ဘဘာဝဘေးအန္တရာယ်နဲ့ မြေပြိုမှုတွေကြောင့် မူလတန်းမှ အထက်တန်းအထိ သေဆုံးသူကလေးငယ် (၁၆) ဦး အထိရှိလာ


နေပြည်တော်၊ သြဂုတ် ၁၃

ယခုသြဂုတ်လ အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ ရေကြီးရေလျှံမှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ခဲ့တဲ့ မြေပြိုမှုတွေကြောင့် ကျောင်းသူကျောင်းသား ကလေးငယ် ၁၆ ဦးအထိ သေဆုံးခဲ့ရပြီး၊ ၂၈ ယောက်ကတော့ ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူနေရတယ်လို့ ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိပါတယ်။

" ကျွန်တော်တို့ ဖြစ်ဖြစ်ချင်း ဆုံးသွားတဲ့ ကလေးတွေအတွက် တစ်ယောက် ၃ သိန်းစီ ထောက်ပံ့ပေးတယ်။ ဆေးရုံရောက်တဲ့ ကလေးတွေအတွက်လည်း ၂၈ ယောက်ပေါ့၊ အဲ့ဒါလည်း တစ်ယောက် ၃ သိန်းစီ ထောက်ပံ့ ပေးတယ်။ ဆေးရုံတက်ရတဲ့ ကလေးတွေအတွက် ဆုံးရှုံးသွားတဲ့ ကျောင်းသုံးစာအုပ်တို့ ကျောင်းအသုံးအ ဆောင်တွေ ထောက်ပံ့ပေးထားတယ်။

မူလတန်းကနေ အထက်တန်းအထိ ပါတယ်။ ဆုံးသွားတာ ၁၆ ယောက် ရှိတယ်။ ဆေးရုံတက်တာ ၂၈ ယောက်ရှိတယ် " လို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမော်ထွန်းက ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို တက်ရောက်လာချိန် မီဒီယားများရဲ့ မေးမြန်းချက်ကို အခုလိုဖြေကြားခဲ့တာပါ။

" လက်ရှိလည်း ရေဘေး မပြီးသေးတဲ့ ဒေသတွေမှာ ကျွန်နော်တို့ ဆက်လက်ဆောင်ရွက်ပေးနေ ပါတယ်။ အ ထူးအားဖြင့်တော့ ကျွန်နော်တို့ ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်းတွေ များသောအားဖြင့် အခြေပြုတာ များ ပါတယ်။ အဲ့ဒီအတွက်လည်း ဆောင်ရွက်ပေးနေပါတယ် " လို့ ၎င်းကဆက်လက် ဆိုပါတယ်။

လတ်တလောမှာ ရေဘေးကြောင့် ပိတ်ထားရတဲ့ အခြေခံပညာကျောင်းပေါင်း (၇၀) ကျော်လောက် ရှိနေပြီး ရေ ပြန်လည်ကျဆင်းတာနဲ့ ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့လည်း နှစ်စဉ်ဖြစ်ပေါ်လေ့ရှိတဲ့ ရေဘေးသင့်ဒေသများအတွက် သက်ဆိုင်ရာဌာန တွေနဲ့ ပူးပေါင်းကာ လိုအပ်တဲ့ ကူညီပေးမှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့လည်း ဒုတိယဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အောင်ပြည့်စုံ
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဘဘာဝဘေးအန္တရာယ်နဲ့ မြေပြိုမှုတွေကြောင့် မူလတန်းမှ အထက်တန်းအထိ သေဆုံးသူကလေးငယ် (၁၆) ဦး အထိရှိလာ ဘဘာဝဘေးအန္တရာယ်နဲ့ မြေပြိုမှုတွေကြောင့် မူလတန်းမှ အထက်တန်းအထိ သေဆုံးသူကလေးငယ် (၁၆) ဦး အထိရှိလာ Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.