ေျမာက္ပိုင္းအဖဲြ႔ အပစ္ရပ္ေၾကညာေပမယ့္ ရခိုင္မွာ တိုက္ပဲြျဖစ္ဆဲ


ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕(၃)ဖြဲ႕ကေန ဒီႏွစ္ကုန္အထိ အပစ္ရပ္စဲသြားမယ္လို႕ တရား၀င္ ထုတ္ျပန္ထားေပမဲ့ ရခိုင္ျပည္နယ္ဘက္မွာေတာ့ တိုက္ပြဲျပင္းထန္စြာျဖစ္ေနဆဲပါ။ ဒီေန႕မွာေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္ ဘက္မွာ ျမန္မာစစ္ တပ္ နဲ႕ AA ရခိုင္လက္နက္ကိုင္အဖြဲ႕တို႕ တိုက္ပြဲျဖစ္ပြား ခဲ့သလို မေန႕ကလဲ ေျမပုံၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျဖစ္ခဲ့ ေၾကာင္း ႏွစ္ဖက္တပ္ဖြဲ႕ တာ၀န္ရွိသူေတြက ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္း စစ္ေရး ေနာက္ဆုံးအေျခအေနကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႕ ေျမပံုၿမိဳ႕နယ္၊ယိုးဆႏြင္းေက်းရြာအနီး ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ မေန႕ကနဲ႕ ဒီကေန႔မနက္မွာ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့တယ္လို႕ AA ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

“ဒီေန႕ စက္တင္ဘာလ(၂၃)ရက္ေန႕မွာလဲဘဲ မနက္(၁၁)နာရီခြဲေလာက္မွာ ဘူးသီးေတာင္ၿမိဳ႕နယ္ ဥယ်ာဥ္သာရြာရဲ႕ အေရွ႕ေတာင္ဖက္မွာရွိတဲ့ အဲဒီေတာင္တန္းေပၚကို ဗမာစစ္တပ္ဖက္ကေနၿပီးေတာ့ ထိုးစစ္ဆင္လာတဲ့အတြက္ေၾကာင့္ မို႕လို႕ အဲဒီမွာ(၁၅)မိနစ္ေလာက္အၾကာ အျပန္အလွန္ ပစ္ခတ္မႈ ေတြျဖစ္ပြား ခဲ့တာရွိတယ္။ ဒီေျမပုံၿမိဳ႕နယ္ထဲမွာေတာ့ (၂၂)ရက္ေန႕မွာေတာ့ တိုက္ပြဲႏွစ္ႀကိမ္ ျဖစ္တာေပါ့။ အဲဒီမွာ တိုက္ပြဲအျပင္းအထန္ ျဖစ္တာကေတာ့ ညေန(၄)နာရီကေန (၇)နာရီေလာက္ အထိေပါ့ေနာ္။ ေျမပုံၿမိဳ႕နယ္ကမ္းေထာင္းၾကီးရြာရဲ႕အေရွ႕ေျမာက္ဖက္ (၁.၅)ကီလိုမီတာအကြာေလာက္ မွာရွိတဲ့ ေတာင္တန္းေပၚမွာ ျဖစ္တာ။ ဗမာစစ္တပ္ကေနျပီးေတာ့ အဲဒီေတာင္တန္းေပၚမွာေနၿပီးေတာ့ အဲဒီေတာင္တန္း ေပၚကေနျပီးေတာ့ သူတို႕လက္နက္ႀကီးေတြ တင္ျပီးေတာ့မွ အဲဒီ ခမရ(၃၇၃)က ေနၿပီး သူတို႕မနားတမ္း ပစ္ေန တာ ရွိေနတယ္။ ထိခိုက္က်ဆုံးမႈ ကေတာ့ ဗမာစစ္တပ္ဖက္ကေန ၿပီးေတာ့ အဲဒီေတာင္ကုန္းကို ကြ်န္ေတာ္တို႕ဖက္က သိမ္း ပိုက္ရရွိတဲ့ အခ်ိန္မွာ အေလာင္း(၁၀)ေလာင္း က်န္ခဲ့တယ္။ ေနာက္ၿပီး စစ္လက္နက္ပစၥည္းေတြ ထည့္ထားတဲ့ ျခင္းေတာင္း (၁၈) လုံးက်န္ခဲ့တယ္။ လက္နက္ႀကီး တခ်ိဳ႕ေပါ့ေနာ္ အဲဒီမွာစစ္အသုံးေဆာင္ပစၥည္းေတြေပါ့။ သိမ္းဆည္းရမိတဲ့ပစၥည္း အားလုံးကိုေတာ့ ကြ်န္ေတာ္တို႕လက္ရွိမွာ စာရင္းျပဳစုေနတုန္းရွိေသးတယ္။”

