ကလိန်အောင်မြို့၌ ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံး


ကလိန်အောင် သြဂုတ်၂၁

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ကျောက်ရှပ် ကျေးရွာအနီး မိုင်တိုင်အမှတ် ၄၁/၄ နှင့် ၄၁/၅ ကြားတွင် ယမန်နေ့ ညနေက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းကျော်လတ်တွင် ယာပါးပေါက်ပြဲဒဏ်ရာ၊ ယာနှုတ်ခမ်းနှင့် မေးစေ့ကြားပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)၊ရှေ့ခေါင်းတွင် ၎င်း၏ ဘေး၌ လိုက်ပါလာသူအမျိုးသားအသက်(၄၀)နှစ်ခန့်၊ (အမည်/နေရပ် စိစစ်ဆဲ) တွင် နဖူးချိုင့်ဝင်ဒဏ်ရာရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

ကလိန်အောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကလိန်အောင်မြို့၌ ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံး ကလိန်အောင်မြို့၌ ယာဉ်တိုက်မှုကြောင့် တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:54 Rating: 5
Powered by Blogger.