ဘားအံမြို့နယ် လေသာကုန်းကျေးရွာ ဝါခေါင်လပွဲအတွက် လှေဖြင့် ပန်းသွားခူးရာမှ လှေ‌မှောက်ပြီး ၅ ဦးသေဆုံး


ဘားအံ ၁၅ သြဂုတ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့ရင်းအောက်ကျေးရွာအုပ်စု လေသာကုန်းကျေးရွာ အင်းထဲတွင် သြဂုတ် ၁၄ ရက် နံနက် ၁၁ နာရီခွဲက ဝါခေါင်လပွဲအတွက် လှေဖြင့်ပန်းသွားခူးရာမှ လှေတိမ်းမှောက်ပြီး လူ (၅) ဦးသေဆုံးသွားကြောင်း သိရသည်။


အဆိုပါအခင်းဖြစ်ပွားရာသို့ ဘားအံမြို့နယ်ရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ရာ ဘားအံမြို့နယ် ကော့ရင်းအောက် ကျေးရွာအုပ်စု၊ လေသာကုန်းကျေးရွာ ရေအနက် (၁၀) ပေခန့်ရှိ အင်းအတွင်း လောင်းလှေတစ်စီး တိမ်းမှောက်ခဲ့ပြီး စောပန်းအောင် (၁၂) နှစ်၊ မနန္ဒာသိမ်း (၁၇) နှစ်၊ မနန္ဒာလှိုင်(၁၇)၊ စောမြင့်နိုင်(၈)နှစ်၊ စောရန်ကျော်စိုး (၈) နှစ်တို့မှာ အဆိုပါ အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ဘားအံမြို့နယ် လေသာကုန်းကျေးရွာ ဝါခေါင်လပွဲအတွက် လှေဖြင့် ပန်းသွားခူးရာမှ လှေ‌မှောက်ပြီး ၅ ဦးသေဆုံး ဘားအံမြို့နယ် လေသာကုန်းကျေးရွာ ဝါခေါင်လပွဲအတွက် လှေဖြင့် ပန်းသွားခူးရာမှ လှေ‌မှောက်ပြီး ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 12:18 Rating: 5
Powered by Blogger.