ကရသူရိမြို့၊ ကြိမ်မဲတောင်ကျေးရွာ၊ ကမ်းသာယာလမ်းပေါ်သို့ တောင်ပြိုကျမှုဖြစ်ပွား


ကရသူရိ ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ဟန်ကပြုကျေးရွာအုပ်စု၊ ကြိမ်မဲတောင်ကျေးရွာ၌ ယနေ့ နံနက် (၂)နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် တောင်ပြိုကျကာ ကမ်းသာယာလမ်းပေါ်တွင် မြေသားနှင့်သစ်ကိုင်း/ သစ်ပင်များပိတ်ဆို့မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်းသိရ သည်။


လမ်းပိတ်ဆို့မှုကြောင့် ရွာသူ/ရွာသားများ သွား/လာရေးအခက်အခဲ မရှိစေရန်အတွက် ဟန်ကပြုကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်စာရေးတို့က ကြီးကြပ်၍ ရပ်မိ/ရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ များစုစုပေါင်းအင်အား(၂၀)ဖြင့် ပိတ်ဆို့မြေများနှင့်သစ်ကိုင်းသစ်ခတ်များကို တက်ညီလက်ညီဝိုင်းဝန်း ရှင်းလင်းခဲ့ပြီး လူနေအိမ်များ၊ လူ၊ တိရစ္ဆာန်များထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းသိရသည်။


အဆိုပါဖြစ်ပွားမှုသည် ယခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအသီးသီး၌ မိုးအဆက်မပြတ်ရွာသွန်းလျှက်ရှိပြီး လေပြင်းများ တိုက်ခတ်ကာ ရေကြီး/ရေလျှံမှုများဖြစ်ပွားလျှက်ရှိ ကြောင်း၊ ဆက်လက်၍လည်း မိုးအဆက်မပြတ်ရွာသွန်းလျှက်ရှိပြီး သက်ဆိုင်ရာမှ သတိပေးစာစောင် များနှင့် စောင့်ကြည့်မှုများကိုဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

စိုးဝင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကရသူရိမြို့၊ ကြိမ်မဲတောင်ကျေးရွာ၊ ကမ်းသာယာလမ်းပေါ်သို့ တောင်ပြိုကျမှုဖြစ်ပွား ကရသူရိမြို့၊ ကြိမ်မဲတောင်ကျေးရွာ၊ ကမ်းသာယာလမ်းပေါ်သို့ တောင်ပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:16 Rating: 5
Powered by Blogger.