္။

ႏိုင္ငံတကာရာဇ၀တ္မႈေတြ က်ဴးလြန္ေနေၾကာင္း စြပ္စဲြခံထားရတဲ့ ျမန္မာအေပၚ ပိတ္ဆို႔အေရးယူေရး အေမရိကန္လႊတ္ေတာ္ကေန တသံတည္းထြက္ဖို႔ ေအာက္လႊတ္ေတာ္ ပါတီႏွစ္ရပ္လံုးက ၀ါရင့္ေခါင္း ေဆာင္ေတြ ႀကိဳးပမ္းေနတဲ့အေပၚ ႏိုင္ငံတကာလူ႔အခြင့္အေရးအဖဲြ႔ေတြက ႀကိဳဆိုလိုက္ပါတယ္။

မအင္ၾကင္းႏိုင္က အျပည့္အစံုကို တင္ျပမွာပါ။

ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြသာမက သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းေတြကိုပါ ပစ္မွတ္ထားအေရးယူမယ့္ Burma Act ၂၀၁၉ နဲ႔ ျမန္မာႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးဥပေဒမူၾကမ္း Burma Political Prisoners Assistance Act တို႔ကို သီးျခားဥပေဒေတြအျဖစ္ ျပဌာန္းဖို႔ ေအာက္လႊတ္ေတာ္မွာ အဂၤါေန႔မွာ မဲခဲြဆံုးျဖတ္မယ့္ အေျခအေနနဲ႔ ပတ္သက္လို႔ အေမရိကန္လႊတ္ေတာ္နဲ႔ နီးစပ္တဲ့ ၀ါရွင္တန္ အေျခစိုက္ ICR ရိုဟင္ဂ်ာအေရးေဆာင္ရြက္ေနတဲ့ ႏိုင္ငံတကာလႈပ္ရွားမႈအဖဲြ႕ အမႈေဆာင္ညႊန္ၾကားေရးမွဴး Simon Billenness က ဗီြအိုေအကို အခုလို ေျပာပါတယ္။

“အခု ေအာက္လႊတ္ေတာ္မွာ Burma Act ၂၀၁၉ ကို ကန္႔ကြက္မဲ့သူမရွိ အတည္ျပဳျပဌာန္းသတ္မွတ္ဖို႔ ႀကိဳးစားေနၾကပါတယ္။ ဒီဥပေဒမူၾကမ္းဟာ ျမန္မာစစ္တပ္ အဆင့္ျမင့္အရာရွိေတြအေပၚ ျပင္းထန္တဲ့ စီးပြားေရးပိတ္ဆို႔မႈ ခ်မွတ္ရံုမဟုတ္ပဲ စစ္တပ္ပိုင္ စီးပြားေရးကုမၸဏီေတြကိုလည္း ပစ္မွတ္ထား ဒဏ္ခတ္မွာျဖစ္ပါတယ္။”

အခု ေအာက္လႊတ္ေတာ္မွာ မဲခဲြဖို႔ ရွိေနတဲ့ Burma Act ၂၀၁၉ ဥပေဒမူၾကမ္းမွာ ပိုၿပီးျပင္းထန္တဲ့ အခ်က္ကေတာ့- စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ သူတို႔မိသားစု၀င္ေတြကိုပါ ေထာက္ပံ့ေနတဲ့ မည္သူမဆို ပိတ္ဆို႔အေရးယူမွာျဖစ္တယ္လို႔ ထည့္သြင္းထားပါတယ္။

ဇူလိုင္လတုန္းက ေအာက္လႊတ္ေတာ္မွာ အတည္ျပဳျပဌာန္းခဲ့တဲ့ NDAA အမ်ဳိးသား ကာကြယ္ေရး ခြင့္ျပဳမိန္႔ ဥပေဒမူၾကမ္းမွာ ျမန္မာကို ပိတ္ဆို႔အေရးယူတဲ့ Burma Act ၂၀၁၉ ဥပေဒမူၾကမ္းကို ျပင္ဆင္ခ်က္အေနနဲ႔ ထည့္သြင္းၿပီး အတည္ျပဳခဲ့ၿပီးသာျဖစ္ပါတယ္။ အခု ေအာက္လႊတ္ေတာ္မွာ ဒီဥပေဒမူၾကမ္းကို ထပ္ၿပီး မဲခဲြဆံုးျဖတ္တာဟာ သီးသန္႔ ဥပေဒအျဖစ္ ျပဌာန္းဖို႔ အတြက္ ႀကိဳးစားတာျဖစ္ေၾကာင္း Simon Billenness ကိုေျပာပါတယ္။

