မြိတ်​မြို့၌ လူသတ်​မှုကျူးလွန်​သူအား ၂ နာရီအတွင်း ဖမ်းဆီးရမိ


မြိတ်​ ဩဂုတ်​ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်​မြို့ ကန်​ဖျားရပ်​ကွက်​ ​မြေနီလမ်းသွယ်​(၁) ၌ ဩဂုတ်​ ၂၃ ရက်​ ည ၈ နာရီ ခွဲခန့်က သူငယ်​ချင်းနှစ်​ဦးစကားများရာမှ ကတ်​​ကြေးဖြင့်ထိုးမိ​သော​ကြောင့် ကတ်​​ကြေးဖြင့်ထိုးခံရသူ ​သေဆုံးခဲ့​ပြီး ပြစ်​မှုကျူးလွန်​သူကို ၂နာရီ အတွင်း သက်သေခံကတ်ကြေးနှင့်အတူ ဖမ်းဆီးရမိခဲ့​ကြောင်း မြိတ်​ခရိုင်​ရဲတပ်​ဖွဲ့မှူးရုံးထံမှ သိရသည်​။

ဖြစ်​စဉ်​မှာ မြိတ်​ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုတိယရဲမှူးကြီး​ကျော်​မျိုးမြင့်နှင့် တပ်​ဖွဲ့ဝင်​များသည်​ မြို့​ပေါ်ရပ်​ကွက်​များသို့ လုံခြုံ​ရေး၊ ​အေးချမ်းသာယာ​ရေးနှင့် တရားဥပ​ဒေစိုးမိုး​ရေးအတွက်​ လှည့်ကင်းဆောင်​ရွက်​​နေစဉ်​ မြိတ်​မြို့ ကန်​ဖျားရပ်​ကွက်​ ​မြေနီလမ်းသွယ်​(၁) ၌ လူတစ်​ဦး၍ ဓားထိုးခံရမှုဖြစ်​ပွား​ကြောင်း သတင်း ရရှိသဖြင့် ​သွား​ရောက်​စစ်​​ဆေးခဲ့ရာ ကန်​ဖျားရပ်​ကွက်​ ​မြေနီလမ်းသွယ်​(၃)လမ်း​နေထိုင်​သူ ဖြိုးသူရ(ခ)ကိုဖြိုး အသက်​(၂၀) ဆိုသူဖြစ်ကြောင်းနှင့် ၎င်း၏ ဝဲဘက်​နံ​စောင်းတွင်​ ထိုးသွင်းဒဏ်​ရာတစ်​ချက်​​တွေ့ရှိရသဖြင့် ည ၈ နာရီ ၄ဝမိနစ်​အချိန်​တွင်​ မြိတ်​ပြည်​သူ့​ဆေးရုံးကြီးသို့ ပို့​ဆောင်​​ကာ ​ဆေးကုသမှု​ဆောင်​ရွက်​​ပေးခဲ့​သော်​လည်း ​ ဖြိုးသူရ(ခ)ကိုဖြိုးမှာ ရရှိသောဒဏ်ရာများဖြင့်​ ဩဂုတ် ၂၄ ရက်နံနက်​၇နာရီခွဲတွင်​ ​သေဆုံးခဲ့ရ​ကြောင်းမြိတ်​ခရိုင်​ရဲတပ်​ဖွဲ့မှူးရုံးမှ တာဝန်​ရှိသူတစ်​ဦးထံမှသိရသည်​။

ထို့နောက်​ မြိတ်​ခရိုင်​ရဲတပ်​ဖွဲ့မှူး ဒုတိယရဲမှူးကြီး​ကျော်​မျိုးမြင့်နှင့် တပ်​ဖွဲ့ဝင်​များက ပြစ်​မှုကျူးလွန်​သူကိုညတွင်းချင်းလိုက်လံ စုံစမ်း စစ်​​ဆေးရာ
ပြစ်​မှုကျူးလွန်​သူမှာမြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ်ကွက် ယုဇနလမ်းနေထိုင်သူ သားညီ(ခ)မင်းညီညီ​ထွေး(၂၀)နှစ် ဖြစ်​​ကြောင်းသိရှိရ၍ ၎င်း၏​နေအိမ်​သို့ချက်ချင်းသွား​ရောက်​ ရှာ​ဖွေဖမ်းဆီးခဲ့ရာ ၎င်း​နေအိမ်​တွင်
မ​တွေ့ရှိရ၍ ၎င်းသွားလာတတ်​သည့် နေရာများအား အဖွဲ့များခွဲ၍ ချက်ချင်းလိုက်​လံရှာ​ဖွေဖမ်းဆီးခဲ့ရာ ဩဂုတ် ၂၃ ရက် ည ၉နာရီ ၄၅မိနစ်​ ​ခန့်တွင်​ ၎င်း၏အဖိုးဖြစ်​သူ ဦးချို ​နေထိုင်​ရာ ကန်​ဖျားနယ်​​မြေ ခရို​တောရပ်​ ခရို​တော​တောင်​​ပေါ်ရှိ ​နေအိမ်​တွင်​ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်​။

အဆိုပါ ဖြစ်​စဉ်​နှင့်ပတ်​သက်​၍ ပြစ်မှုကျူးလွန်သူ သားညီ(ခ)မင်းညီညီ​ထွေးကို မြိတ်​မြို့မရဲစခန်းကအမှုဖွင့်အ​ရေးယူ​ဆောင်​ရွက်​ထား​ကြောင်း သိရသည်​။

မြင့်ဦး(မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြိတ်​မြို့၌ လူသတ်​မှုကျူးလွန်​သူအား ၂ နာရီအတွင်း ဖမ်းဆီးရမိ မြိတ်​မြို့၌ လူသတ်​မှုကျူးလွန်​သူအား ၂ နာရီအတွင်း ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.