ပေါင်မြို့နယ်အတွင်း မြေပြိုကျမှုကြောင့် သေဆုံးသူ(၄၈)ဦးရှိပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်

Photo - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Drone

သြဂုတ်လ ၁၁ ရက် ၂၀၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊သံဖြူရပ်ကွက်တွင် မြေပြိုကျမူဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးသူ(၄၈)ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

Photo - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Drone

သြဂုတ် ၁၁ရက် နံနက် ၁၀နာရီ ၃၄ မိနစ်အချိန်အထိတွင် သေဆုံးသူ စုစုပေါင်း(၄၈)ဦး၏ ရုပ်အလောင်း များအားရှာဖွေတွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

Photo - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Drone

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊သံဖြူရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်း၍ သြဂုတ် ၉ ရက်က မြေပြိုကျမူဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Photo - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Drone

Source - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ပေါင်မြို့နယ်အတွင်း မြေပြိုကျမှုကြောင့် သေဆုံးသူ(၄၈)ဦးရှိပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန် ပေါင်မြို့နယ်အတွင်း မြေပြိုကျမှုကြောင့် သေဆုံးသူ(၄၈)ဦးရှိပြီဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန် Reviewed by THITHTOOLWIN on 08:12 Rating: 5
Powered by Blogger.