“ေအာက္လႊတ္ေတာ္မွာ မနက္ျဖန္ မဲခဲြဆံုးျဖတ္ၾကမယ့္ကိစၥက Burma Act ၂၀၁၉ ကို သီးျခား ဥပေဒမူၾကမ္းအျဖစ္ အတည္ျပဳဖို႔ ျဖစ္ပါတယ္။ ေအာက္လႊတ္ေတာ္ တခုလံုးအေနနဲ႔ ျမန္မာကို ပိတ္ဆို႔အေရးယူေရး ဘယ္ေလာက္အထိ ေထာက္ခံသလဲဆိုတာ ျပသဖို႔ျဖစ္ပါတယ္။ အလြန္စိတ္၀င္စားဖို႔ ေကာင္းတဲ့အခ်က္ မႏွစ္က ေအာက္လႊတ္ေတာ္မွာပဲ ဒီဥပေဒမူၾကမ္းကို မဲခဲြဆံုးျဖတ္တုန္းက ရခဲ့တဲ့ မဲအေရအတြက္ ႏႈိင္းယွဥ္ၾကည့္ရမယ့္ အခ်က္ျဖစ္ပါတယ္။”

ေမး။ ။ ဒါဆိုရင္ ၂၀၁၈ ခုနွစ္က NDAA ကို ေနာက္ဆံုး ျပဌာန္းခ်ိန္မွာ အထက္လႊတ္ေတာ္က ပယ္ခ်ခဲ့တဲ့အတြက္ Burma Act ပါမလာခဲ့ဘူးဆိုေတာ့ ဒီႏွစ္အလားအလာ ဘယ္လိုရွိပါလဲ။

ေျဖ။ ။ ဒီႏွစ္မွာ အေျခအေနေတြ ပိုၿပီးေကာင္းမြန္လာတယ္လို႔ က်ေနာ္ထင္ပါတယ္။ ျမန္မာအေပၚ ပိတ္ဆို႔အေရးယူေရးနဲ႔ ပတ္သက္လို႔ အထက္လႊတ္ေတာ္ဘက္က ခိုင္မာတဲ့ ေထာက္ခံမႈေတြ က်ေနာ္တို႔ရထားပါတယ္။ အထူးသျဖင့္ အထက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီ၀င္ ရီပါပလင္ကန္နဲ႔ ဒီမိုကရက္ ပါတီႏွစ္ရပ္လံုးက အမတ္ အမ်ားအျပားရဲ႕ ေထာက္ခံမႈေတြရထားၿပီပါၿပီ။ ဒါေၾကာင့္ ဒီႏွစ္ NDAA အမ်ဳိးသားကာကြယ္ေရးခြင့္ျပဳမိန္႔ ေနာက္ဆံုး ဥပေဒမူၾကမ္းေရးဆဲြရမွာ ျမန္မာအေပၚပိတ္ဆို႔အေရးယူေရး ကိစၥပါ၀င္ဖို႔ အခြင့္အလမ္းေတြ ပိုမ်ားေနပါတယ္။

အေမရိကန္ အထက္နဲ႕ ေအာက္လႊတ္ေတာ္ အသီးသီးတင္သြင္းထားတဲ့ မူၾကမ္းေတြကို ျပန္လည္ညွဳိႏႈိင္းဖို႔ ယာယီဖဲြ႔စည္းထားတဲ့ အထက္နဲ႔ေအာက္ လႊတ္ေတာ္ႏွစ္ရပ္လံုးပါ၀င္တဲ့ ေကာ္မတီ မွာ NDAA ဥပေဒမူၾကမ္းမွာပါတဲ့ အခ်က္ေတြကို ေဆြးေႏြးညႈိႏႈိင္းေနၾကတာျဖစ္ပါတယ္။ အထက္လႊတ္ေတာ္မွာ Burma Human Rights and Freedom Act ဆိုတဲ့ မူၾကမ္းရွိေနၿပီး၊ ေအာက္လႊတ္ေတာ္မွာ Burma Act ဆိုတာရွိေနတာပါ။

