မန္တလေးမြို့တွင် ခရီးသည်များအား ခြိမ်းခြောက်မတရားငွေတောင်းခံသူများ ဖမ်းဆီးရမိ


မန္တလေးမြို့တွင် ခရီးသည်များအား လိမ်လည်ခြိမ်းခြောက်၍ မတရားငွေတောင်းခံမှုများဖြစ်ပွားလျှက်ရှိရာ သြဂုတ် ၅ ရက်နေ့က ခရီးသည် (၃)ဦးအား ခြိမ်းခြောက်မတရားငွေတောင်းခံသူများ ဖမ်းဆီးရမိ အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဟိန်းမင်းလတ်၊ လယ်ဝေးမြို့နယ်နှင့်အတူ တစ်ရွာတည်းနေ သူရဦးနှင့် သန်းလင်းဇော်တို့ ၃ ဦးသည် ကန့်ဘလူမြို့မှ မန္တလေးမြို့သို့ ခရီးသည်တင်ကားဖြင့် ပြန်လာရာ သြဂုတ်လ ၅ ရက် နံနက် ၄ နာရီ ၄၅ အချိန်ခန့်တွင် မန္တလေးမြို့ သီရိမင်္ဂလာကားဂိတ်သို့ရောက်ရှိပြီး ဟိန်းမင်းလတ်ပါ ၃ ဦးမှ ကျွဲဆည်ကန်ကားကြီးဝန်းသို့သွားရန်အတွက် ဆိုင်ကယ်ကယ်ရီ ၃ စီးငှားရာ တစ်ယောက်လျင် ၂၀၀၀ ကျပ်ပေးရမည်ဖြစ်ကြောင်းပြောသဖြင့် လိုက်ပါလာခဲ့ပြီး ၎င်းတို့မှ ကျွဲဆည်ကန်ကားကြီးဝန်းသို့ ပို့ဆောင်ခြင်း မရှိဘဲ ၇၇ လမ်း၊ ၃၁x၃၂ လမ်းကြားရှိ ငြိမ်းချမ်းကားဂိတ်သို့ ပို့ဆောင်ကာ ကားလက်မှတ်ဝယ်ခိုင်းသဖြင့် ဟိန်းမင်းလတ်မှ ကားလက်မှတ်သွားဝယ်ရာ မန္တလေးမှ နေပြည်တော်သို့ တစ်ဦးလျင် ၁၂၀၀၀ ကျပ်ပေးရမည် ဖြစ်ကြောင်းပြောသဖြင့် မ၀ယ်ဘဲကားဂိတ်မှပြန်အထွက်တွင် ဆိုင်ကယ်ကယ်ရီမောင်းသည့် အမည်မသိ အမျိုးသား ၄ ဦးအပြင် နောက်ထပ်အမည်မသိအမျိုးသား ၁ ဦးမှ ဟိန်းမင်းလတ်တို့ထံမှ ကယ်ရီခတောင်းသဖြင့် သူရဦးမှ ကယ်ရီခ ၆၀၀၀ ကျပ်ပေးလိုက်ပြီးဖြစ်ကြောင်းပြောရာ ၎င်းတို့ ၅ ဦးမှ ငွေ ၆၀၀၀ ကျပ်မှာဂိတ်ကြေး ဘဲရှိသေးကြောင်း၊ လမ်းတစ်ပြလျှင် ၂၀၀၀ ကျပ်နှုန်း ဖြင့် လမ်း(၁၈)ပြအတွက် တစ်ဦးလျင် ၃၂၀၀၀ ကျပ်ဖြင့် ၃ ဦးအတွက် ၉၆၀၀၀ ကျပ်ပေးရမည်ဖြစ်ကြောင်းပြောရာ ဟိန်းမင်းလတ်က မပေးနိုင်ကြောင်းပြောစဉ် ၎င်းတို့ထဲမှ ၁ ဦးမှ သူရဦး၏ခြေထောက်အား ကန်ပြီး သန်းလင်းဇော်အား ရင်ဘတ်စောင့်တွန်းလိုက်သဖြင့် သန်းလင်းဇော်မှ ဖုန်းဆက်ရန်လုပ်စဉ် ၎င်းအမျိုးသားမှကြိုက်တဲ့သူဆက် ဒီနားမှာငါ့ထက်မိုက်တာမရှိဘူး တစ်ယောက်ချင်းထိုးမလားဟုပြော၍ ၅၅၀၀၀ ကျပ်ပေးလိုက်ရကြောင်း၊ ခဏအကြာ လှည့်ကင်းဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်များနှင့်တွေ့သဖြင့် ဟိန်းမင်းလတ်မှ ဖြစ်စဉ်အားပြောပြရာ ရဲတပ်ဖွဲ့ဝင်များ အဆိုပါ ၅ ဦးအား လိုက်လံဖမ်းဆီးရာ ၄ ဦးမှာ ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေး သွားသဖြင့် ၁ ဦးအားဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးမေးမြန်းရာ မန်းဝင်း ၂၉ နှစ်၊ မင်းတဲအီကင်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူဖြစ်ပြီး ကျန်တရားခံ ၄ ဦးအား ဖမ်းဆီးရမိရေးအတွက် ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းလိုက်လံ စုံစမ်းရာ ၅-၈-၂၀၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၁x၃၂ လမ်းကြားတွင် အမှုမှ တရားခံများဖြစ်သည့် ချစ်စံဝင်း ၂၄ နှစ်၊ သင်္ဘောတန်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ ဇော်ဦး ၂၃ နှစ်၊ သင်္ဘောတန်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ လှိုင်မြင့် ၃၃ နှစ်၊ သင်္ဘောတန်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နှင့် အောင်ဌေးလှိုင် ၃၉ နှစ်၊ မင်းတဲအီကင်းရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ပြီး ချမ်းအေးသာစံမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
မန္တလေးမြို့တွင် ခရီးသည်များအား ခြိမ်းခြောက်မတရားငွေတောင်းခံသူများ ဖမ်းဆီးရမိ မန္တလေးမြို့တွင် ခရီးသည်များအား ခြိမ်းခြောက်မတရားငွေတောင်းခံသူများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:21 Rating: 5
Powered by Blogger.