ကျောက်တော်နဲ့ မင်းပြားမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့

မင်းပြားမြို့နယ်ထဲ တိုက်ပွဲ ပြင်းထန်
ရခိုင်ပြည်နယ် ကျောက်တော်မြို့က အပေါက်ဝ ရဲစခန်းရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို မင်းပြားမြို့နယ်ထဲက လူသွားလူလာများတဲ့ ရန်ကုန်-စစ်တွေကားလမ် နရန်းလမ်းဆုံမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

တိုက်ခိုက်မှု ၂ ခုလုံးမှာ ထိခိုက်သေဆုံးတာ မရှိပေမယ့် ဒါဟာ ရခိုင်ပြည်နယ်ထဲမှာ ရဲတပ်ဖွဲ့ဟာ ရဲတွေရဲ့ အလုပ်ကို လုပ်ကိုင်ပြီး လူထုကို အနိုင်ကျင့် မနှိပ်စက်ကြဖို့၊ မြန်မာစစ်တပ်နဲ့ ပူးတွဲစစ်ဆင်ရေး မလုပ်ကြဖို့နဲ့ လုပ်မယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်မယ်လို့ ကြေညာချက်ထုတ်ပြီး ၂ ရက်အကြာမှာ တိုက်ခိုက်ခံခဲ့ရတာပါ။

တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော် (AA) ဘက်က တစုံတရာ ထုတ်ဖော် မပြောကြားပါဘူး။

ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားထိခိုက်မှု ၃၀ ကျော်လောက်ရှိနေပြီး ဒေသခံတွေကတော့ ဒီအပေါ် စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကျောက်တော်နဲ့ မင်းပြားမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ ကျောက်တော်နဲ့ မင်းပြားမှာ မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ Reviewed by THITHTOOLWIN on 12:57 Rating: 5
Powered by Blogger.