ေျမပုံၿမိဳ႕နယ္တိုက္ပြဲမွာ ျမန္မာစစ္တပ္ဖက္က က်ဆုံးမႈမ်ားျပားတယ္လို႕ AAဖက္ကေျပာေနေပမဲ့ သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးကေတာ့ မေန႕က ေျမပံုၿမိဳ႕နယ္အတြင္း ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

“မေန႕ကေတာ့ တိုက္ပြဲျဖစ္တယ္။ အဲတာဘဲ ေျပာလို႕ရမယ္။ ေျမပုံၿမိဳ႕နယ္ ယြန္းေခ်ာင္းရဲ႕ အေရွ႕ေျမာက္ဖက္မွာ။ တနာရီ ေလာက္ၾကာတယ္။ က်န္တဲ့ဟာေတာ့ ဘာမွမသိရေသးဘူး။ ”

တိုက္ပြဲျဖစ္ပြားတဲ့ အေျခအေနထိခိုက္မႈေတြကိုေတာ့ မသိရွိေသးဘူးလို႕ ဆိုပါတယ္။

ၿပီးခဲ့တဲ့စေနေန႕ကလဲ ဘူးသီးေတာင္ၿမိဳ႕က ျမန္မာစစ္တပ္ရဲ႕ စကခ(၁၅)တပ္မဌာနခ်ဳပ္ကို AAဖက္က လက္နက္ႀကီး နဲ႕ပစ္ခတ္တိုက္ခိုက္ခဲ့သလို ရေသ့ေတာင္ျမိဳ႕နယ္၊ မယူကမ္း၊ အငူေမာ္ေအရွားေ၀ါလ္ ဆိပ္ကမ္းမွာလဲ ဗုံးေပါက္ကြဲမႈ တခုျဖစ္ပြားခဲ့ပါတယ္။

အငူေမာ္ေအရွားေ၀ါလ္ဆိပ္ကမ္းမွာ ဗုံးေပါက္ကြဲအၿပီး ပစ္ခတ္မႈေၾကာင့္ ရြာသားတဦးလည္း ေသဆုံးသြားခဲ့ပါတယ္။ ဒီကေန႕မွာ အိမ္အတြင္းဗုံးရွာေဖြေတြ႕ရွိမွဳနဲ႕ အငူေမာ္ရြာသား ဦးအိုးေဖာက္ကို နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ကေန ဖမ္းဆီး စစ္ေဆးေနတယ္လို႕ ရြာသားတဦးကေျပာပါတယ္။

“သူကေနၿပီးေတာ့ အသုဘမွာ အုတ္ေတြဘာေတြ သယ္ေနတဲ့အခ်ိန္မွာ သူ႕အိမ္မွာ ဗုံးတလုံးမိတယ္ ဆိုၿပီးေတာ့ လာေခၚသြားတယ္။ အခုစခန္းမွာဘဲ ထားပါတယ္ခင္ဗ်။ နယ္ျခားေစာင့္စခန္းေပါ့ ရြာထိပ္မွာဘဲ။ သူကေနၿပီးေတာ့ ဒီရြာမွာ ေလ ေကာင္းေကာင္းမြန္မြန္လုပ္စားတဲ့လူတေယာက္ပါ။ သူ၀ပ္ေရွာ့လုပ္ၿပီး ကားေတြဘာေတြလုပ္စားေနတာ။”

