မြိတ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဆွဲကြိုးချသေဆုံး


6.8.2019

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ၊တွင် သြဂုတ်လ ၆ ရက်နေ့၊ နံနက် ၆ နာရီခန့်က ပြည်တွင်အခွန့်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဆွဲကြိုးချသေဆုံးကြောင်းသိရပါတယ်။

မြိတ်တောင်ကျေးရွာအုပ်စု ၊ အေးချမ်းသာယာရပ်၊ မြတ်ရာဇာလမ်းတွင်နေထိုင်တဲ့
ဦးခင်မောင်ထွေး (၄၄)နှစ်၊ လ/ထ ညွှန်ကြားရေးမှူး ( ပြည်တွင်အခွန်ဦးစီးဌာနမြို့နယ်ဦးစီးမှူး)သည် ၎င်း၏နေအိမ်နံဘေးရှိ ကားဂိုဒေါင် ထဲတွင် လက်သန်းလုံးခန့်အရွယ်ရှိတဲ့နိုင်လွန်ကြိုးဖြင့် လည်ပင်းကြိုးကွင်းစွပ်၍ မတ်တပ်ရပ်အနေအထားဖြင့် ဆွဲကြိုးချသေဆုံးကြောင်းသိရပါတယ်။

""အဆောက်အဦးရဲ့ထုတ်တန်းမှာ နိုင်လွန်ကြိုးချည်ပြီ အဝတ်လှန်းတန်းလုပ်ထားတဲ့နေရာမှာ ဝါးလုံးကိုဖြုတ်ပြီး ဆွဲကြိုးချတာပါ။ သူဆွဲကြိုးချတဲ့အချိန်နဲ့ မိသားစုဝင်သိတဲ့အချိန်က မိနစ်ပိုင်းပဲခြားတယ်။ သတင်းရလို့ ကျွန်တော်တို့ရောက်သွားချိန်မှာ ဆွဲကြိုးချတာကို မိသားစုတွေက မသေသေးဘူးထင်လို့ ကြိုးဖြုတ်ပြီး ဆေးရုံကိုပို့လိုက်တယ်""လို့ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရုံးကိစ္စဖြင့် စိတ်ညစ်တယ်လို့ဆိုပြီး လွန်ခဲ့တဲ့တစ်ပတ်ကစ၍ အရက်အလွန်အကျွံ သောက်ကာ သြဂုတ်လ ၅ ရက်နေ့ကလည်း နေမကောင်းဟုဆိုပြီး ရုံးတက်ခဲ့ခြင်းမရှိကြောင်း ၆ ရက်နေ့၊ နံနက် ၅ နာရီ အချိန် သမီးဖြစ်သူအားကျောင်းတက်ရန် နှိုးနေသံကြားရပြီး အိပ်ခန်းအပြင်သို့ထွက်လာချိန် နေအိမ်တွင်းမတွေ့တာကြောင့် ကားဂိုဒေါင်ဘက်သို့လာရောက်ကြည့်ရှုစဉ် ဆွဲကြိုးချသေဆုံးနေကြောင်း ဇနီးဖြစ်သူဒေါ်သန်းသန်းနွယ်က ဆိုပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၄၃/၂၀၁၉)ဖြင့် အရေးယူထားကြောင်းသိရပါတယ်


မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
မြိတ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဆွဲကြိုးချသေဆုံး မြိတ်တွင် ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဆွဲကြိုးချသေဆုံး Reviewed by THITHTOOLWIN on 23:17 Rating: 5
Powered by Blogger.