ပေါင်းတည်မြို့၌ လယ်ကွက်အတွင်းတွင် ဓါးဒဏ်ရာများနှင့်သေဆုံးမှုမှ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖော်ထုတ်ဖမ်းဆီးရမိ


ပေါင်းတည် ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီးပေါင်းတည်မြို့နယ် ဘိုးသာအောင်ကုန်း ညောင်ပင်ကုန်း ကျေးရွာနှင့် ကင်ပွန်းခြုံကျေးရွာကြား ဆည်မြောင်းဘောင်အနီးရှိ လယ်ကွင်းအတွင်း ဩဂုတ် ၂၁ ရက်က လယ်ထဲတွင်ငါးမြှုံးများ ထောင်သည့် ကိစ္စနှင့်ပတ်သက်ပြီးလူသတ်မှုဖြစ်ပွားပြီးစွန့်ပြစ်မှုပတ်သက်သည့်ပြစ်မှုကျူး လွန်သူ(၃)ဦးတို့ကို ထုတ်ဖော်ဖမ်းဆီးရမိ၍ အရေးယူထားကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ညောင်ပင်ကုန်းရွာ နေဝင်းအောင်(၅၂)နှစ် သည် ဩဂုတ် ၂၁ ရက် ညနေ(၅)နာရီ ခန့်က ၎င်းပိုင် ဆိုင်ကယ်ဖြင့် နေအိမ်မှတစ်ဦးတည်း ထွက်သွားရာနေအိမ်သို့ပြန်လည်မရောက်သဖြင့် လိုက်လံရှာဖွေရာ ဩဂုတ် ၂၂ ရက်နံနက် ၆ နာရီ ခန့်၌ ဝင်းအောင်မှာ ဓါးဒဏ်ရာဖြင့် ၎င်းပိုင်လယ်ကွက် အတွင်း သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် အဆိုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါင်းတည်မြို့မရဲစခန်းက အမှုဖွင့်လှစ်ပြီးကျူးလွ န်သူတရားခံများကို ပူးပေါင်းအဖွဲ့များနှင့်အတူအမြန်ဆုံးရှာဖွေဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဩဂုတ် ၂၄ရက် တွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိကြောင်းသိရသည်။

၎င်းတို့အား ဆက်လက် စစ်ဆေးခဲ့ရာတွင် မသင်္ကာတရားခံဖြစ်ကြသည့် ပေါင်းတည်မြို့ ဘိုးသာအောင်ကုန်းအုပ်စု ကင်ပွန်းခြုံရွာနေ ကျော်ကြီး (ခ)ကျော်ကျော် (၄၆) နှစ် ၊ ကျော်ဆန်း (၃၄)နှစ် ၊ ဇော်မိုးအောင် (ခ) ငဇော် (၃၁) နှစ်တို့စစ်ဆေးရာ၎င်းတို့နှင့် လွန်ခဲ့သော ရက် (၂၀) နီးပါးခန့်က သေဆုံးသူပိုင်ဆိုင်သော လယ်ထဲတွင်ငါးရှဥ့်မြှုံးများထောင်သည့်ကိစ္စ နှင့် စကားများရန်ဖြစ်ခဲ့မှုအပေါ် မကျေနပ် အငြိုးထား၍ ဩဂုတ်၂၁ ရက် ည(၇)နာရီ ခန့်တွင် ဝင်းအောင်သည် လယ်ထဲရောက်ရှိလာရာ၌ ကိုင်းခုတ်ဓါးများဖြင့် ကျော်ကြီး ၊ ဇော်မိုးအောင်တို့မှ ဝင်းအောင်အားခုတ်သတ်ခဲ့ပြီး သေဆုံးသူ၏အလောင်းအား ကျော်ဆန်းနှင့်အတူ သယ်ဆောင်၍ သေဆုံးသူပိုင်ဆိုင်သော လယ်ကွက်စပါးခင်းအတွင်း ရေထဲ၌ စွန့်ပစ်ခဲ့ခြင်းဖြစ်​​ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပေါင်းတည်မြို့မှရဲစခန်းက ဥပဒေနှင့်အညီတရားဆွဲ တင်ပို့နိင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်းဇော်( မင်းသားကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပေါင်းတည်မြို့၌ လယ်ကွက်အတွင်းတွင် ဓါးဒဏ်ရာများနှင့်သေဆုံးမှုမှ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖော်ထုတ်ဖမ်းဆီးရမိ ပေါင်းတည်မြို့၌ လယ်ကွက်အတွင်းတွင် ဓါးဒဏ်ရာများနှင့်သေဆုံးမှုမှ ပြစ်မှုကျူးလွန်သူ သုံးဦးကို ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.