တာချီလိတ်မြို့နေသူမောင်းနှင်လာတဲ့ကားပေါ်မှာကျပ်သိန်း၁၂၀၀၀၀ကျော်တန်ဖိုးရှိ အိုက်စ်တွေဖမ်းမိ

ဓာတ်ပုံ-မြန်မာနိုင်ငံရဲတပ်ဖွဲ့

တောင်ကြီး၊ သြဂုတ်၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊တာချီလိတ်မြို့နေသူမောင်းနှင်လာတဲ့ကားတစ်စီးပေါ်မှာ သြဂုတ်လ၁၆ရက် ည၁၁နာရီအချိန်က ကျပ်သိန်း၁၂၀၀၀၀ကျော်တန်ဖိုးရှိ အိုက်စ်တွေဖမ်းမိခဲ့တယ်လို့ လွိုင်လင်မြို့မရဲစခန်းထံမှ သိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်က သြဂုတ်လ၁၆ရက်ညပိုင်းအချိန်က တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေဆောင်ရွက်နေစဉ် ISUZU အမျိုးအစား ကုန်တင်ယာဉ်ပေါ်မှာတင်ဆောင်လာတဲ့ ငွေကျပ် ၁၂၅၂၅၀ သိန်းတန်ဖိုးရှိ အိုက်စ်တွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီး သွား ကားလမ်း၊ ဟိုတင့်ကျေးရွာအနီးမှာ သြဂုတ်လ၁၆ရက်၊ည၁၁နာရီအချိန်က တာချီလိတ်မြို့၊ ပါလျှန်ရပ်ကွက်နေ စိုင်းအောင်နိုင်ထွန်း ၄၅ နှစ် မောင်းနှင်ပြီး တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်နိုင်(၁)ကျေးရွာနေ နော်ဂျာ ၃၇ နှစ် စီးနင်းလိုက်ပါလာတဲ့ISUZU အမျိုးအစား မော်တော်ယာဉ်ကို မသင်္ကာတဲ့အတွက် စစ်ဆေးခဲ့ရာမှ ယာဉ်နောက်ခန်းကြမ်းခင်းအံဝှက်အတွင်းမှ အိုက်စ် အလေးချိန် ၅၀၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၅၂၅၀ သိန်း)၊ မြန်မာငွေ ၄ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပါတ်သက်ပြီး လွိုင်လင်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကို ဖော်ထုတ်စစ်ဆေးလျက် ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာချီလိတ်မြို့နေသူမောင်းနှင်လာတဲ့ကားပေါ်မှာကျပ်သိန်း၁၂၀၀၀၀ကျော်တန်ဖိုးရှိ အိုက်စ်တွေဖမ်းမိ တာချီလိတ်မြို့နေသူမောင်းနှင်လာတဲ့ကားပေါ်မှာကျပ်သိန်း၁၂၀၀၀၀ကျော်တန်ဖိုးရှိ အိုက်စ်တွေဖမ်းမိ Reviewed by THITHTOOLWIN on 00:18 Rating: 5
Powered by Blogger.