တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

 ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)
ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)ကို သြဂုတ်လ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲလောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ အဝေးကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်သွားလို့ တပ်မတော်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး တပ်ဖွဲ့မှာ အလုပ်လုပ်နေတဲ့ အရပ်သားဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

တပြိုင်တည်းမှာပဲ ပြင်ဦးလွင်မြို့အဝင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေ ပါမပါဆိုတာကို အိတ်စရေးစက်နဲ့ ဖြတ်ပြီး စစ်ဆေးတဲ့ စစ်ဆေးရေးဂိတ်လည်း ပစ်ခတ်ခံခဲ့ရပါတယ်။

မနက် ၇ နာရီကျော်လောက်မှာလည်း နောင်ချိုမှာရှိတဲ့ မူးယစ်ဆေးဝါးပူးပေါင်းစစ်ဆေးရေးဂိတ်ကို ပစ်ခတ်မှုတွေရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းနေရပါတယ်။

တိုက်ခိုက်ခံရမှု ၂ ခုလုံးကို ဘယ်လက်နက်ကိုင် အဖွဲ့က တိုက်ခိုက်ခဲ့လဲ ဆိုတာတော့ စိစစ်ဆဲ ဖြစ်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်တဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

BBC Burmese
https://www.bbc.com
တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ တပ်မတော်နည်းပညာတက္ကသိုလ်နဲ့ နောင်ချိုစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 12:55 Rating: 5
Powered by Blogger.