မီးအားမြှင့်စက် အပူလွန်ကဲရာမှ ကျောက်မဲမြို့ စိန်ကျောက်တောင် ဘုန်းကြီးကျောင်းမီးလောင်

ဓာတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)

တောင်ကြီး၊ သြဂုတ်၁၁

ရှမ်းပြည်နယ်၊ကျောက်မဲမြို့၊ မန်နားရပ်ရှိ စိန်ကျောက်တောင် ဘုန်းကြီးကျောင်းရဲ့ပင်မဆောင် ယနေ့ သြဂုတ် ၁၁ ရက် နံနက်ပိုင်းအချိန်ကက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကျောက်မဲခရိုင်မီးသတ်ဦးစီးရုံးထံမှ သိရပါတယ်။

အဆိုပါစိန်ကျောက်တောင်ဘုန်းကြီးကျောင်း(၉၀×၈၀×၁၈)ပေ၊သွပ်မိုး၊အုတ်ကာ၊ပျဉ်ခင်းနှစ်ထပ်အဆောက်အဦးမှာ မီးအားမြှင့်စက်ကို မီးအားအသုံးများနေတဲ့အတွက် Manual(လက်လှည့်)နဲ့ဝန်အားမြှင့်တင်ထားရာမှ မီးအားမြှင့်တက်တဲ့အခါ Manual(လက်လှည့်)ကိုပြန်လည်ချထားခြင်းမရှိတဲ့အတွက် မီးအားမြှင့်စက်ကွိုင် အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)

ယင်းမီးလောင်မှုဟာ နံနက်၇နာမိနစ်၄၀မှာစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နံနက် ၈း၃၀ အချိန်မှာ မီးငြိမ်းခဲ့ကာ ဘုန်းကြီးကျောင်း(၉၀×၈၀×၁၈)ပေ၊သွပ်မိုး၊အုတ်ကာ၊ပျဉ်ခင်းနှစ်ထပ်အဆောက်အဦးအပေါ်ထပ်မီးလောင်ကျွမ်းခဲ့ကြောင်း၊ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ ၉၀၀၀၀၀၀ကျပ်ရှိကြောင်း၊လူတိရစ္ဆာန်ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရပါတယ်။

ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့ ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