လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၇ဝဝ နီးပါးကို ထိုင်းအစိုးရပြန်ပို့မည်

ထိုင်းနိုင်ငံ ငါးဖမ်းစက်လှေတစင်းပေါ်တွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများ။
ထိုင်းနိုင်ငံ ပြန်လည်ထူထောင်ရေးစင်တာတွေမှာ ရောက်နေတဲ့ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၇ဝဝ လောက်ကို စစ်ဆေးမှုတွေ ပြုလုပ်ပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရန်ကုန်မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ထိုင်းနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို တစ်နှစ်အတွင်း အသုတ်သုံးသုတ်ခွဲပြီး ပြန်ပို့သွားမယ်လို့ ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနရဲ့ ညွှန်ကြားရေးမှုး Sunee Srisangatrakullert က ပြောပါတယ်။

ထိုင်းနိုင်ငံကို လူကုန်ကူးခံရတဲ့သူ အများစုဟာ အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရတာ၊ တောင်းရမ်းဖို့ စေခိုင်းခံရတာနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာလုပ်ငန်းတွေအတွက် စေခိုင်းခံရတာ စတဲ့ အလုပ်သုံးမျိုး အတွက် အသုံးချခံနေရပြီး၊ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကထက် ပိုများတယ်လို့ Sunee ကပြောပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်သမား ၄.၉သန်း လောက် ရှိနေပြီး ထိုင်းလုပ်သားအင်အားထုရဲ့ ၁ဝ ရာခိုင်နှုန်း ရှိပါတယ်။ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံသဘောတူညီချက်အရ တစ်လကို မြန်မာလုပ်သား နှစ်သောင်းအထိ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ခွင့်ပေးထားပေမယ့် တရားမဝင် အလုပ်သမားအရေအတွက် အမြောက်အများ ရှိနေဆဲ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၇ဝဝ နီးပါးကို ထိုင်းအစိုးရပြန်ပို့မည် လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၇ဝဝ နီးပါးကို ထိုင်းအစိုးရပြန်ပို့မည် Reviewed by THITHTOOLWIN on 08:42 Rating: 5
Powered by Blogger.