ဒီကေန႔ ေအာက္လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္မယ့္ ျမန္မာႏိုင္ငံဆိုင္ရာ ဥပေဒမူၾကမ္းေတြနဲ႔ ပတ္သက္လို႔ AI ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖဲြ႔ႀကီးရဲ႕ အာရွဆိုင္ရာတာ၀န္ခံ Franciso Bencosme ကလည္း အခုလို ေျပာပါတယ္။

“ေအာက္လႊတ္ေတာ္အမတ္ေတြအေနနဲ႔ ျမန္မာကို အၿမဲပဲ ဖိအားေပးေနတာပါ။ မနက္ျဖန္မွာ မဲခဲြဆံုးျဖတ္မယ့္ အထူးသျဖင့္ ဥပေဒမူၾကမ္းေတြထဲက တခုျဖစ္တဲ့ Burma Act ဟာ ျမန္မာနဲ႔ ပတ္သက္လို႔ အေမရိကန္လႊတ္ေတာ္အေနနဲ႔ တသံတည္းျဖစ္ဖို႔ အထက္လႊတ္ေတာ္ကို အခ်က္ေပး လိုက္တာျဖစ္ပါတယ္။ ေနာက္ Burma Political Prisoners Assistance Act လို႔ အမည္ေပးထားတဲ့ ျမန္မာႏို္င္ငံ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး ဥပေဒမူၾကမ္းကို သီးသန္႔ခဲြ ထုတ္ထားတာကို ၾကည့္ရင္ ရိုဟင္ဂ်ာ အၾကပ္အတည္းအျပင္ ျမန္မာႏိုင္ငံတြင္းျဖစ္ေနတဲ့ အျခားလူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ကို အေမရိကန္လႊတ္ေတာ္က ေစာင့္ၾကည့္ေနတယ္ဆိုတာ ျပသေနၿပီး ျမန္မာႏုိင္ငံမွာ ယံုၾကည္ခ်က္ေၾကာင့္ အက်ဥ္းက်ေနသူေတြ လြတ္ေျမာက္ေရး အေမရိကန္က ဦးစားေပးေဆာင္ရြက္ေနတယ္ဆိုတာကိုလည္း ျပသတာျဖစ္ပါတယ္။”

၂၀၁၉ Burma Act ဥပေဒမူၾကမ္း ကို ေအာက္လႊတ္ေတာ္ ႏုိင္ငံျခားဆက္ဆံေရးေကာ္မတီ လက္ရွိ ဥကၠ႒ ဒီမုိကရက္ လႊတ္ေတာ္အမတ္ Eliot Engel နဲ႔ ေအာက္လႊတ္ေတာ္ ႏုိင္ငံျခား ဆက္ဆံေရး ေကာ္မတီ အာရွနဲ႔ ပစိဖိတ္ေရးရာ ဌာနခြဲ ဥကၠ႒ေဟာင္း ရီပါပလင္ကန္အမတ္ Steve Chabot တုိ႔က ဦးေဆာင္တင္သြင္း ခဲ့တာျဖစ္ပါတယ္။ ျမန္မာစစ္တပ္နဲ႔ အေမရိကန္ စစ္တပ္ ၾကား စစ္ေရးအရ ပူးေပါင္းေဆာင္ရြက္မႈ ကန္႔သတ္တားျမစ္ခ်က္အပါအ၀င္ ျမန္မာႏိုင္ငံက ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြနဲ႔ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္မွာ ခိုလႈံေနတဲ့ ဒုကၡသည္ေတြ အတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးဖို႔ အေမရိကန္ေဒၚလာ ၂၂၁ သန္း ပါ၀င္တဲ့ ဘတ္ဂ်က္ လ်ာထားခ်က္၊ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ဴိးေဖာက္မႈေတြမွာ တာ၀န္ရွိသူေတြနဲ႔ အဖဲြ႕အစည္းေတြကို ဒဏ္ခတ္အေရးယူဖို႔ စတဲ့ အခ်က္ေတြ ပါ၀င္ပါတယ္။