အငူေမာ္ရြာကိုလဲ လုံျခံဳေရးအရ စစ္တပ္ကေန ပိတ္ပင္ထားတဲ့အေနအထား ရွိေနတယ္လို႕လဲ အငူေမာ္ေက်းရြာကို ေရာက္ေနတဲ့ ပုဏၰားကၽြန္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကေျပာပါတယ္။

“ရြာကို အဲဒီအိုးေဖာက္ကို ဖမ္းသြားၿပီးေတာ့ တရြာလုံးကို ၀ိုင္းထားသလိုျဖစ္ေနတာ။ ကားလမ္း တေလွ်ာက္လုံး ဆိုေတာ့ လူေတြကေၾကာက္ၿပီးေတာ့ လာတဲ့လူလည္း ျပန္လွည့္ေပါ့။ ဒီေန႕ေတာ့ ပိတ္ထားသလို ျဖစ္ေနတယ္။”

ရခိုင္ျပည္နယ္အတြင္းမွာေတာ့ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕တို႕အၾကား တိုက္ပြဲေတြကလဲ ေန႕စဥ္နဲ႕ အမွ် က်ယ္ျပန္႕စြာျဖစ္ပြားေနပါတယ္။

တိုက္ပြဲျဖစ္စဥ္အတြင္း အရပ္သား (၈၀)ေက်ာ္ေသဆုံးခဲ့သလို ဒဏ္ရာရတာက (၁၂၀)ေက်ာ္ အထက္ရွိေနတယ္လို႕ ရခိုင္ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေျပာပါတယ္။

ျပည္တြင္းစစ္ရပ္တန္႔ႏုိင္ဖို႔နဲ႔ တဘက္သတ္ အပစ္အခတ္ရပ္စဲႏုိင္ဖို႔ ရည္ရြယ္ၿပီး ဒီႏွစ္ကုန္အထိ ထုိးစစ္ဆင္ တုိက္ခုိက္ မႈေတြ ရပ္စဲမယ့္အေၾကာင္း တ႐ုတ္-ျမန္မာနယ္စပ္ အေျခစုိက္ တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ ၃ ဖဲြ႔ကထုတ္ျပန္ ေၾကညာခဲ့ေပမဲ့ တပ္မေတာ္ဘက္က ေနာက္ဆံုးအၾကိမ္ အပစ္ရပ္စဲေရးေၾကညာခ်က္ ထုတ္ျပန္ထားတာစက္တင္ဘာ ၂၁ရက္မွာ ကုန္ဆံုးၿပီး ျဖစ္လို႕ အပစ္ရပ္ေရးထပ္မံထုတ္ျပန္ဖို႕က မေသခ်ာေသးတဲ့အေျခအေနမွာရွိေနပါတယ္။

................

