ထိုင်းရောက်မြန်မာတွေ အထောက်အထား စာရွက်စာတမ်းနဲ့မှ သွားလာကြဖို့ အလုပ်သမားသံအရာရှိရုံး သတိပေး

ဓာတ်ပုံ - Coconuts

တာချီလိတ်၊ သြဂုတ် ၂

ဘန်ကောက်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှူတွေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က လုံခြုံရေး တင်းကျပ်ဖို့ အမိန့်ထုတ်ထားကြောင့် ထိုင်းရောက်မြန်မာ တွေအနေနဲ့ မိမိ တို့နဲ့ သက်ဆိုင်တဲ့ အထောက်အထား စာရွက်စာတမ်းတွေကို တပါတည်းယူဆောင်သွားကြဖို့ ဘန်ကောက်က မြန်မာ အလုပ်သမားသံရုံးက သတိပေးထားပါတယ်။

" ၁။ ဘန်ကောက်မြို့တွင် ၂.၈.၂၀၁၉ ရက်နေ့၌ ဗုံးဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်တွင် ဝန်ကြီးချုပ် မှ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရန်ညွှန်ကြားခဲပါသည်။

၂။ ဗုံးထောင်တိုက်ခိုက်သူများကို ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း လုံခြုံရေးတိုးမြှ့င်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

၃။ သိုဖြစ်ပါ၍ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့အန္တရယ်ကို ကြိုတင်ကာကွယ် နိုင်ရန်နှင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက် မည်ဖြစ်သဖြင့် မိမိ တို့နှင့် သက်ဆိုင်သော အထောက်အထား စာရွက်စာတမ်းများအား ကိုယ်နှင့်တပါတည်း ယူဆောင်သွားကြပါရန်နှင့် တာဝန်ရှိသူများ၏ လုံခြုံရေးအရ စစ်ဆေးချက်များကို ပူပေါင်း ဆောင်ရွက်ပေးကြပါရန် အသိပေးအပ်ပါသည်" ဟု အလုပ်သမားသံရုံးကဖော်ပြထားပါတယ်။

ဒီကနေ့ သြဂုတ်လ ၂ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့ရဲ့ နေရာ ၆နေရာမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး လူ ၄ဦးဒဏ်ရာရတယ်လို့ ထိုင်းသတင်းတွေကဆိုပါတယ်။

ဘန်ကောက်မှာ အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနေချိန်လဲ ဖြစ်ပါတယ်။

ရွှေတြိဂံဒေသသတင်း
https://www.facebook.com/GoldenTriangleRegionalNews/
ထိုင်းရောက်မြန်မာတွေ အထောက်အထား စာရွက်စာတမ်းနဲ့မှ သွားလာကြဖို့ အလုပ်သမားသံအရာရှိရုံး သတိပေး ထိုင်းရောက်မြန်မာတွေ အထောက်အထား စာရွက်စာတမ်းနဲ့မှ သွားလာကြဖို့ အလုပ်သမားသံအရာရှိရုံး သတိပေး Reviewed by THITHTOOLWIN on 08:02 Rating: 5
Powered by Blogger.