ကျွန်းစုမြို့နယ်၌ သမက်ဖြစ်သူက ယောက္ခမဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံး


ကျွန်းစု ဩဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကဘင်းချောင်းကျေးရွာ၌ ဩဂုတ် ၁၆ ရက် ည ၉ နာရီ ခန့်က သမက်ဖြစ်သူမှ ယောက္ခမဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စိုင်းနေဇာဦး(ခ)နေဇာသည် အရက်သေစာသောက်စားမူးရစ်ကာ နေအိမ်သို့ရောက်ရှိလာပြီး ဇနီး ဖြစ်သူ မစန်းစန်းနွယ်နှင့်စကားများ ရန်ဖြစ်နေကြရာ အိမ်၏အနီးတွင်နေထိုင်သော ဖခင်ဖြစ်သူဦးထွန်းကြည်က သမီး ဖြစ်သူတို့လင်မယားအား သွားရောက်ဟန့်တားရာ သမက်ဖြစ်သူက ပြန်လည် ဆဲဆိုသဖြင့် သမက်ဖြစ်သူက ကြက်သွန်လှီးဓားဦးချွန်ဖြင့် ဦးထွန်းကြည်၏ ဝမ်းဗိုက်အား(၂)ဆက်ဆင့်ထိုးခဲ့သောကြောင့် ဒဏ်ရာများ (စိုးရိမ်ရ) ရရှိသွားသည်။ ဒဏ်ရာရရှိသူ ဦးထွန်းကြည်အား မြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် ရရှိသောဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်းသိရပြီး
ပြစ်မှုကျူးလွန်သူ စိုင်းနေဇာဦး(ခ)နေဇာ အား ကျွန်းစုမြို့မရဲစခန်းမှ ဥပဒေအရ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျွန်းစုမြို့နယ်၌ သမက်ဖြစ်သူက ယောက္ခမဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံး ကျွန်းစုမြို့နယ်၌ သမက်ဖြစ်သူက ယောက္ခမဖြစ်သူအား ဓားဖြင့်ထိုး၍ သေဆုံး Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.