{Unicode}

မြောက်ပိုင်းအဖွဲ့ အပစ်ရပ်ကြေညာပေမယ့် ရခိုင်မှာ တိုက်ပွဲဖြစ်ဆဲ

မြောက်ပိုင်းဒေသလက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ကနေ ဒီနှစ်ကုန်အထိ အပစ်ရပ်စဲသွားမယ်လို့ တရားဝင် ထုတ်ပြန်ထားပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ တိုက်ပွဲပြင်းထန်စွာဖြစ်နေဆဲပါ။ ဒီနေ့မှာတော့ ဘူးသီးတောင်မြို့နယ် ဘက်မှာ မြန်မာစစ် တပ် နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့သလို မနေ့ကလဲ မြေပုံမြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ခဲ့ ကြောင်း နှစ်ဖက်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ရေး နောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ မြေပုံမြို့နယ်၊ယိုးဆနွင်းကျေးရွာအနီး မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့တို့ မနေ့ကနဲ့ ဒီကနေ့မနက်မှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ AA ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ဒီနေ့ စက်တင်ဘာလ(၂၃)ရက်နေ့မှာလဲဘဲ မနက်(၁၁)နာရီခွဲလောက်မှာ ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဖက်မှာရှိတဲ့ အဲဒီတောင်တန်းပေါ်ကို ဗမာစစ်တပ်ဖက်ကနေပြီးတော့ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် မို့လို့ အဲဒီမှာ(၁၅)မိနစ်လောက်အကြာ အပြန်အလှန် ပစ်ခတ်မှု တွေဖြစ်ပွား ခဲ့တာရှိတယ်။ ဒီမြေပုံမြို့နယ်ထဲမှာတော့ (၂၂)ရက်နေ့မှာတော့ တိုက်ပွဲနှစ်ကြိမ် ဖြစ်တာပေါ့။ အဲဒီမှာ တိုက်ပွဲအပြင်းအထန် ဖြစ်တာကတော့ ညနေ(၄)နာရီကနေ (၇)နာရီလောက် အထိပေါ့နော်။ မြေပုံမြို့နယ်ကမ်းထောင်းကြီးရွာရဲ့အရှေ့မြောက်ဖက် (၁.၅)ကီလိုမီတာအကွာလောက် မှာရှိတဲ့ တောင်တန်းပေါ်မှာ ဖြစ်တာ။ ဗမာစစ်တပ်ကနေပြီးတော့ အဲဒီတောင်တန်းပေါ်မှာနေပြီးတော့ အဲဒီတောင်တန်း ပေါ်ကနေပြီးတော့ သူတို့လက်နက်ကြီးတွေ တင်ပြီးတော့မှ အဲဒီ ခမရ(၃၇၃)က နေပြီး သူတို့မနားတမ်း ပစ်နေ တာ ရှိနေတယ်။ ထိခိုက်ကျဆုံးမှု ကတော့ ဗမာစစ်တပ်ဖက်ကနေ ပြီးတော့ အဲဒီတောင်ကုန်းကို ကျွန်တော်တို့ဖက်က သိမ်း ပိုက်ရရှိတဲ့ အချိန်မှာ အလောင်း(၁၀)လောင်း ကျန်ခဲ့တယ်။ နောက်ပြီး စစ်လက်နက်ပစ္စည်းတွေ ထည့်ထားတဲ့ ခြင်းတောင်း (၁၈) လုံးကျန်ခဲ့တယ်။ လက်နက်ကြီး တချို့ပေါ့နော် အဲဒီမှာစစ်အသုံးဆောင်ပစ္စည်းတွေပေါ့။ သိမ်းဆည်းရမိတဲ့ပစ္စည်း အားလုံးကိုတော့ ကျွန်တော်တို့လက်ရှိမှာ စာရင်းပြုစုနေတုန်းရှိသေးတယ်။”

မြေပုံမြို့နယ်တိုက်ပွဲမှာ မြန်မာစစ်တပ်ဖက်က ကျဆုံးမှုများပြားတယ်လို့ AAဖက်ကပြောနေပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က မြေပုံမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

“မနေ့ကတော့ တိုက်ပွဲဖြစ်တယ်။ အဲတာဘဲ ပြောလို့ရမယ်။ မြေပုံမြို့နယ် ယွန်းချောင်းရဲ့ အရှေ့မြောက်ဖက်မှာ။ တနာရီ လောက်ကြာတယ်။ ကျန်တဲ့ဟာတော့ ဘာမှမသိရသေးဘူး။ ”

တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေထိခိုက်မှုတွေကိုတော့ မသိရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့စနေနေ့ကလဲ ဘူးသီးတောင်မြို့က မြန်မာစစ်တပ်ရဲ့ စကခ(၁၅)တပ်မဌာနချုပ်ကို AAဖက်က လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော်အေရှားဝေါလ် ဆိပ်ကမ်းမှာလဲ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပါတယ်။

အငူမော်အေရှားဝေါလ်ဆိပ်ကမ်းမှာ ဗုံးပေါက်ကွဲအပြီး ပစ်ခတ်မှုကြောင့် ရွာသားတဦးလည်း သေဆုံးသွားခဲ့ပါတယ်။ ဒီကနေ့မှာ အိမ်အတွင်းဗုံးရှာဖွေတွေ့ရှိမှုနဲ့ အငူမော်ရွာသား ဦးအိုးဖောက်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီး စစ်ဆေးနေတယ်လို့ ရွာသားတဦးကပြောပါတယ်။

“သူကနေပြီးတော့ အသုဘမှာ အုတ်တွေဘာတွေ သယ်နေတဲ့အချိန်မှာ သူ့အိမ်မှာ ဗုံးတလုံးမိတယ် ဆိုပြီးတော့ လာခေါ်သွားတယ်။ အခုစခန်းမှာဘဲ ထားပါတယ်ခင်ဗျ။ နယ်ခြားစောင့်စခန်းပေါ့ ရွာထိပ်မှာဘဲ။ သူကနေပြီးတော့ ဒီရွာမှာ လေ ကောင်းကောင်းမွန်မွန်လုပ်စားတဲ့လူတယောက်ပါ။ သူဝပ်ရှော့လုပ်ပြီး ကားတွေဘာတွေလုပ်စားနေတာ။”

အငူမော်ရွာကိုလဲ လုံခြုံရေးအရ စစ်တပ်ကနေ ပိတ်ပင်ထားတဲ့အနေအထား ရှိနေတယ်လို့လဲ အငူမော်ကျေးရွာကို ရောက်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောပါတယ်။

“ရွာကို အဲဒီအိုးဖောက်ကို ဖမ်းသွားပြီးတော့ တရွာလုံးကို ဝိုင်းထားသလိုဖြစ်နေတာ။ ကားလမ်း တလျှောက်လုံး ဆိုတော့ လူတွေကကြောက်ပြီးတော့ လာတဲ့လူလည်း ပြန်လှည့်ပေါ့။ ဒီနေ့တော့ ပိတ်ထားသလို ဖြစ်နေတယ်။”

ရခိုင်ပြည်နယ်အတွင်းမှာတော့ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက်ပွဲတွေကလဲ နေ့စဉ်နဲ့ အမျှ ကျယ်ပြန့်စွာဖြစ်ပွားနေပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း အရပ်သား (၈၀)ကျော်သေဆုံးခဲ့သလို ဒဏ်ရာရတာက (၁၂၀)ကျော် အထက်ရှိနေတယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

ပြည်တွင်းစစ်ရပ်တန့်နိုင်ဖို့နဲ့ တဘက်သတ် အပစ်အခတ်ရပ်စဲနိုင်ဖို့ ရည်ရွယ်ပြီး ဒီနှစ်ကုန်အထိ ထိုးစစ်ဆင် တိုက်ခိုက် မှုတွေ ရပ်စဲမယ့်အကြောင်း တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကထုတ်ပြန် ကြေညာခဲ့ပေမဲ့ တပ်မတော်ဘက်က နောက်ဆုံးအကြိမ် အပစ်ရပ်စဲရေးကြေညာချက် ထုတ်ပြန်ထားတာစက်တင်ဘာ ၂၁ရက်မှာ ကုန်ဆုံးပြီး ဖြစ်လို့ အပစ်ရပ်ရေးထပ်မံထုတ်ပြန်ဖို့က မသေချာသေးတဲ့အခြေအနေမှာရှိနေပါတယ်။

ႏုိင္ကြန္းအိန္/ ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား