မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ကျောက်မီးသွေးတွင်းထဲသို့တောင်ကျရေများစီးဝင်ပြီး မြေပြိုမှုဖြစ်ပွား


အထက်မင်းလှ ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး ၊သရက်ခရိုင် ၊မင်းလှမြို့နယ် ၊ဆပ်ပြာကျေးရွာ၏ တောင်ဘက်(၅)မိုင်ခန့်အကွာ အင်ကြင်းတောင်ကုမ္ပဏီကတူးဖော်လျက်ရှိသည့် ကျောက်မီးသွေးတွင်း၌ဩဂုတ်(၂၅)ရက်ညနေ(၄)နာရီ ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ကျောက်မီးသွေး တွင်းထဲသို့ တောင်ကျရေများစီးဝင်ပြီး မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


အဆိုပါမြေပြိုမှုဖြစ်ပွားခဲ့သည့်ကျောက်မီးသွေးတွင်း၌ ကျောက်မီးသွေး တွင်းတူးလုပ်သား များဖြစ်သည့် မင်းလှမြို့နေသူများဖြစ်သည့် မောင်အောင်ချမ်းသာ၊ မောင်စိုးအောင်နှင့် အမ်းမြို့နေ မောင်ပိုင်စိုးဝင်း တို့(၄)ဦးမှာကျောက်မီးသွေးတွင်း၌ပိတ်မိနေပြီး ၎င်းတို့အား ကယ်ထုတ်နိုင်ရေးအတွက် ကျောက်မီးသွေးတွင်းရှိရေများကို ရေစုပ်စက်ဖြင့် စုပ်ယူလျက်ရှိကြောင်း မင်းလှနယ်မြေစခန်းမှူးရဲအုပ်အောင်မင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ ဆပ်ပြာကျေးရွာနေပြည်သူများ ၊ကျောက်မီးသွေး တွင်းတူးလုပ်သား များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းအရသိရသည်။



မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ကျောက်မီးသွေးတွင်းထဲသို့တောင်ကျရေများစီးဝင်ပြီး မြေပြိုမှုဖြစ်ပွား မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ကျောက်မီးသွေးတွင်းထဲသို့တောင်ကျရေများစီးဝင်ပြီး မြေပြိုမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:30 Rating: 5
Powered by Blogger.