တိုက်ပွဲဖြစ်ပွားသည့်နေရာအတွင်း သွားလာခြင်းမပြုရန် ညီနောင်မဟာမိတ် ထုတ်ပြန်

ဓာတ်ပုံ Nay Myo/facebook

ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ တပ်တို့အကြား တိုက်ပွဲများတရက်ထက် တရက် ပိုမို ပြင်းထန်လာသဖြင့် သျှမ်းမြောက် ခရီးသွား ပြည်သူများ အားလုံး တိုက်ပွဲဖြစ်ပွားသည့်နေရာအတွင်း သွားလားခြင်း မပြုလုပ်ရန် သြဂုတ် ၂၈ရက်စွဲဖြင့် ညီနောင် မဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ကြေညာလိုက်သည်။

ဓာတ်ပုံ Nay Myo/facebook

တိုက်ပွဲဖြစ်ပွားသည့် သျှမ်းပြည် မြောက်ပိုင်း ခရီးသွား လာကြသည့် ကုန်တင်ကားကြီးများ၊ကားငယ်များ၊ခရီးသည်ကားများ၊ အိမ်စီးကားများ တိုက်ပွဲအတွင်း ကြားညှပ် မသွားစေရန် အသက်အန္တရာယ် ကင်းရှင်းစေရန် အတွက် တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသို့ သွားလားခြင်း မပြုကြရန် ညီနောမဟာမိတ်(၃)ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဓာတ်ပုံ Nay Myo/facebook

ထို့ပြင် ခရီးသည်တင်ကားများ၊ ကုန်တင်ကားများ တွင် စစ်အသုံးအဆောင် ပစ္စည်းများ လက်နက်ခဲယမ်း မီးကျောက်များ တင်ဆောင်ကာ သွားလာသည့် အကျင့် ရှိသောကြောင့် မလိုလားအပ်သည့် နောက်ဆက်တွဲများဖြစ်လာမည် ကို စိုးရိမ်သဖြင့် ကျန်းမာရေး ကိစ္စများကြောင့် မလွဲမရှောင် ခရီးသွားလာရမည်ဆိုပါက နီးစပ်ရာ ညီနောင်မဟာမိတ် တပ်ဖွဲ့များနှင့် အဆက်အသွယ် လုပ်ပြီးသွားလာ ကြရန် ထုတ်ဖော်ချက်တွင် ထည့်သွင်းရေးသားထားသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တိုက်ပွဲဖြစ်ပွားသည့်နေရာအတွင်း သွားလာခြင်းမပြုရန် ညီနောင်မဟာမိတ် ထုတ်ပြန် တိုက်ပွဲဖြစ်ပွားသည့်နေရာအတွင်း သွားလာခြင်းမပြုရန် ညီနောင်မဟာမိတ် ထုတ်ပြန် Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.