ဓါးကိုင်သောင်းကျန်းသူကို သွားရောက်ထိန်းသိမ်းရာမှ လက်နက်ခဲယမ်းများဖမ်းဆီးရမိ


တာချီလိတ်၊သြဂုတ် ၁၁

တာချီလိတ်မြို့၊ မိုင်ဟဲကျေးရွာအုပ်စု၊ ပန်နယ်ကျေးရွာမှာ ဓါးကိုင်သောင်းကျန်းနေသူကို ဒီကနေ့ သြဂုတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းက သွားရောက်ထိန်းသိမ်းရာ ဓါးကိုင်သူရဲ့နေအိမ်အတွင်းမှ တူမီးသေနက်နဲ့ ယမ်းကပ်၊ ယမ်းမှုန့်များသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


မိုင်းဟဲကျေးရွာအုပ်စု၊ ပန်နယ်ကျေးရွာမှာ ကျခူ ဆိုသူက ဓါးကိုင်သောင်းကျန်းနေပြီး မိသားစုဝင်များကို ပြုနိုင်ကြောင်း ဟောင်လိတ်ရဲစခန်းကို ဒီကနေ့ သြဂုတ်လ(၁၁)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်ခန့်က ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များတို့က သက်သေများနဲ့အတူသွားရောက် ဝိုင်းဝန်းဖမ်းဆည်းထိန်းသိမ်းခဲ့ပြီး အရိုးသွား(၂၀)လက်မခန့်ရှိ ဓါး(၁)ချောင်းနဲ့ ကျခူ နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာ အရှည်(၅)ပေ (၂)လက်မခန့်ရှိ တူမီးသေနတ်(၁)လက်၊ ခဲသီး(၅)လုံး၊ ယမ်းကပ်(၂၅)ခု၊ ယမ်းမှုန့်(၆၀)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။

တရားမဝင်လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိသူ ကျခူ (၃၀)နှစ်၊ ပန်နယ်ကျေးရွာနေသူကို တာချီလိတ်မြို့မရဲစခန်းမှာ (ပ)၄၅၈/၂၀၁၉၊ ရှမ်းလက်နက် ၁၂(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း-ဇင်လတ်(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဓါးကိုင်သောင်းကျန်းသူကို သွားရောက်ထိန်းသိမ်းရာမှ လက်နက်ခဲယမ်းများဖမ်းဆီးရမိ ဓါးကိုင်သောင်းကျန်းသူကို သွားရောက်ထိန်းသိမ်းရာမှ လက်နက်ခဲယမ်းများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 08:57 Rating: 5
Powered by Blogger.