Burma Political Prisoners Assistance Act လို႔ အမည္ေပးထားတဲ့ ျမန္မာႏို္င္ငံ ႏိုင္ငံေရးအက်ဥ္း သားမ်ား ကူညီေစာင့္ေရွာက္ေရး ဥပေဒမူၾကမ္းကိုေတာ့ အေမရိကန္ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီရဲ႕ အာရွ ပစိဖိတ္နဲ႔ ႏ်ဴကလီးယား မျပန္႔ပြားေရး ဆပ္ေကာ္မတီ ဝင္ေတြျဖစ္တဲ့ Michigan ျပည္နယ္ ဒီမိုကရက္ ေအာက္လႊတ္ေတာ္အမတ္ Andy Levin နဲ႕ Missouri ျပည္နယ္ ရီပါပလင္ကန္ ေအာက္လႊတ္ေတာ္အမတ္ Ann Wagner တို႔က ဦးေဆာင္တင္သြင္းခဲ့တာျဖစ္ပါတယ္။ ဒီဥပေဒမူၾကမ္းမွာေတာ့ ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရးအပါအ၀င္ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းေတြ ကူညီေစာင့္ေရွာက္ ေရးနဲ႔ ႏိုင္ငံေရး အက်ဥ္းသားေတြ လြတ္ေျမာက္ေရးအတြက္ ေဆာင္ရြက္ေနတဲ့ အရပ္ဖက္ အဖဲြ႔အစည္းေတြကုိ အေမရိကန္ႏိုင္ငံျခားေရးဌာနအေနနဲ႔ ကူညီပံပိုးဖို႔ စတဲ့အခ်က္ေတြ ျပဌာန္းထားပါတယ္။
ျမန္မာဆိုင္ရာ ဥပေဒၾကမ္းႏွစ္ရပ္ ကန္ေအာင္လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္ဖြယ္ရွိ
Embed share
ျမန္မာဆိုင္ရာ ဥပေဒၾကမ္းႏွစ္ရပ္ ကန္ေအာင္လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္ဖြယ္ရွိ
by ဗီြအိုေအ
Embed share
The code has been copied to your clipboard.
The URL has been copied to your clipboard

