ကြက်စားပြင်ရပ်ကွက်တွင် အသံကျယ်လောင်သည့် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား

ဓာတ်ပုံ - ပေါက်ကွဲခဲ့သည့်နေရာနှင့် ယင်းနေရာတွင် တွေ့ရသည့် ကြေမွနေသော ပလပ်စတစ်အိတ်။
ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင် သြဂုတ်လ ၁၇ ရက်ညက အသံကျယ်လောင်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

ဘုမ္မော်ရပ်ကွက် မီးသုံးလုံးလမ်းဆုံအနီးရှိ လမ်းကြားအတွင်း သြဂုတ်လ ၁၇ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲကဲ့သို့ပင် အသံကျယ်လောင်ကြောင်း ပေါက်ကွဲမှုအနီးနေထိုင်သူများက ပြောဆိုသည်။

ဓာတ်ပုံ - ပေါက်ကွဲခဲ့သည့်နေရာနှင့် ယင်းနေရာတွင် တွေ့ရသည့် ကြေမွနေသော ပလပ်စတစ်အိတ်။

“အိပ်ရာကတောင် လန့်နိုးတယ်၊ တိုက်အိမ်တောင် တုန်ခါသွားတာ ၊အနီးက တာဝါတိုင် လဲကျတယ်လို့တောင်ထင်တယ်”ဟု ပေါက်ကွဲမှုဖြစ်သည့် နေရာအနီး နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

ပေါက်ကွဲသည့် နေရာတွင် အနက် ၄ လက်မခန့်ရှိ တွင်းငယ်တစ်ခုဖြစ်ပွားပြီး အနီးဝန်းကျင်တွင် ယမ်းမှုန့်ဟု ယူဆရသည့် အမှုန့်များ ရှိနေသည်။
ယင်းအပြင် ပလပ်စတစ်အိတ်အနက်ရောင်တစ်လုံး ကြေမွနေပြီး အနီးရှိ အုတ်တံတိုင်းတွင်း ရွံ့များ စင်ထွက်နေသည် ကိုတွေ့ရသည်။

ထားဝယ်မြို့တွင် ပေါက်ကွဲသည့်အသံကို သြဂုတ်လ ၁၁ ရက်ညမှ စတင်ကာ တစ်ညလျှင် တစ်ကြိမ်ခန့် ကြားနေရသည်။

ကိုဇော်/Dawei Watch
Myat Htut - Myeik
https://www.facebook.com/Myat-Htut-Myeik-222869948053294
ကြက်စားပြင်ရပ်ကွက်တွင် အသံကျယ်လောင်သည့် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား ကြက်စားပြင်ရပ်ကွက်တွင် အသံကျယ်လောင်သည့် ပေါက်ကွဲမှု တစ်ခုဖြစ်ပွား Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.