နမ့်ဖက်ကာ ကျေးရွာအနီး ကုန်တင်ကား တစီး ထပ်မံ ပစ်ခံရ


သြဂုတ် ၁၈၊၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ ကျေးရွာ အနီး ၌ယနေ့( သြဂုတ် ၁၈) ရက် မနက် ၆နာရီကျော်တွင် ကုန်တင်ကား တစီး သေနတ် ပစ်ခံကြာင်း သတင်းရရှိသည်။

အဆိုပါ ကုန်တင်ကားသည် ကွတ်ခိုမြို့နမ့်ဖတ်ကာရွာ ပန်းဂျရော့ ကုန်းအဆင်းတွင် သေနတ် ပစ်ခံပြီး လူထိခိုက်မှု မရှိကြာင်း ကွတ်ခိုင်ဒေသခံများ က ပြောသည်။


" ဒီနေ့ အစောပိုင်း ၆နာရီလောက် ကုန်ကားအသေး ပစ်ခံရတာပါ။ နမ့်ဖက်ကာ ကနေ မူဆယ်တက်မယ့်ကားပါ။ လူထိခိုက်မှုတော့ မရှိဘူး။ အခုတော့ လမ်းတွေပိတ်ထားတယ်။ ဘယ်ကားမှ မသွားလာရဲဘူး" ဟု ကွတ်ခိုင်ဒေသခံ စိုင်းဝေ က သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယမန်နေ့တွင်လည်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း လားမြို့ အထွက် တွင် လက်နကြီး ထိမှန်ကာ လားမြို့ လူငယ်များ အသင်း ဥက္ကဌ ကျည်ထိမှန် သေဆုံးခဲ့ပြီး၊ အဖွဲ့ဝင် ၃ဦး ဒဏ်ရာရခဲ့သည်။


ထိုနည်းတူ ကွတ်ခိုမြို့ နမ့်ဖက်ကာ အနီးတွင် ယမန်နေ့ နေ့လည် ၃နာရီ တွင် မေတ္တာရှင် လူမှုရေးအသင်းကား ည်ထိမှန်ကာ ယာဉ်မောင်းနှင့် ယာဉ်အကူ ကျည်စထိမှန်ခဲ့သည်ဟု သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
နမ့်ဖက်ကာ ကျေးရွာအနီး ကုန်တင်ကား တစီး ထပ်မံ ပစ်ခံရ နမ့်ဖက်ကာ ကျေးရွာအနီး ကုန်တင်ကား တစီး ထပ်မံ ပစ်ခံရ Reviewed by THITHTOOLWIN on 00:28 Rating: 5
Powered by Blogger.