    Facebook တြင္ျဖန္႔ေ၀ရန္
    Twitter တြင္ျဖန္႔ေ၀ရန္

No media source currently available
0:00 4:42
0:00
တိုက္႐ိုက္ လင့္ခ္

Unicode Version

လူသားချင်းစာနာမှု အထောက်အကူပေးဖို့နဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ် အရေးယူမယ့် Burma Act ၂၀၁၉ နဲ့ မြန်မာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့် ရှောက်ရေး ဥပဒေမူကြမ်းတွေကို သီးခြား ဥပဒေတွေအဖြစ် ပြဌာန်းဖို့ ဒီကနေ့ စက်တင်ဘာလ (၂၄)ရက်နေ့မှာ အမေရိကန် အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း စွပ်စွဲခံထားရတဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူရေး အမေရိကန်လွှတ်တော်ကနေ တသံတည်းထွက်ဖို့ အောက်လွှတ်တော် ပါတီနှစ်ရပ်လုံးက ဝါရင့်ခေါင်း ဆောင်တွေ ကြိုးပမ်းနေတဲ့အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
မြန်မာစစ်ဗိုလ်ချုပ်တွေသာမက သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပါ ပစ်မှတ်ထားအရေးယူမယ့် Burma Act ၂၀၁၉ နဲ့မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးဥပဒေမူကြမ်း Burma Political Prisoners Assistance Act တို့ကို သီးခြားဥပဒေတွေအဖြစ် ပြဌာန်းဖို့ အောက်လွှတ်တော်မှာ အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မယ့် အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်နဲ့ နီးစပ်တဲ့ ဝါရှင်တန် အခြေစိုက် ICR ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Simon Billenness က ဗွီအိုအေကိုပြောပါတယ်။
“အခု အောက်လွှတ်တော်မှာ Burma Act ၂၀၁၉ ကို ကန့်ကွက်မဲ့သူမရှိ အတည်ပြုပြဌာန်းသတ်မှတ်ဖို့ ကြိုးစားနေကြပါတယ်။ ဒီဥပဒေမူကြမ်းဟာ မြန်မာစစ်တပ် အဆင့်မြင့်အရာရှိတွေအပေါ်ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှု ချမှတ်ရုံမဟုတ်ပဲ စစ်တပ်ပိုင် စီးပွားရေးကုမ္ပဏီတွေကိုလည်း ပစ်မှတ်ထား ဒဏ်ခတ်မှာဖြစ်ပါတယ်။”
အခု အောက်လွှတ်တော်မှာ မဲခွဲဖို့ ရှိနေတဲ့ Burma Act ၂၀၁၉ ဥပဒေမူကြမ်းမှာ ပိုပြီးပြင်းထန်တဲ့ အချက်ကတော့- စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့မိသားစုဝင်တွေကိုပါ ထောက်ပံ့နေတဲ့ မည်သူမဆို ပိတ်ဆို့အရေးယူမှာဖြစ်တယ်လို့ ထည့်သွင်းထားပါတယ်။
ဇူလိုင်လတုန်းက အောက်လွှတ်တော်မှာ အတည်ပြုပြဌာန်းခဲ့တဲ့NDAA အမျိုးသား ကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေမူကြမ်းမှာ မြန်မာကို ပိတ်ဆို့အရေးယူတဲ့ Burma Act ၂၀၁၉ ဥပဒေမူကြမ်းကို ပြင်ဆင်ချက်အနေနဲ့ ထည့်သွင်းပြီး အတည်ပြုခဲ့ပြီးသာဖြစ်ပါတယ်။ အခု အောက်လွှတ်တော်မှာ ဒီဥပဒေမူကြမ်းကို ထပ်ပြီး မဲခွဲဆုံးဖြတ်တာဟာ သီးသန့် ဥပဒေအဖြစ် ပြဌာန်းဖို့ အတွက် ကြိုးစားတာဖြစ်ကြောင်း Simon Billenness ကိုပြောပါတယ်။
“အောက်လွှတ်တော်မှာ မနက်ဖြန် မဲခွဲဆုံးဖြတ်ကြမယ့်ကိစ္စက Burma Act ၂၀၁၉ ကို သီးခြား ဥပဒေမူကြမ်းအဖြစ် အတည်ပြုဖို့ ဖြစ်ပါတယ်။ အောက်လွှတ်တော် တခုလုံးအနေနဲ့ မြန်မာကို ပိတ်ဆို့အရေးယူရေး ဘယ်လောက်အထိ ထောက်ခံသလဲဆိုတာ ပြသဖို့ဖြစ်ပါတယ်။ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့အချက် မနှစ်က အောက်လွှတ်တော်မှာပဲ ဒီဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်တုန်းက ရခဲ့တဲ့ မဲအရေအတွက် နှိုင်းယှဉ်ကြည့်ရမယ့် အချက်ဖြစ်ပါတယ်။”
မေး။။ ဒါဆိုရင် ၂၀၁၈ ခုနှစ်က NDAA ကို နောက်ဆုံး ပြဌာန်းချိန်မှာ အထက်လွှတ်တော်က ပယ်ချခဲ့တဲ့အတွက် Burma Act ပါမလာခဲ့ဘူးဆိုတော့ ဒီနှစ်အလားအလာ ဘယ်လိုရှိပါလဲ။
