ထိုင်း ဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန် မြန်မာနိုင်ငံသား ၁၀၃၉ ဦး ရှိပြီ


 မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်း နေရာရွှေ့ပြောင်းခဲ့ကြရသူတွေကို ထိုင်းအစိုးရက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကစလို့ မူလနေရပ် ပြန်လည်ပို့ဆောင်ပေးနေရာမှာ အခုထိ ၁၀၃၉ ဦးရှိပြီလို့ သိရပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်၊ ကန်ချနဘူရီ နဲ့ တပ်ခရိုင် မှာရှိတဲ့ ယာယီစခန်းတွေက မြန်မာဒုက္ခသည် ၃၁၀ ကို နောက်ဆုံးအသုတ်အဖြစ် ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးအသုတ်အဖြစ် ၂၀၁၆ အောက်တိုဘာလမှာ ၇၁ ဦး၊ ဒုတိယအသုတ်အဖြစ် ၂၀၁၈ မေလမှာ ၉၃ ဦး၊ တတိယအသုတ်အဖြစ် ဒီနှစ် ဖေဖော်ဝါရီလမှာ ၅၆၅ ဦး ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

နေရာရွှေ့ပြောင်းခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက ၁၉၈၄ ခုနှစ်ကစလို့ ယာယီခိုလှုံခွင့်ပြုခဲ့ပြီး၊ အခုအခါ ခရိုင် လေးခုက ယာယီစခန်း ကိုးခုမှာ လူဦးရေ တစ်သိန်းဝန်းကျင် ရှိနေပါတယ်။

နေရာရွှေ့ပြောင်းရသူ မြန်မာနိုင်ငံသားတွေ မူလနေရပ်ပြန်ရေးဟာ တစ်ဦးချင်းရဲ့ဆန္ဒအလျောက်ဖြစ်ပြီး၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိဖြစ်ဖို့ ထိုင်း နဲ့ မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM တို့ကလည်း နေရာရွှေ့ပြောင်းရသူတွေ မူလနေရပ်ပြန်ရေးလုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်ကူညီနေကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