လှိုင်းဘွဲ-ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ တံတားတစ်စီးချဉ်းကပ်လမ်းပြိုကျမှုဖြစ်ပွား


ရှမ်းရွာသစ် ဩဂုတ် ၆

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် တောင်ကျရေများဝင်ရောက်တိုက်စားသဖြင့် ဩဂုတ် ၅ ရက် ည ၉ နာရီ ခွဲတွင် မဲသမူကျေးရွာအုပ်စုအတွင်းလှိုင်းဘွဲ-ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ် (29.2 -29.4)kmအကြားအရှည်(၁၉၅)ပေနှင့် အကျယ်(၃၀)ပေရှိ မိုးပျံတံတား ချဉ်းကပ်လမ်းရေတိုက်စားမှုကြောင့်ကတ္တရာလမ်းသား(၉)ပေ၊ အကျယ် (၂၀) ပေခန့်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါဖြစ်ပွားရာနေရာသို့မြို့အုပ်ချုပ်ရေးမှူးဉီးနိုင်ဝင်းအောင်၊ ရှမ်းရွာသစ် နယ်မြေရဲစခန်းမှတပ်ဖွဲ့ ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကိုစီမံဆောင်ရွက်သွားမည်ဖြစ်သည်။ ရေတိုက်စားမှုကြောင့်ကတ္တရာလမ်းပြိုကျမှုဖြစ်ပွားသဖြင့်လှိုင်းဘွဲ-ရှမ်းရွာသစ် လမ်းတွင်ယာဉ်ကြီး၊ ယာဉ်ငယ်များသွားလာမှုယာယီပြတ်တောက်လျက်ရှိပြီး လက်ရှိအချိန်တွင် ဆိုင်ကယ်များသာသွားလာ၍ရရှိလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လှိုင်းဘွဲ-ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ တံတားတစ်စီးချဉ်းကပ်လမ်းပြိုကျမှုဖြစ်ပွား လှိုင်းဘွဲ-ရှမ်းရွာသစ်ကားလမ်းပေါ်ရှိ တံတားတစ်စီးချဉ်းကပ်လမ်းပြိုကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.