ဧရာဝတီဘဏ် အပ်ငွေစာရင်းမှ ငွေအလွဲသုံးစားပြုလုပ်သူ ဘဏ်ဝန်ထမ်းနှင့် ပူးပေါင်းပါဝင်သူများအား ဖမ်းဆီးရမိ


ရန်ကုန် ဩဂုတ် ၁၇

မရမ်းကုန်းမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ (၄၅၊ ရန်ကုန်)တွင် ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီခွဲက ဘဏ်အငယ်တန်းစာရေး ဖြစ်သူ မနှင်းဦးဝေသည် ဘဏ်တွင် ငွေအပ်၊ ငွေထုတ် ပြုလုပ်နေသူတစ်ဦး၏ အပ်ငွေစာရင်း လျှို့ဝှက်နံပါတ်ကို ခိုးယူရိုက်နှိပ်ကာ ငွေကျပ်ကျပ်သိန်း ၂၁၀၀ အား ၎င်း၏ရည်းစားဖြစ်သူ ဖြိုးဝေစိုး အကောင့်သို့ စာရင်းလွှဲပြောင်းပေးခဲ့ ကြောင်း၊ ဖြိုးဝေစိုးက လွှဲငွေကျပ်သိန်း ၂၁၀၀ အနက် ငွေကျပ်သိန်း ၁၇၀၀ ကို လှိုင်သာယာမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲ (၂)မှ ထုတ်ယူသွားသောကြောင့် မနှင်းဦး ဝေနှင့် ဖြိုးဝေစိုးတို့ကို တာဝန်ခံတရားလို မ---- က ဥပဒေအရ အရေးယူပေးပါရန် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုအရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ ရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ဖြိုးဝေ စိုး၏သူငယ်ချင်းဖြစ်သူ ကျော်စွာထွန်း (ခ)ကိုဇူက ပြစ်မှုကျူးလွန်သူနှစ်ဦးအား ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံပတုတ်ကျေးရွာသို့ ခေါ်ဆောင်သွား ကြောင်း စုံစမ်းသိရှိရသဖြင့် သွားရောက် အတည်ပြုဖမ်းဆီးရာ ဩဂုတ် ၁၅ရက် တွင် ပြစ်မှုကျူးလွန်သူ ဖြိုးဝေစိုး၊ မနှင်းဦး ဝေ၊ ကျော်စွာထွန်း(ခ)ကိုဇူနှင့် မြင့်မြင့်စိုး တို့ကို ဖမ်းဆီးရမိခဲ့သည်။

အမှုမှ ပါဆုံးသက်သေခံပစ္စည်းများအားသိမ်းဆည်းနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဖြိုးဝေစိုး၊ မနှင်းဦးဝေ၊ ကျော်စွာထွန်း(ခ)ကိုဇူနှင့် မြင့်မြင့်စိုးတို့အား ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဧရာဝတီဘဏ် အပ်ငွေစာရင်းမှ ငွေအလွဲသုံးစားပြုလုပ်သူ ဘဏ်ဝန်ထမ်းနှင့် ပူးပေါင်းပါဝင်သူများအား ဖမ်းဆီးရမိ ဧရာဝတီဘဏ် အပ်ငွေစာရင်းမှ ငွေအလွဲသုံးစားပြုလုပ်သူ ဘဏ်ဝန်ထမ်းနှင့် ပူးပေါင်းပါဝင်သူများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 00:38 Rating: 5
Powered by Blogger.