နောင်ချို မူးယစ်ဂိတ်ကို လက်နက်ကိုင်အဖွဲ့ ဝင်စီး၊ တိုးဂိတ်ကို နာရီအနည်းငယ်ကြာ ပိတ်ဆို့ခဲ့


ရန်ကုန်၊ သြဂုတ် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က မူးယစ်စစ်ဆေးရေးဂိတ်ကို လက်နက်ကိုင်အဖွဲ့ က ဒီကနေ့ မနက် ၅နာရီခွဲက ဝင်ရောက်ပစ်ခတ်ပြီး ရဲစခန်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။


၆နာရီနဲ့ မိနစ် ၂၀ခန့်မှာ နောင်ချိုတိုးဂိတ်ကို အဆိုပါအဖွဲ့ က ပိတ်ဆို့ထားခဲ့ပြီး ၉နာရီခန့်မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


လက်ရှိမှာ လမ်းပြန်ပွင့်သွားပေမယ့် ကားတွေပေးမသွားသေးသလို နောင်ချို ပတ်ချာလည်မှာလည်း ပစ်ခံသံတွေဆူညံနေတယ်လို့ သိရပါတယ်။


လက်နက်ကိုင်အဖွဲ့ဟာ TNLA အပါအဝင် မဟာမိတ် ၃ဖွဲ့ ပူးပေါင်းတိုက်ခိုက်တာ ဖြစ်တယ်လို့ လတ်တလော စုံစမ်းသိရပါတယ်။

10.00 AM

ကြက်ခြေနီရုံးမှာ လူနာများ၊သက်ကြီးရွယ်အိုများ၊ကလေးငယ်များ လူ၃၀ခန့် လာရောက်ခိုလှုံနေ

သတင်း- ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
နောင်ချို မူးယစ်ဂိတ်ကို လက်နက်ကိုင်အဖွဲ့ ဝင်စီး၊ တိုးဂိတ်ကို နာရီအနည်းငယ်ကြာ ပိတ်ဆို့ခဲ့ နောင်ချို မူးယစ်ဂိတ်ကို လက်နက်ကိုင်အဖွဲ့ ဝင်စီး၊ တိုးဂိတ်ကို နာရီအနည်းငယ်ကြာ ပိတ်ဆို့ခဲ့ Reviewed by THITHTOOLWIN on 12:13 Rating: 5
Powered by Blogger.