လားရှိုးမြို့နယ်၌ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ


လားရှိုး ဩဂုတ် ၁၅

လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာအကြား၌ ယနေ့နံနက် ၁၀နာရီခွဲခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ တစ်ဦးသေဆုံး ပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်မောင်း မျိုးမင်းဦး(စုံစမ်းဆဲ)မောင်းနှင်လာသော BGO -9M/---- ဘုရားဖူးယာဉ်သည် လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာစဉ် လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြော မြေသားလမ်းပေါ်၌ တိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် မရမ်းကုန်း နှင့် ရွှေပြည်သာမြို့နယ် နေသူများဖြစ်ကြ သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး စုစုပေါင်းရှစ်ဦးတို့တွင် (မစိုးရိမ် ရ) ဒဏ်ရာများရရှိပြီး မရမ်းကုန်းမြို့နယ် နေ မဝိုင်းပြည့် (၁၈နှစ်)မှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ယာဉ်မောင်း မျိုးမင်းဦးအား အမှုဖွင့်အရေးယူထား ကြောင်း လားရှိုးမြို့ အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲအုပ် ကိုသက်ထံမှ သိရသည်။

ဟန်ဌေး(လားရှိုး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လားရှိုးမြို့နယ်၌ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ လားရှိုးမြို့နယ်၌ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်၍ တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 09:46 Rating: 5
Powered by Blogger.