ဖြေ။။ ဒီနှစ်မှာ အခြေအနေတွေ ပိုပြီးကောင်းမွန်လာတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာအပေါ် ပိတ်ဆို့အရေးယူရေးနဲ့ ပတ်သက်လို့ အထက်လွှတ်တော်ဘက်က ခိုင်မာတဲ့ ထောက်ခံမှုတွေ ကျနော်တို့ရထားပါတယ်။ အထူးသဖြင့် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဝင် ရီပါပလင်ကန်နဲ့ ဒီမိုကရက် ပါတီနှစ်ရပ်လုံးက အမတ် အများအပြားရဲ့ ထောက်ခံမှုတွေရထားပြီပါပြီ။ ဒါကြောင့် ဒီနှစ် NDAA အမျိုးသားကာကွယ်ရေးခွင့်ပြုမိန့် နောက်ဆုံး ဥပဒေမူကြမ်းရေးဆွဲရမှာ မြန်မာအပေါ်ပိတ်ဆို့အရေးယူရေး ကိစ္စပါဝင်ဖို့ အခွင့်အလမ်းတွေ ပိုများနေပါတယ်။
အမေရိကန် အထက်နဲ့ အောက်လွှတ်တော် အသီးသီးတင်သွင်းထားတဲ့ မူကြမ်းတွေကို ပြန်လည်ညှိုနှိုင်းဖို့ ယာယီဖွဲ့စည်းထားတဲ့ အထက်နဲ့အောက် လွှတ်တော်နှစ်ရပ်လုံးပါဝင်တဲ့ ကော်မတီ မှာNDAA ဥပဒေမူကြမ်းမှာပါတဲ့ အချက်တွေကို ဆွေးနွေးညှိုနှိုင်းနေကြတာဖြစ်ပါတယ်။အထက်လွှတ်တော်မှာ Burma Human Rights and Freedom Act ဆိုတဲ့ မူကြမ်းရှိနေပြီး၊ အောက်လွှတ်တော်မှာ Burma Act ဆိုတာရှိနေတာပါ။
ဒီကနေ့ အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မယ့် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်လို့ AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အာရှဆိုင်ရာတာဝန်ခံ Franciso Bencosme ကလည်း အခုလို ပြောပါတယ်။
“အောက်လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာကို အမြဲပဲ ဖိအားပေးနေတာပါ။ မနက်ဖြန်မှာ မဲခွဲဆုံးဖြတ်မယ့် အထူးသဖြင့် ဥပဒေမူကြမ်းတွေထဲက တခုဖြစ်တဲ့ Burma Act ဟာမြန်မာနဲ့ ပတ်သက်လို့ အမေရိကန်လွှတ်တော်အနေနဲ့ တသံတည်းဖြစ်ဖို့ အထက်လွှတ်တော်ကို အချက်ပေး လိုက်တာဖြစ်ပါတယ်။ နောက် Burma Political Prisoners Assistance Act လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကို သီးသန့်ခွဲ ထုတ်ထားတာကို ကြည့်ရင် ရိုဟင်ဂျာ အကြပ်အတည်းအပြင် မြန်မာနိုင်ငံတွင်းဖြစ်နေတဲ့ အခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို အမေရိကန်လွှတ်တော်က စောင့်ကြည့်နေတယ်ဆိုတာ ပြသနေပြီးမြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွတ်မြောက်ရေး အမေရိကန်က ဦးစားပေးဆောင်ရွက်နေတယ်ဆိုတာကိုလည်း ပြသတာဖြစ်ပါတယ်။”
၂၀၁၉ Burma Act ဥပဒေမူကြမ်း ကို အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ လက်ရှိ ဥက္ကဋ္ဌ ဒီမိုကရက် လွှတ်တော်အမတ် Eliot Engel နဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပါပလင်ကန်အမတ် Steve Chabot တို့က ဦးဆောင်တင်သွင်း ခဲ့တာဖြစ်ပါတယ်။မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ် ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ကန့်သတ်တားမြစ်ချက်အပါအဝင် မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၂၂၁ သန်း ပါဝင်တဲ့ ဘတ်ဂျက် လျာထားချက်၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေကို ဒဏ်ခတ်အရေးယူဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
Burma Political Prisoners Assistance Act လို့ အမည်ပေးထားတဲ့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေး ဥပဒေမူကြမ်းကိုတော့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အာရှ ပစိဖိတ်နဲ့ နျူကလီးယား မပြန့်ပွားရေး ဆပ်ကော်မတီ ဝင်တွေဖြစ်တဲ့ Michigan ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Andy Levin နဲ့ Missouri ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Ann Wagner တို့က ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ကူညီစောင့်ရှောက် ရေးနဲ့နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ကူညီပံပိုးဖို့ စတဲ့အချက်တွေ ပြဌာန်းထားပါတယ်။

အင္ၾကင္းႏိုင္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
ျမန္မာဆိုင္ရာ ဥပေဒၾကမ္းႏွစ္ရပ္ ကန္ ေအာက္လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္ဖြယ္ရွိ ျမန္မာဆိုင္ရာ ဥပေဒၾကမ္းႏွစ္ရပ္ ကန္ ေအာက္လႊတ္ေတာ္မွာ မဲခဲြဆံုးျဖတ္ဖြယ္ရွိ Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.