မိုးညှင်းတွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိသဖြင့် တစ်ဦးသေဆုံး


မိုးညှင်း ဩဂုတ် ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့ မိုးညှင်းဒီဂရီကောလိပ်ကားလမ်းတွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိသဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည် ။


ဖြစ်စဉ်မှာ မိုးညှင်းမြို့တွင်းမှ ဒီဂရီကောလိပ်ဘက်သို့ သန်းဇော်မင်း တစ်ဦးတည်းမောင်းနှင်လာသည့် ဆိုင်ကယ်သည် ရွာသစ်ကုန်းရပ်ကွက်ညောင်ပင်ချောင်းတံတားကွေ့အရောက် အရှိန်မထိမ်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိပြီး မျက်နှာချင်းဆိုင်ဘက်မှ မျိုးမင်းဇော် တစ်ဦးတည်းမောင်းနှင်လာသော ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ရာ ဆိုင်ကယ် ၂စီးလုံးမှာတိမ်မောက်ခဲ့ပြီး ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဖြိုးမင်းဇော်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိုးညှင်းဆေးရုံတွင် ဆေးဝါးကုသဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

နီတိုး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးညှင်းတွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိသဖြင့် တစ်ဦးသေဆုံး မိုးညှင်းတွင် ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိသဖြင့် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.