မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား


မြောက်ဥက္ကလာပ ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ခရေလမ်း စက်မှုဇုန်မြို့သစ်ရှိ ဇာမဏီပလပ်စတစ်အိပ်ပါးစက်ရုံတွင် ယနေ့နံနက် ၁ နာရီ ၂၅ မိနစ် အချိန်မှစ၍ အလင်းရောင်အတွက် ယာယီတပ်ဆင်ထားသည့် နှစ်ပင်လိမ်ဝါယာကြိုးမှ အပူလွန်ကဲ၍ အောက်ရှိ ကော်စေ့အိတ်ပေါ်သို့ မီးပွားကျခဲ့ရာမှ မီးလောင်မှုဖြစ်ပွား ခဲ့သည်။


အဆိုပါ မီးလောင်မှုကြောင့် စက်ရုံဂိုဒေါင်အဆောက်အဦနှင့် ကော်စေ့၊ လူမနေ သည့် ဂိုထောင်အဆောက်အဦ စုစုပေါင်းတန်ဖိုး(၅၄)သိန်းကျပ် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမူမရှိကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:43 Rating: 5
Powered by Blogger.